Posts

Showing posts from May, 2020

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁၀) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁၀) 1. I don’t know how to thank you/repay you. ကျေးဇူးတင်လိုက်တာ။ 2. (just) you wait! မင်း စောင့်ကြည့်ထားပေါ့ကွာ၊ (ထမင်းဝအောင်စားထားဆိုတဲ့ ခြိမ်းခြောက်စကားကဲ့သို့) 3. Life is hard at times. ဘဝက တခါတလေတော့ ခက်ခဲကြမ်းတမ်းတယ်ကွာ။ 4. It’s just a question of time. တချိန်ချိန်တော့ ဖြစ်မှာပါ။ "I have to search the key I've lost." ပျောက်နေတဲ့သော့ ရှာရမယ်။ "It’s just a question of time." တချိန်ချိန်တော့ တွေ့မှာပါ။ 5. Quick!  မြန်မြန်လုပ်ပါဟ၊ သွက်သွက်လုပ်ပါဟ။ "Quick! We’ll miss the bus!" သွက်သွက်လုပ်၊ ကားမမီဘဲနေမယ်။ 6. I’d hate you to go. မင်းကို မသွားစေချင်ဘူး။ (I'd hate (for) somebody to do something က သူများကို တစ်ခုခုမလုပ်စေချင်တာ) 7.  I hate to ask ပြောရတာအားနာပေမယ့်လေ "I hate to ask you this, but would you mind giving me a lift home?" ​ပြောရတာအားနာပေမယ့်လေ၊ ငါ့ကို အိမ်ပြန်ဖို့ လမ်းကြုံလေးခေါ်ပေးနိုင်မလား။ 8. I hate to interrupt  (စကား) ဖြတ်ပြောရတာအားနာပေမယ့်လေ "I hate to interrupt, but it’s urgent.&q

Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၉) (Htet Zaw Htoo)

Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၉) 1. no laughing matter စ (နောက်)စရာမဟုတ်ဘူးနော်။ 2. Don't laugh in my face! မထီမဲ့မြင်လာမလုပ်နဲ့။ မလေးမစားတော့လာမလုပ်နဲ့။ I'm giving some useful advice.  ငါက မင်းကို အကြံကောင်းတွေပေးနေတာနော်။ Don't laugh in my face! မလေးမစားတော့လာမလုပ်နဲ့။ 3. sure thing အေး ရတယ်၊ လုပ်ပေးမယ်။ ‘Can you pick me up later?’  ခဏနေ မင်း ငါ့ကိုလာကြိုပေးမလား။ ‘Sure thing.’ အေး ရတယ်လေ။ ကြိုပေးမယ်။ 4. Look before you leap! မလုပ်ခင်သေချာစဥ်းစားနော်။ 5. Look who’s here! ဒီမှာ ဘယ်သူရောက်လာလဲ ကြည့်ပါဦး။ (မျှော်လင့်မထားဘဲ တစ်ယောက်ယောက် ရောက်လာသည့်အခါ သုံးသည်) 6. (I’m) just looking. ဒီအတိုင်း လျှောက်ကြည့်တာပါ (မဝယ်ဘူး) ‘Can I help you?’  ဘာပေးရမလဲခင်ဗျာ။ ‘No, thanks. I’m just looking.’ ရတယ်၊ ကျေးဇူး၊ ဒီတိုင်းလျှောက်ကြည့်ရုံပါ။ 7. Jump to it!  အခုချက်ချင်းလုပ်ပေးပါ။ 8. In my book  ကျွန်တော့်အမြင်ကတော့ 'In my book, nothing is more important than education.' ကျွန်တော့်အမြင်ကတော့ ပညာရေးက အရေးကြီးဆုံးပဲ။ 9. My head is killing me. ခေါင်းတအားကိုက်နေတာ။ 10. He is rea

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၈) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၈) 1. Take it with a pinch of salt. နည်းနည်းချင့်ချိန်ပြီးမှယုံပေါ့။ 2. Thank heavens it’s Friday. သောကြာ‌နေ့မို့ တော်သေးတာပေါ့။ 3. Rumor has it that he was fired. သူအလုပ်ပြုတ်သွားတယ်လို့ (ကောလဟလ) ပြောကြတာပဲ။ 4. Don’t get me wrong. ငါ့ကို တလွဲမထင်ပါနဲ့။ 5. What a nonsense! ပေါက်ကရတွေ။ 6. Why is he so thick? ဒီကောင်ထူပိန်းလိုက်တာ။ 7. Been there, done that. ဒါမျိုးတွေ လုပ်ဖူးလို့ရိုးနေပြီ။ 8. So far, so good. ခုထိတော့ အဆင်ပြေတယ်‌ဟေ့။ 9. It never pays to tell a lie. လိမ်ပြောတာ ဘယ်တော့မှမကောင်း။ 10. There you go again. မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။  Apply them. Thanks  HZH Ref:  အင်္ဂလိပ်စာဗိုက်တာမင်ဆောင်းပါးများ အတွဲ ၁ (‌ဒေါက်တာစိုးသန်း)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၇) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၇) 1. Don't like a red rag to a bull. ငါ့ဒေါသကိုလာမဆွနဲ့နော်။ 2.No can do. မင်းခိုင်းတာကို လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။ "Sorry, Ko Zaw, no can do." ဆောရီး ကိုဇော်ရာ၊ မင်းခိုင်းတာကို ငါလုပ်ပေးဖို့မဖြစ်နိုင်ဘူး။ 3. can it! ပါးစပ်ပိတ်ပေးပါ၊ မဆူကြပါနဲ့။ 4. Let sleeping dogs lie. ပြောမနေနဲ့၊ ပြဿနာတက်ကုန်မှာစိုးလို့။ 5. Don’t make me laugh! ဟာသလာမလုပ်နဲ့နော်။ (တစ်ယောက်ယောက်က မမှန်တဲ့အရာတစ်ခုခုပြောတဲ့အခါ/ မဖြစ်နိုင်တဲ့အရာတစ်ခုကို တောင်းဆိုတဲ့အခါ ခွန်းတုံ့ပြန်ပြောဖို့သုံးသည်) "Please give me I-phone 11 pro max as a birthday present." မွေးနေ့လက်ဆောင်ကို I-phone 11 pro max လေး ဝယ်ပေးပါလား။ "Don't make me laugh!" ဟာသလာမလုပ်နဲ့နော်။ 6. You will be laughing on the other side of your face. မင်းတော့အရယ်သန်နေတယ်ဟေ့၊ မကြာခင်ငိုရတော့မလားပဲ။ 7. My lips are sealed! စိတ်ချ၊ (လျှို့ဝှက်ချက်ကို) ဘယ်သူ့မှမပြောဘူး။ 8. Let's walk it. ကဲ ကုန်းကြောင်းလျှောက်ကြစို့။ 9. The sky’s the limit. ကြိုးစားပါ၊ အောင်မြင်မှုက အဆုံးမရှိ။ 10. I’ll kno

Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၆) (Htet Zaw Htoo)

Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၆) 1. I’ll see what I can do. ငါကူနိုင်တာကူပေးမယ်။ 2. rain or shine နေပူပူ မိုးရွာရွာ "I'll be there - rain or shine." နေပူပူ မိုးရွာရွာ ငါအဲ့မှာရှိနေမှာပါ။ 3. I don’t feel too hot/so hot/very hot. တအားကြီးမဖျားပါဘူး။ 4. A nod’s as good as a wink. တည့်(ဒဲ့)မပြောလည်း ငါနားလည်ပါတယ်။ 5. Not so fast. ဆန္ဒမစောနဲ့၊ မလောနဲ့။ Not so fast. We’ve got to prove it first, haven’t we? မလောနဲ့၊ ငါတို့အရင်ဆုံးသက်သေပြရဦးမယ်မလား။ 6. Fire away! (မေးခွန်း) ဖြေဖို့အသင့်ပါ။ ‘Do you mind if I ask you something, Su Su?’ စုစုရေ တစ်ခုလောက်မေးလို့ရမလား။ ‘Fire away.’ ဖြေဖို့အသင့်ပဲ။ 7. Hold your tongue. သူများတွေကိုလျှောက်မပြောနဲ့နော်။ 8. Talk about lucky. ကံကောင်းပုံများ ပြောပြဦးမယ်။ Talk about lucky. ကံကောင်းချက်များပြောပြဦးမယ်။ That’s the second time he’s won this week! ဒီအပတ်ထဲမှာကို သူနိုင်တာ ၂ ခါမြောက်ပဲ။ 9.Get moving. မြန်မြန်လုပ်ပါဟ။ 10. He doesn't have much up top. သူက ဥာဏ်တော့သိပ်မကောင်းဘူး။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၅) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၅) 1. Don't talk rubbish! မဟုတ်တာတွေလျှောက်​မပြောနဲ့။ 2. You talk my ear off. မင်း စကားတော်တော်များတာပဲ။ 3. Where's the boys' john? ယောကျ်ားလေးအိမ်သာဘယ်နားမှာလဲ။ 4. My father is hopping mad. ငါ့အဖေတော့ ယမ်းပုံမီးကျဖြစ်နေပြီ၊ (တအားဒေါသထွက်နေပြီ) 5. He's a social misfit. သူက လူ့ခွစာရယ်၊ (ဘယ်သူနဲ့မှတည့်ဘူး) 6. Feel free! ကြိုက်တာလုပ်နော်။ ‘Could I use your phone for a minute?’ ဖုန်းလေး တစ်မိနစ်လောက် သုံးပါရစေ။ ‘Feel free.’ စိတ်ကြိုက်သုံးနော်။ 7. I know (just/exactly) how you feel. ငါနားလည်ပါတယ်ကွာ၊ ငါကိုယ်ချင်းစာတယ်ကွာ။ 8. I just don’t feel quite myself. ငါ ခါတိုင်းလို မဟုတ်ဘူး၊ နေလို့သိပ်မကောင်းဘူး/ သိပ်မပျော်ဘူး။ 9. My bad! ငါ မှားတာ၊ ငါ့အပြစ်။ 10. I'm on the horns of a dilemma. ငါတော့ စုပ်လည်းဆူး၊ စားလည်းရူးတော့ဖြစ်ပြီဟေ့။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၄) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၄) 1. I don’t see why not အေးရတယ်၊ လုပ်လို့ရတယ်။ ‘Can we go to the park?’ ကျွန်တော်တို့ပန်းခြံသွားလို့ရမလား။ ‘I don’t see why not.’ ရတာပေါ့၊ သွားသွား။ 2. I’ll see you right. မင်းလိုသလောက် (ပိုက်ဆံ) ပေးမယ်။ Just do this for me and I’ll see you right. ငါ့ဖို့အဲ့တာသာလုပ်ပေးပါ၊ မင်းလိုသလောက်ပေးမယ်။ 3. be sick (and tired) of (doing) something (တစ်ခုခု) လုပ်ရတာ သည်းမခံနိုင်တော့ဘူး/ ငြီးငွေ့နေပြီ။ I’m sick and tired of your excuses. မင်းရဲ့ဆင်ခြေစကားတွေကို ငါသည်းမခံနိုင်တော့ဘူး။ 4. Walls have ears! လူတွေကြားကုန်မယ် တိုးတိုး။ 5. What of it? အဲ့ဒီတော့ဘာဖြစ်လဲ။ ‘Your room looks a real mess, Htet Zaw Htoo.’ မင်းအခန်းက တကယ်ကို ရှုပ်ပွနေတာ ထက်ဇော်ထူးရ။ ‘What of it?’ အဲ့တော့ဘာဖြစ်လဲ။ 6. so long! ဘိုင့်ဘိုင်နော်။ 7. Don’t go there! အဲ့အကြောင်း မပြောနဲ့/ မတွေးနဲ့။ 'Your oldflame is having a child." မင်းရည်းစားဟောင်းလေး ကလေးရနေပြီ။ "Don't go there!" အဲ့အကြောင်းမပြောနဲ့။ 8. No sweat ဒါလေးများ (လွယ်လွယ်လေး) 9. Mind! သတိထားနော်။ Mind you don’t

Lest ကို ဒီလိုသုံးလို့ရတယ် (Htet Zaw Htoo)

Image
Lest ကို ဒီလိုသုံးလို့ရတယ် lest you forget we haven't talked since this morning.... မင်းမေ့နေမှာစိုးလို့ ဒို့တွေ စကားမပြောဖြစ်တာ ဒီနေ့မနက်ကတည်းက... (ဆရာဒေါက်တာစိုးသန်း၏ကဗျာတစ်ပုဒ်မှ) မင်းမေ့နေမှာစိုးလို့၊ သူများမြင်မှာစိုးလို့၊ ကြောက်နေမှာစိုးလို့ စသဖြင့် (တစ်ခုခု)ဖြစ်မှာစိုးလို့ ဆိုတာကို English မှာ lest ဆိုတဲ့ Conjunction လေးနဲ့ ပြောလို့ရတယ်။ worried/concerned/anxious etc lest ... ဒီလို ပုံစံလေးနဲ့ ပြောလို့ရတယ်။ e.g. He paused, afraid lest he say too much. အများကြီးပြောမိမှာစိုးလို့ သူရပ်လိုက်တယ်။ She worried lest he should tell someone what had happened. ဖြစ်ခဲ့တာတွေကို သူက သူများတွေကိုလျှောက်ပြောပစ်မှာစိုးတာ။ Afraid lest you would be in a sulk, I stay silent. မင်းစိတ်ကောက်မှာစိုးလို့ ခပ်တိတ်တိတ်ပဲနေပါတယ်။ Apply it. Thx HZH Ref: LDOCE 5

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃) (Htet Zaw Htoo)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ ၃ 1. hang on a sec/hold on a sec/just a sec etc ခဏစောင့်ပါ၊ (ဖုန်း) ခဏကိုင်ထားပါ။ 2. I can’t hear myself think. ဆူလိုက်တာကွာ (ဘာမှကိုမကြားရဘူး) 3. I’ll be right back in one minute. တစ်မိနစ်အတွင်း ပြန်လာမယ်နော်။ 4. OK, it’s a deal. အိုကေ သဘောတူတယ်။ 5. Cut the crap. ပေါက်တက်ကရတွေပြောမနေနဲ့။ 6. It's all go around here. ဒီမှာက အလုပ်တအားများတယ်။ 7. it’s no use doing something (တစ်ခုခု) လုပ်လည်းဘာမှမထူးဘူး။ It's no use complaining. စောဒကတက်လည်း ထူးမှာမဟုတ်။ 8. wait and see ခဏစောင့်ကြည့်ပါဦး။ "What's for dinner?" ညစာဘာချက်။ "Wait and see." ခဏလေးစောင့်ကြည့်။ 9. Oh dear!/Dear oh dear! (also Dear me!) အို ဖြစ်မှဖြစ်ရလေ။ 10. I wonder if/whether = may I (တစ်ခုခု) လုပ်လို့ရမလားခင်ဗျာ/ရှင်။ I wonder if I might have a drink? သောက်စရာတစ်ခုခုလောက်ရနိုင်မလားခင်ဗျာ။ Thx Apply it. HZH Ref: LDOCE 5

Speaking မှာထည့်သုံးနိုင်တဲ့အသုံးလေးတွေ (၂) (Htet Zaw Htoo)

Speaking မှာထည့်သုံးနိုင်တဲ့အသုံးလေးတွေ (၂) 1. never say die လက်မလျှော့နဲ့၊ ဆက်ကြိုးစား။ 2. Cat got your tongue? ငြိမ်ချက်သားကောင်းလှချည်လား၊ ဘာလို့စကားမပြောလဲ။ 3. make yourself at home. ကိုယ့်အိမ်လိုသဘောထားနော်။ 4. that’s (past/ancient) history. အဲ့တာက သမိုင်းမှာကျန်ခဲ့ပြီ၊ (အရေးမပါတော့ဘူး) 5. Afraid lest you should forget it. မင်းမေ့သွားမှာစိုးလို့။ 6. Let’s see the color of your money first.’ မင်းမှာပိုက်ဆံ (လုံလုံလောက်လောက်) ပါလားအရင်ပြ။ 7. that’s life (also such is life) ဘဝဆိုတာဒီလိုပါပဲကွာ။ (ဆိုးရွားတဲ့ စိတ်ညစ်စရာအရာတစ်ခုကို လက်ခံလိုက်ရသည့်အချိန်တွင်ပြောသည်) 8. How’s life been with you? ဘယ်လိုလဲ အဆင်ပြေရဲ့လား။ 9. easy go, easy come. လွယ်လွယ်ရတဲ့ပိုက်ဆံ လွယ်လွယ်ကုန်တာပဲ။ 10. same here! အတူတူပဲ။ e.g. "I'm exhausted." ပင်ပန်းလိုက်တာ။ "Same here." အတူတူပဲဟေ့။ Thx Apply it. HZH Ref: LDOCE 5

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁) 1. I wasn’t born yesterday. ငါက သူငယ်နှပ်စား မဟုတ်ဘူးနော်။ 2. There’s one born every minute. သူက ခပ်တုံးတုံးရယ်၊ လွယ်လွယ်နှပ်လိုက်လို့ရတယ်။ 3. let’s get this show on the road. အလုပ်စဖို့အချိန်ကျပြီ၊ (ခရီး) စထွက်ဖို့အချိန်ကျပြီ။ 4. Don't sweet-talk. မြှောက်ပြောမနေနဲ့။ 5. Do it willy-nilly. စိတ်ပါပါ၊ မပါပါ (ကြိုက်ကြိုက် မကြိုက်ကြိုက်) လုပ်လိုက်ပါ။ 6. He's a know-it-all. သူက သူသိသူတတ်ရယ်။ 7. What gets me is their attitude. ငါစိတ်ပျက်တာ သူတို့ရဲ့စိတ်ဓာတ်တွေပဲ။ 8. I feel off colour. ငါ သိပ်နေလို့မကောင်းဘူး။ 9. I was feeling a bit peckish. ဗိုက်နည်းနည်းဆာတယ်။ 10. He is no spring chicken. သူကကလေးမဟုတ်တော့ပါဘူးဟ။ Thx Apply it. HZH Ref: LDOCE 5

အချစ် (မောင်စိန််ဝင်း ပုတီးကုန်း) translated by Saya Dr. Soe Than

Image
Love there's no calendar date and time not known there's no clock time not in sync with seasons ageless an everlasting ray a streamlet of our live....

10 Ways to Say Someone is Talented (ဒေါက်တာစိုးသန်း)

10 Ways to Say Someone is Talented အရမ်းတော်တာပဲ...အရမ်းကြွမ်းကျင်တာပဲ...ကိုပြောပုံများ ဒီ topic နဲ့ပတ်သက်လို့ ဝါကျလေးတွေကို မလေ့လာမှီ အဲဒီဝါကျလေးတွေထဲမှာတွေ့ရမယ့် vocabulary words လေးတွေစမှတ်ကြရအောင်..... natural (adjective)= သဘာဝကျသော၊ သဘာဝတရားနှင့်ဆိုင်သော natural (noun)= အလွန်အမင်းကြိုးစားအားထုတ်စရာမလိုပဲ တစ်ခုခုကိုလွယ်ကူစွာနှင့်လုပ်ဆောင်နိုင်သူ၊ အံဝင်ဂွင်ကျအောင်လုပ်နိုင်သူ (ဇ ပါလာပြီးသား) encyclopedia (noun)= စွယ်စုံကြမ်း talent (noun)= ထူးချွန်မှု၊ ထူးခြားသောအရည်အချင်း၊ ပါရမီ talented (adjective)= ထူးချွန်သော၊ ပါရမီပါလာသော gift(noun)= လက်ဆောင် gifted (adjective)= တမူမတူအောင်ထူးချွန်သော။ ပါရမီရှိသော (သူ့အား ထိုအရည်အချင်းကို ဘုရားက မွေးကတည်းက ပေးလိုက်သည့်ပမါ) whiz(noun)= wizard= မှော်ဆရာလေး၊ ပါရမီရှင် ကဲပြောရမယ့် ဝါကျလေးတွေစလိုက်ရအောင်.... 1. someone was born to + Verb သူဟာ ဒါလုပ်ဖို့အတွက်မွေးဖွားလာတာ Collectors pay a very high price for U Ba Kyi's paintings. He was born to paint. ပန်းချီကားစုဆောင်းသူတွေဟာ ဦးဘကြည် ရဲ့ကားတွေကို ဈေးကြီးပေးဝယ်ကြတယ်။ သူဟာ ပါရမီရှင်ပန်းချီဆရာကြီ

ဘဝ (လူခက်) translated by Dr.Soe Than

Image
Life... just four letters when written on a piece of paper; when spread out on the main road it's an unending journey.

ကဗျာ

Image
ကိုမင်းကိုနိုင် ရဲ့စာကိုကြိုက်လို့ဘာသာပြန်လိုက်တယ်။ မြန်မာ အတွေးကို အင်္ဂလိပ်လို ဘယ်လိုဘာသာပြန်တယ်ဆိုတာကို ဘာသာပြန်တာဝါသနာပါတဲ့ ဒီက စာဖတ်သူတချို့နဲ့မျှဝေချင်တာကြောင့်သာဖြစ်တယ်။ နိုင်ငံရေး political affiliation နဲ့မဆိုင်ပါဘူး။ In this mundane life where... - the blind man has to apologize but it's the spectacles that ran into the other; - echoes always rattle out louder than the man-made sounds; - ripples outnumber the pebbles that dropped into water; - what's more, the amount of this life-loan is far greater upon paying back than when it was taken. Translated by Soe Than

Toss and turn (ဒေါက်တာစိုးသန်း)

Image
TOSS AND TURN "အိပ်လို့မရ ညကြီးမင်းကြီး ထပြီးထိုင်နေ မွေ့ယာတွေလည်း ကြေမွတွန့်လိပ် သိပ်စိတ်ညစ်တယ်.......... .................." ကဗျာဆရာမကြီး ဒေါ်ကြည်အေးရဲ့ 'တစ္ဆေ' ကဗျာထဲက စာသားလေးတွေ။ RC 2 မှာကျောင်းစတက်တော့ အတွဲမိဆုံး သူငယ်ချင်း ကိုညွန့်ဝေ (ဆရာ ညွန့်ဝေမိုး) က တရက် မနေ့ညကအိပ်မပျော်ဘူးဗျာ လို့ canteen မှာသူနဲ့ထိုင်နေတုန်းပြောလိုက်တော့ သူက အဲဒီ စာသားလေးတွေ ပြုံးပြီးရွှတ်ပြခဲ့တာမှတ်မိနေတုန်းပါ..... Tossing and turning.. ညဖက် အိပ်ယာထဲမှာ စိတ်ဖိစီးမှုကြောင့် စိတ်သောကရောက်နေမှုကြောင့် တခုခုကြောင့် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် အိပ်လို့မပျော်တာ ....ဖြစ်ဖူးကြလား။ coffee တို့ လ္ဘက်သုပ်တို့ များသွားလို့လည်းဖြစ်မှာပေါ့။ ပြောချင်တာက အဲလိုမျိုး အိပ်လို့မပျော် အိပ်ယာထဲမှာ ဘယ်လှိမ့်လိုက် ညာလှိမ့်လိုက်ဖြစ်နေတာကို အင်္ဂလိပ်စာမှာ TOSSING AND TURNING လို့သုံးတယ်။ I was tossing and turning the whole night; the fact that I have to give a speech on the stage kept me awake. ငါ တညလုံး ဟိုလှည့်ဒီလှည့်နဲ့ပဲ၊ စင်မြင့်ပေါ်မှာ မိန့်ခွန်းပြောရမယ်ဆိုတာကြီးကြောင့် အိပ်လို့ကိုမရ

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)

Image
အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) အင်္ဂလိပ်စာမှာ idiom အသုံးဆန်းတွေအများကြီးပါပဲ။ တချို့ idiom တွေဟာ ယဉ်ကျေးမှုခြင်းမတူလို့ အသုံးပြုရတဲ့ context ဟာ limited ဖြစ်တာတွေကြောင့်မို့ မြန်မာကျောင်းသားများအတွက် နားလည်ရခက် ခံစားရခက်တာတွေဖြစ်နိုင်ပါတယ်။ the whole nine yards တို့ catch 22 တို့လို idiom မျိုးတွေ ဥပမာကြည့်ပါ။ မြန်မာကျောင်းသားတွေအတွက် user friendly မဖြစ်တဲ့ idiom တွေပါ။ သို့သော် ဒီနေ့ ဒီpost မှာ တင်ပြပေးချင်တာက ကိုယ့်ရဲ့ မြန်မာစကား အသုံးအနှုန်းမှာလည်း ခပ်ဆင်ဆင်ရှိပြီးသားမို့ မှတ်လို့လည်းလွယ်နိုင်မဲ့ အသုံးများတဲ့ လှပတဲ့ အင်္ဂလိပ် idiom လေးတချို့ဖြစ်ပါတယ်။ ကဲ...စလိုက်ကြစို့။ ၁။ ကိုယ့်စကားမှာ "မင်းဟာ မရောင်ရာဆီလူးနေတာပဲ" "ခုတ်ရာတခြား ရှရာတခြားဖြစ်နေပြီ" ဆိုပြီး တလွဲဖြစ်နေတာကိုညွှန်ပြချင်ရင် သုံးကြတယ်။ အဲလိုမျိုး အင်္ဂလိပ် idiom က... barking up the wrong tree တဲ့။ ခွေးက သစ်ပင်မှားပြီးဟောင်နေသလို။ သူလိုက်ဖမ်းနေတဲ့ သားကောင်လေးက ဟိုဖက်သစ်ပင်ထဲ ခုန်ပြေးပြီး ပုန်းနေတာကိုမသိပဲ ခွေးကဒီအပင်ကိုပဲမော့ကြည့်ပြီးဟောင်နေတာ။ မင

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၂) (ဒေါက်တာစိုးသန်း))

Image
အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၂) ကဲ ... ကိုယ့်မြန်မာစာမှာ ဆင်တူရိုးမှားအသုံးတွေရှိပြီးသားမို့ မြန်မာကျောင်းသားတွေအတွက် မှတ်ရလွယ်ကူစေပြီး အသုံးများလို့ သိထားသင့်တဲ့ နောက်ထပ် idiom လေး ငါးခုကို နမူနာဝါကျလေးတွေနဲ့ လေ့လာကြည့်ကြပါစို့။ ၆။ ဟော ...မင်းတော့ အသက်ရှည်ဦးမယ်၊ သေခဲဦးမယ်၊ ခုပဲမင်းအကြောင်းကို တို့တွေပြောနေကြတာ....လို့ သူငယ်ချင်းတစ်ယောက် ကိုယ်တွေသူ့အကြောင်းပြောနေကြတုန်း ပေါက်ချလာရင်ပြောကြတယ်နော်။ အင်္ဂလိပ်စာမှာလည်း အဲဒီလိုမျိုး အဓိပ္ပါယ်တူ speaking မှာ အရမ်းအသုံးများတဲ့ idiom က... Speak of the devil. တဲ့။ Talk of the devil. လို့လည်းပြောင်းသုံးကြတယ်။ devil ဆိုတာ နတ်ဆိုး၊ မကောင်းဆိုးဝါးပါ။ ဒီ idiom ဟာ "Speak of the devil and he doth appear." ဆိုတဲ့ စကားပုံကနေဆင်းသက်လာတာပါ။ ဥပမာ dialogue လေးကြည့်ပါ။ A: Hi, guys, sorry I'm late. ဟေး၊ သူငယ်ချင်းတို့၊ ငါနောက်ကျသွားတယ်၊ sorry ပါ။ B: Well, speak of the devil! We were talking about you just now. အေး မင်းတော့ အသက်ရှည်ဦးမယ်။ ခုပဲ တို့တွေ မင်းအကြောင်းကိုပြောနေကြတာ။ ရ။ ဟိုဘက်

လူငယ်တို့ ကြီးပွားတိုးတက်ဖို့....(​ဒေါက်တာစိုးသန်း)

For the youth to become prosperous.... လူငယ်တို့ ကြီးပွားတိုးတက်ဖို့.... 1. Seek education as much as possible. ပညာကို တတ်နိုင်သမျှများများရှာပါ။ 2. Never stay idle. ဘယ်တော့မှ အလဟဿမနေပါနဲ့။ 3. Be economical and try to save money. အပိုမသုံးချွေတာသုံး၍ ပိုက်ဆံစုပါ။ 4. Be punctual for all appointments. ချိန်းဆိုထားသည့်ကိစ္စများ အချိန်မှန်ပါစေ။ 5. Know your strengths and weaknesses. မိမိ၏ အားသာချက်များ အားနည်းချက်များကိုသိနားလည်ပါ။ 6. Never give a promise that you cannot keep. ကတိကို မတည်နိုင်ရင် မပေးပါနဲ့။ 7. Once you've promised, keep your word. ကတိပေးပြီးလျှင် တည်ပါစေ။ 8. Talk less and do more. အပြောကိုလျှော့ပြီး အလုပ်ကိုပိုလုပ်ပါ။ 9. Be responsible. တာဝန်သိတတ်ပါ။ 10. Be kind and sympathetic to everyone. လူတိုင်းကို သနားကြင်နာ ထောက်ထားညှာတာပါ။ 11. Be grateful. ကျေးဇူးသိတတ်ပါ။ 12. Never argue with your bread and butter. ကိုယ့်အလုပ် ထမင်းရှင်နှင့် ငြင်းခုံရန်ဖြစ်ခြင်းမပြုနှင့်။ 13. Practise monogamy. တလင် တမယားစနစ်ကျင့်သုံးပါ။ 14. Always practise honesty and humility. အမြဲ ရိုးသား နှိ

ကျွန်တော်လိုချင်တဲ့ အင်္ဂလိပ်စာဆရာ(ဒေါက်တာစိုးသန်း)

Image
ကျွန်တော်လိုချင်တဲ့ အင်္ဂလိပ်စာဆရာ ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်မှာ သူများတွေကို အင်္ဂလိပ်စာ ဝါသနာအရသင်ပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်၊ ဘန်ကောက်က Chulalongkorn တက္ကသိုလ်၊ ပြီးတော့ England က University of Nottingham စတဲ့ကျောင်းကောင်းတွေမှာ ပညာတွေသင်ခွင့်ရခဲ့တယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားလေးဘဝနဲ့ ဒီတက္ကသိုလ်ကြီးတွေမှာကျောင်းသားဘဝနှစ်ခုပေါင်းကြည့်ရင် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စာဆရာအရေအတွက်က မနည်းပါဘူး။ အခုလက်ရှိ ဘန်ကောက်က Assumption University မှာပဲ ကျွန်တော့်ရဲ့ လုပ်သက်က နှစ် ၂၀ ကျော်နေပြီ။ ကျွန်တော် ဒီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားတာလည်း နှစ် ၂၀ နီးပါးရှိပြီ။ လုပ်ရတဲ့ အလုပ်တွေက သင်ရိုးညွှန်းတန်းဆွဲတာ၊ course level အလိုက်သင်နေတဲ့ဆရာတွေကို supervise လုပ်ရတာ၊ စာမေးပွဲမေးခွန်းတွေကို ကြီးကြပ်တာနဲ့ အထူးသဖြင့် teacher training လို့ခေါ်တဲ့ ဆရာအသစ်တွေ၊ လုပ်သက်နုသေးတဲ့ဆရာတွေကို ထပ်မံလေ့ကျင့်သင်ကြားပေးရတဲ့ teacher trainer အလုပ်ပါ။ ဒါ့ကြောင့် ဒီနှစ်ပေါင်းများစွာအတွင်းမှာ ခရီးတွေအများကြီးသွားခဲ့ရ၊ လူမျိုးပေါင်းစုံ ဆရာတွေနဲ့ နီးနီးကပ်ကပ

feedback given by Saya Dr.Soe Than

Image
စာအုပ်တစ်အုပ်ဖြစ်အောင် ရေးသားပြုစုရတာ မလွယ်ဘူးဆိုတာရေးဖူးသူတွေသိကြမှာပါ။ စာလုံးပေါင်းအမှား ကင်းစင်အောင် ဂရုစိုက်ရတာလည်း စာရေးသူတစ်ဦးရဲ့ တာဝန်ပါပဲ။ ကျွန်တော့်ရဲ့ "English Speaking အတွက် နေ့စဉ်သုံးဝါကျများ" စာအုပ်ထဲက ဝါကျနံပါတ် ၆၉ နဲ့ပတ်သက်လို့ စာဖတ်သူများက ခဏခဏမေးခွန်းမေးကြတာ သတိထားမိပါတယ်။ မှားနေတယ်ထင်တယ်။ ဘာသာပြန်တာ မှားနေတယ်...စသည်ဖြင့်ပြောကြပါတယ်။ ရေးပေးထားတဲ့ ဝါကျက... 69. I couldn't agree with you more. မင်းပြောတာ ငါ လုံးဝသဘောတူပါတယ်။ ဒီနေ့လည်း ဆရာတော်တစ်ပါးက စာမျက်နှာ တစ်ဝက်ကို screen shot ရိုက်ပြီး ထပ်မေးလာလို့ comment မှာ ပြန်ရှင်းပြခဲ့ပါတယ်။ 📌ဆရာတော့်အမေး ဆရာ... No.69 မှာ ဘာသာပြန် ဒီအတိုင်းပဲလား? couldn't agree ကို သ​ဘောတူ ဆို​တော့ typing error များလားလို့.... Thanks in advance. 📌ကျွန်တော့်အဖြေ error မဟုတ်ပါဘူး ဘုရား တပည့်တော်ရေးထားတဲ့အတိုင်းပဲ မှန်ပါတယ်။ I don't agree with you. နဲ့ I can't agree with you. ဆိုရင်တော့ "မင်း ကို ငါ သဘောမတူဘူး" သို့သော် I couldn't agree with you more. ဆိုတာ လုံးဝ ရာနှုန်းပြည့် သဘောတူပြီးသားဖြစ်လို့ ဒီထက

ငြင်းတယ်လို့မှတ်မှာလား..... (ဒေါက်တာစိုးသန်း)

Image
ငြင်းတယ်လို့မှတ်မှာလား..... ဒီလိုအပြိုင်အဆိုင်ကြီးမားလှတဲ့ခေတ်ကြီးမှာ အင်္ဂလိပ်စာကောင်းကောင်းတတ်သူဟာ သူများထက်ရှေ့ကိုပိုပြီးထိုးဖေါက် ခရီးရောက်နိုင်တာကို သိကြလို့ မြန်မာကျောင်းသားလူငယ်တွေ အင်္ဂလိပ်စာနဲ့ စကားပြောကို သဲသဲမဲမဲလေ့လာနေကြတာကို ဒီတစ်ခေါက် ရန်ကုန်ပြန်တဲ့ခရီးမှာ သတိထားမိတယ်။ English speaking သင်တန်းတွေတက်ကြ၊ အင်္ဂလိပ်စာ စာအုပ်တွေတော်တော်ဝယ်ဖတ်ကြတာ တွေ့ခဲ့ရတယ်။ သို့သော် သတိပြုစေချင်တာက သွက်လက်တဲ့ သဘာဝကျတဲ့ (fluent and natural) အင်္ဂလိပ်စကားပြောစွမ်းရည်ကို အပိုင်လိုချင်ရင်တော့ Speaking သင်တန်းတွေ၊ စာအုပ်တွေနဲ့တော့ မလုံလောက်ပါဘူး။ exposure များများရအောင် expressions တွေကိုများများမြင်ဖူး ကြားဖူးအောင် အင်္ဂလိပ်စာပေ (ဝတ္ထုတို၊ ဆောင်းပါး၊ စာအစုံ) ကိုပါတွဲဖတ်၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေနာနာကြည့်၊ အင်္ဂလိပ်လိုလည်းနေ့စဉ်ပြောတာမျိုးတွေ လေ့ကျင့်ယူရပါလိမ့်မယ်။ သဒ္ဒါနဲ့ စာပေကိုပါတွဲလေ့လာမှ four skills ထဲမှ ဘယ်skill ကိုအလေးပေးလေ့ကျင့်ချင်သည်ဖြစ်ပါစေ၊ တိုက်ရိုက်အကျိုးပြုတာ သေချာပါတယ်။ Speaking စာအုပ်အဆင့်လောက်နဲ့ ရပ်မနေဘဲ စာပေကိုတွဲဖတ်မှ exposure များများရမှ ဘာသာစကားရဲ့ သော့ချက် &

နေနဲ့လ အင်္ဂလိပ်စာ (ဒေါက်တာစိုးသန်း)

နေနဲ့လ အင်္ဂလိပ်စာ ဒီနေ့မနက် အလုပ်ကို အမြန်လမ်းပေါ် ကားမောင်းသွားနေတုန်း ဘာကြောင့်ရယ်မသိ ကိုယ်တွေငယ်ငယ်က နာမည်အရမ်းကြီးခဲ့တဲ့ အဆိုတော်ကြီး Playboy သန်းနိုင်ရဲ့ ပကာသနဇာတ်ပျက်သမား ဆိုတဲ့သီချင်းရဲ့ စာသားအပိုင်းအစလေးတွေ စိတ်ကူးထဲပေါ်လာတယ်.... " နေရယ်လရယ်ဆိုတာ အချိန်အခါရှိပါတယ်နော် နေ့ခင်းမှာ လ မသာ၊ ညဦးဖက် နေမထွက်ပါ"🎶🎵🎶 သိပ်ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုယ်တွေရဲ့ အထက် ဟိုးအမြင့်ကြီးမှာရှိနေကြပြီး ကလေးဘဝကတည်းက မော့ကြည့်မိတိုင်း စိတ်ကူးယဉ်စရာတွေ၊ အတွေးလေးတွေများစွာပေးလေ့ရှိတဲ့ မိုးကောင်းကင်ပေါ်က ဝိုင်းစက်နေတဲ့ နေမင်းကြီးနဲ့ ဖိုးလမင်းကြီးတို့ အကြောင်း the Sun and the Moon နဲ့ပတ်သက်တဲ့ အသုံးများလို့ သိထားသင့်တဲ့ စကားအသုံးအနှုန်းလေးတွေ၊ စကားပုံလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပါ့မယ်။ ကိုယ်တို့ မြန်မာစာမှာ နေမြင့်လေ အရူးရင့်လေ ခွေးရူးကောင်းစား တစ်မွန်းတည့် နေရိပ်လို နေပူကစောင့် နေနှင့်လ၊ ရွှေနှင့်မြ လသာတုန်း ဗိုင်းငင် .. စသည်ဖြင့်စကားပုံတွေရှိသလို အင်္ဂလိပ်စာမှာလည်း sun နဲ့ moon ပါတဲ့နေ့စဉ်သုံး အင်္ဂလိပ်စကားမှာ အသုံးအမျိုးမျိုးရှိကြပုံကို လေ့လာကြပါစို့။ 🌞Sun နဲ့ သက်ဆိုင်တာလေးတွေ