Posts

Showing posts from September, 2020

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၄) (HZH)

Image
  လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၄) Much, Many & A lot of We use ‘much’ with singular (uncountable) nouns and ‘many’ with plurals. ‘much’ ကို ‘ရေတွက်လို့မရတဲ့ uncountable noun’ များနဲ့ သုံးရပြီးတော့ ‘many’ ကို ‘plurals အများကိန်းနာမ်’ များနဲ့ သုံးရပါတယ်။ How much time have you got? How many tickets do you need? ‘Much’ and ‘Many’ are most common in negatives and questions and after ‘so, as, too and very’. ‘Much’ နဲ့ ‘Many’ ကို ‘အငြင်းစာကြောင်းများနဲ့ မေးခွန်းများ၊ ပြီးတော့ so, as, too, very တို့ရဲ့နောက်မှာ” အသုံးများပါတယ်။ In other affirmative sentences, we generally use ‘a lot of , lots of of plenty of’. အငြင်း၊ မေးခွန်းမဟုတ်တဲ့စာကြောင်းတွေမှာတော့ ‘‌a lot of, lots of, plenty of’ တို့ကို သုံးပါတယ်။ ‘‌a lot of, lots of, plenty of’ တို့ကိုတော့ countable ရော၊ uncountable နဲ့ရော အသုံးပြုနိုင်ပါတယ်။ ‘Do you have much trouble with English?’   ‘I don’t have much trouble speaking, but I have lots of difficulty writing’. ‘Are there many opera houses in Londo

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၃) (HZH)

Image
လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၃) Structures with ‘get’ ‘Get’ ကို ပုံစံ (၄)မျိူးနဲ့ သုံးနိုင်ပါတယ်။ get + direct object get ရဲ့နောက်မှာ direct object အသုံးပြုရင် ‘receive, obtain, fetch, buy’ ‘လက်ခံရရှိသည်၊ ယူဆောင်သည်၊ ဝယ်ယူသည်’ စတဲ့ အဓိပ္ပါယ်ရပါတယ်။ I got a book from my friend as a birthday present. ကျွန်တော် သူငယ်ချင်းဆီကနေ မွေးနေ့လက်ဆောင်အဖြစ် စာအုပ်တစ်အုပ်ရခဲ့တယ်။ get + adjective ‘get’ ရဲ့နောက်မှာ adjective လိုက်ရင် ‘become’ ‘ဖြစ်လာသည်’ ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ My English is getting better. ကျွန်တော့် အင်္ဂလိပ်စာအရည်အသွေး ပိုကောင်းလာတယ်။ It gets dark very early in winter. ဆောင်းရာသီမှာ မှောင်တာစောတယ်။ get + adverb particle/ preposition ‘get’ ရဲ့နောက်မှာ adverb particle/ preposition လိုက်ပြီး ‘move, change position’ ‘ရွှေ့သည်၊ နေရာရွှေ့သည်’ လို့ အဓိပ္ပါယ်နဲ့လည်း သုံးပါတယ်။ She got into her car and drove away. သူ(မ) ကားထဲဝင်ပြီးတော့ မောင်းထွက်သွားတယ်။ Get on the bus opposite the cinema, and get off at the second stop. ရုပ်ရှင်ရုံနဲ့ မျက်နှ

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၂) (HZH)

Image
လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၂) (HZH)   Verb + two objects English မှာ တချို့ verb တွေဟာ Object နှစ်လုံး သုံးနိုင်ပါတယ်။ Indirect Object (the first Object) ရယ်၊ Direct Object (the second Object) ရယ် ဆိုပြီး နှစ်မျိုးလိုက်ပါတယ်။ indirect object (IO) က a person (or) a group of people ဖြစ်တတ်ပြီး၊ direct object (DO) က thing ဖြစ်ပါတယ်။ e.g. Can you bring me (IO) some milk (DO)? I read Su Su (IO) a story (DO). 🚩 အဲ့ဒီလို object နှစ်ခုလိုက်နိုင်တဲ့ verb တွေမှာ Object ရဲ့ order ကိုလည်း ပြောင်းရေးလို့ရပါတယ်။ ဆိုလိုတာက DO ကို IO ရဲ့ရှေ့မှာ ထားသုံးလို့ရပါတယ်။ အဲ့ဒီအခါ to (သို့) for ကို IO ရှေ့မှာ သုံးပေးရတယ်။ အဲ့ဒီလို to/for + IO ကို prepositional object လို့ခေါ်ပါတယ်။ e.g. Can you pass me that bandage? (OR) Can you pass that bandage to me? 👉 ဘယ်အချိန်မှာ DO ကို IO ရှေ့ထားမလဲ။ to/for နောက်က IO ကို focus လုပ်ချင်တဲ့အခါဖြစ်ဖြစ် (သို့) IO က DO ထက် ရှည်နေရင်ဖြစ်ဖြစ် (ဥပမာ- Noun phrase လိုမျိုးဆို) IO ကို နောက်မှာ ထားရေးပါတယ်။ e.g. I have ever taught English to a large

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၁) (HZH)

Image
လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၁) Wish & If only ‘Wish’ and ‘If only’ can be used with ‘would’ and ‘past tenses’. ‘wish’ နဲ့ ‘if only’ ကို ‘would’ ၊ ‘past tense’ တို့နဲ့တွဲပြီး အသုံးပြုနိုင်ပါသည်။ These structures express ‘regrets’ and ‘wishes’ for unlikely or impossible things. ဒီ wish နဲ့ if only ကို ‘ဖြစ်နိုင်ခြေမရှိသော၊ မဖြစ်နိုင်သော အခြေအနေများအတွက်’ နောင်တရတာ၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ဖော်ပြပြောဆိုဖို့အတွက် သုံးပါတယ်။ Past tenses are used to talk about the present. ဒီနေရာမှာ လက်ရှိပစ္စပ္ပုန်ကာလကို ပြောဖို့ ‘wish’, ‘if only’ တို့ကို past tense နဲ့တွဲပြီး သုံးရပါတယ်။ I wish I was better looking. ငါ အခုထက်ပိုပြီးကြည့်ကောင်းချင်တာ။ I wish I spoke French. ငါ ပြင်သစ်စကားပြောတတ်ချင်တာ။ (ပြောတတ်ရင်ပိုကောင်းမှာကွာ) If only I knew more people! ငါ အခုထက် လူတွေအများကြီးပိုပြီးသိရမှာကွာ။ (ပိုပြီးသိချင်တာ) ‘Were’ can be used instead of ‘was’, especially in a formal style. အထူးသဖြင့် formal ပုံစံတွင် ‘was’ နေရာတွင် ‘were’ ကို အစားထိုးသုံးစွဲနိုင်ပါတယ်။

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၀) (HZH)

Image
လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၀) In case We use ‘in case’ to talk about precautions – things we do to be ready for what might happen. မိုးမပြို ပြိုခဲ့သည်ရှိသော်၊ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော အဆင်သင့်ဖြစ်နေအောင်လုပ်ရမည့်အရာများကို ဖော်ပြပြောဆိုဖို့ ‘in case’ ကို သုံးနိုင်ပါတယ်။ After ‘in case’ we use present tense to talk about the future. အနာဂတ်ကာလကိုပြောဆိုဖို့အတွက် ‘in case’ နောက်တွင် present tense ကိုပဲသုံးရပါသည်။ I’ve bought a chicken in case your mother stays to lunch. မင်းရဲ့အမေ နေ့လယ်စာစားချိန်အထိနေခဲ့သည်ရှိသော် စားရအောင် ငါ ကြက်သားဝယ်လာတယ်။ I wrote down her address in case I forgot it. ငါမေ့မှာစိုးလို့ သူ(မ)ရဲ့လိပ်စာကို ချရေးခဲ့တယ်။ We can use ‘should’......... after ‘in case’ – this gives the idea of ‘by chance’. ကြိုတင်စီစဉ်စဉ်းစားထားခြင်းမရှိဘဲ လုပ်မိလိုက်တဲ့အရာကို ဖော်ပြပြောဆိုဖို့ in case ရဲ့နောက်မှာ ‘should’ ကို သုံးနိုင်ပါတယ်။ Should is common in the sentences about the past. should ကိုတော့ အတိတ်အကြောင်းကိုပြောဖို့ အများအားဖြင့် သုံးပါတ

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၉)(HZH)

Image
Adjective Order  In general, the correct order of adjectives in English is (1) Determiner (2) Opinion (3) Size (4) Shape (5) Condition (6) Age (7) Colour (8) Pattern (9) Origin (10) Material (11) Purpose Adjective တွေကို တစ်ခုထက်ပိုပြီးရေးတဲ့အခါ သူ့နေရာ သူ့ order အတိုင်း စီ ရပါတယ်။ အရင်ဆုံးက a, an, the, my, your, four, those, some စတဲ့ Determiner က အရင်ဆုံးစပါတယ်။ 🖊️ပြီးရင် Opinion adjective တွေဖြစ်တဲ့ beautiful, boring, stupid, delicious, useful, comfortable စတဲ့ ကိုယ့်အမြင်ကို ပြောတဲ့ Adjective တွေ လိုက်ပါတယ်။ 🖊️ပြီးရင် size အရွယ်အစားကိုပြောတဲ့ big, small, tall, huge, tiny စတဲ့ Adjective တွေ ​လိုက်ရပါတယ်။ 🖊️ပြီးရင်တော့ Shape ပုံသဏ္ဍာန်ကို ဖော်ညွှန်းတဲ့ Adjective တွေဖြစ်တဲ့ round, square, circular, skinny, fat, heavy, straight, long, short စတာတွေ သုံးရပါတယ်။ 🖊️ပြီးရင်တော့ ပူတာ၊ အေးတာ၊ ပျက်နေတာ စတဲ့ အခြေအနေပြ Adjective တွေဖြစ်တဲ့ broken, cold, hot, wet, hungry, rich, easy, difficult, dirty တို့ကို သုံးရပါတယ်။ 🖊️ပြီးရင် အသက်အရွယ် Age ကို ဖော်ညွှန်းတဲ့ Adjective တွေဖြစ်တဲ့ old,