Posts

Showing posts from June, 2020

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၀) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၀) 1. I'm gagging to buy a new smartphone. စမတ်ဖုန်းအသစ်တစ်လုံး ငါတအားဝယ်ချင်နေတာ။ 2. I don't dare to meet her gaze. ငါ သူ့အကြည့်ကို ရင်မဆိုင်ရဲဘူး။ 3. Come on now, don’t cry. ကဲပါကွာ မငိုနဲ့တော့၊ တိတ်တော့နော်။ 4. I’d better be getting along. ငါ သွားသင့်ပြီ (လုပ်စရာရှိသေးလို့)။ 5. How goes it?  အခြေအနေဘယ်လိုလဲ၊ အဆင်ပြေလား။ 6. It’s a secret, so don’t go telling everyone. လျှို့ဝှက်ချက်နော်၊ ဘယ်သူ့မှသွားမပြောနဲ့။ 7. What’s it to you?’ မင်းနဲ့ဘာဆိုင်လို့လဲ။ `That’s right, I didn’t pass. What’s it to you, anyway?´ ဟုတ်တယ်၊ ငါစာမေးပွဲမအောင်ဘူးကွာ၊ မင်းနဲ့ဘာဆိုင်လဲ။ 8. What a lovely day! ကောင်းလိုက်တဲ့နေ့ရက်လေး။ 9.Do you like my new wheels? ငါ့ကားအသစ်ကိုကြိုက်လား။ 10. Shall I take the wheel? ငါ ကားမောင်းပေးရမလား။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၉) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၉) 1. I simply adore chocolate. ကျွန်တော်က ချောကလက်သိပ်ကြိုက်တာ။  2. Let me give you a piece of advice. အကြံနည်းနည်းလောက်ပေးပါရစေ။ 3. Look at this mess! Mum will go mad! ပေပွနေတာကြည့်ဦး၊ အမေတော့ ဒေါပွတော့မယ်။ 4. He’s mad about computer games. သူက ကွန်ပြူတာဂိမ်းတွေကို အရူးအမူးပဲစွဲလမ်းနေတာ။  5. I caught my thumb in the door and it hurt like mad. တံခါးကြားထဲ လက်ညှပ်မိတာ၊ နာလိုက်တာ။ 6. What’s new? (How are you?) ဘယ်လိုလဲ၊ နေကောင်းလား၊ အဆင်ပြေလား။ 7. I wash my clothes by hand. ငါက အဝတ်အစားကို လက်နဲ့လျှော်တာ။ 8. Whatever happened to Aung Moe? I haven’t seen him for years. အောင်မိုးအခုဘယ်မှာလဲ၊ သူ့ကို မတွေ့တာ နှစ်ချီနေပြီ။ 9. Mon Mon was hard at it on her computer. မွန်မွန်တော့ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတာ။ 10. There, there, don’t get so upset! ကဲကဲ.. တအားစိတ်မကောင်းမဖြစ်နဲ့တော့နော်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၈) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၈) 1. Can you find a home for the guitar? ဂစ်တာသိမ်းထားတဲ့နေရာ တွေ့လား။ 2. There are a dogs' home and a cats' home in Sagaing. စစ်ကိုင်းမှာ ​ခွေးခြံနဲ့ကြောင်ခြံရှိတယ်။ (ပိုင်ရှင်မရှိတဲ့ ခွေးလေး၊ ကြောင်လေးတွေကို ကျွေးမွေးစောင့်ရှောက်ပေးတာ) 3. Sagaing is home from home for me. စစ်ကိုင်းက ငါ့အတွက်အိမ်လိုပါပဲ။ (ဒုတိယအိမ်ပဲ) 4. People like you make me sick! လူတွေက မင်း ငါ့ကိုဒေါသထွက်အောင်လုပ်တာကို သဘောကျကြတာ။  5. I’ve been worried sick! ငါ အတော်လေး စိုးရိမ်နေပြီ။ 6. He has been on sick leave for more than three months. သူ ဆေးခွင့်ယူထားတာ ၃ လရှိပြီ။ 7. Let’s kill these beers and go. ကဲ ဘီယာကို မြန်မြန်လက်စသတ်သောက်ပြီး သွားကြစို့။ 8. My back is killing me. ခါးနာလိုကျတာ။ 9. You’d better zip your lip or you’ll be in trouble! မင်း ဘာမှမပြောတာကောင်းမယ်၊ မဟုတ်ရင် ဒုက္ခရောက်မယ်နော်။ 10. I’ve seen that movie a zillion times. ငါ အဲ့ဒီရုပ်ရှင်ကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးပြီ။ Apply them. Thx HZH Ref: LDCOE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၇) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၇) 1. We have problems of our own. တို့မှာက ကိုယ့်ပြဿနာနဲ့ကိုယ်အသီးသီး ရှိကြတယ်။ (ပြဿနာကိုယ်စီနဲ့) 2. Woe is me! ဒုက်ခပါပဲ။ 3. He's a  wolf in sheep’s clothing. သူက သိုးရေခြုံထားတဲ့ဝံပုလွေပဲ၊ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူ။ 4. I was wondering if I could borrow your car? ကားငှားလို့ ရနိုင်မလားခင်ဗျာ။ 5. I don’t wonder you’re tired. မင်းပင်ပန်းနေတာ မအံ့သြတော့ဘူး၊ ပင်ပန်းနေမှာ သိတယ်။ 6. It’s a wonder no one got hurt. ဘယ်သူမှ ထိခိုက်ဒဏ်ရာမရာတာ အံ့သြစရာပဲဟေ့။ 7. Wonders will never cease! အံ့သွစရာပါပဲ။  8. His word is his bond. သူက အပြောနဲ့အလုပ်ညီတယ်။ (ပြောတဲ့အတိုင်း လုပ်တယ်) 9. I ... words fail me. စွန့်အသွားပြီ၊ ဘာပြောရမှန်းတောင်မသိတော့ဘူး။ (အံ့သြလွန်းလို့၊ ဒေါသထွက်လွန်းလို့ ဘာပြောရမှန်းမသိတော့တာ) 10. She works her fingers to the bone. သူ(မ)က အလုပ်တအားကြိုးစားတယ်။ Apply them. Thx HZH Ref; LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၆) 1. I've been stuck between a rock and a hard place. ငါ့အ​ခြေအနေက ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ။ 2. The singing competition is the new rock 'n' roll. အဆိုပြိုင်ပွဲတွေက ရုပ်မြင်သံကြားအစီအစဥ်တွေမှာ ခေတ်စားနေတာ၊ (လူကြိုက်များနေတာ)။ 3. I had a rough night last night. မနေ့ညတုန်းက ကောင်းကောင်းအိပ်မပျော်ဘူး။ 4. let’s roll! စကြစို့ဟေ့။ တစ်ခုခုစလုပ်ကြစို့၊ (ခရီး)စထွက်ကြစို့။  5. He’s rolling in money these days. အခုတလော သူငွေတွေတအားရနေတာ၊ ဝင်ငွေကြမ်းနေတာ။ 6. As long as you live under my roof, you’ll do as I say. ငါ့အိမ်မှာ မင်းနေသရွေ့တော့  ငါပြောသလို လုပ်ရမယ်။ 7. Put that back before Dad sees you and hits the roof! မင်းကို အဖေတွေ့သွားပြီး ဒေါသူပုန်မထခင် အဲ့တာကို ပြန်ထားလိုက်နော်။  8. It’s no bed of roses teaching the teenagers. ဆယ်ကျော်သက်တွေကိုစာသင်ရတာက အမြဲလွယ်ကူအဆင်ပြေမနေဘူး၊ ပြဿနာ အခက်အခဲအမျိုးမျိုး ကြုံရတယ်။ 9. The bread is stale and rock-hard. ပေါင်မုန့်က အနံ့ကလည်း အောက်သိုးသိုး၊ ပြီးတော့ မာတောက်နေတာပဲ။ 10. I got here round about h

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၅) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၅) 1. There’s nothing like a nice cup of tea! သိပ်ကောင်းတဲ့လက်ဖက်ရည်ပဲ (တခွက်ဆိုတခွက် သိပ်ကောင်းတာ) 2. I'd like to see you speak Chinese fluently! မင်း တရုတ်စကားကို သွက်သွက်လက်လက်ပြောတတ်တာ ငါတော့မယုံပါ။ 3. like it or lump it ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမှာပဲ၊ (ပြောင်းလဲလို့မရတော့ဘူး)။ 4. like I say/said ငါပြောခဲ့သလို `Like I said, I don’t mind helping out on the day.´ ငါပြောထားသလို၊ နေ့ခင်းဘက်မှာ လုပ်ကူရလည်း ငါက ရတယ်။ 5. Just sit tight – I’ll be there in five minutes. ကိုယ့်နေရာမှာကိုယ် ထိုင်နေနော်၊ (၅)မိနစ်အတွင်း ပြန်လာမှာ။ 6. Keep your eyes/ears open! မျက်စိဖွင့်ထားကြ၊ နားစွင့်ထားကြနော်။ (စူးစူးစမ်းစမ်းနေကြ) `Keep your eyes open so that you won't miss job opportunities.´ စူးစူးစမ်းစမ်းနေကြနော်၊ အလုပ်ရမယ့်အခွင့်အရေးတွေ မလွဲသွားအောင်လို့။ 7. He's an up-and-coming young singer. သူက အောင်မြင်လာနိုင်ချေရှိတဲ့ လူငယ်အဆိုတော်တစ်ယောက်။ 8. I’m up to here with this job; I’m resigning! ဒီအလုပ်ကို ငါစိတ်ပျက်နေပြီ၊ ထွက်တော့မယ်ကွာ။ 9. What’

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေး (၃၄) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေး (၃၄) 1. He's a spoiled brat. သူက အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ကလေး။ 2. The principal is in a bad temper. ကျောင်းအုပ်ကြီးက ဒေါသထွက်နေတာ။ 3. I was taken bad in the middle of the night. မနေ့ညက ညလယ်ခေါင်ကြီး အဖျားတွေတက်လာတာ။ 4. You don’t know when you’re well-off. ကံထမ်းလာတာမမြင်ရဘူး၊ တခါတလေ ထင်မှတ်မထားလောက်အောင် ကံကောင်းတတ်တယ်။ 5. Boil the fruit up with sugar. အသီးကို သကြားလေးထည့်ပြီး ဆူအောင်ပြုတ်နော်။ 6. She is all skin and bone. သူ(မ) ပိန်တာက အရိုးပေါ်အရေတင်၊ ပိန်ကပ်နေတာပဲ။ 7. There has been no rain for months and the land is bone dry. မိုးမရွာတာလချီနေတော့ မြေကြီးက ခြောက်သယောင်းနေရော။ 8. He’s just bone idle. သူက ငပျင်းပါကွာ။  9. Thank you from the bottom of my heart. လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်နော်။ 10. Boys will be boys! အံ့သြမနေနဲ့၊ ဆိုးမယ်၊ ဆူမယ်ဆိုတာ ယောက်ျားလေးသဘာဝပဲ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၃) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၃) 1. Call your dog off! ခွေးမောင်းဦးဟ၊ ခွေးကြည့်ဦး။ (ကိုယ်မယ်တကဲကဲပြင်နေလို့) 2. There’s no call for that kind of language! အဲ့လိုစကားမျိုးမပြောသင့်ဘူး။ 3. She's camera-shy. သူ(မ)က ဓာတ်ပုံရိုက်ခံရတာကို မကြိုက်ဘူး။ 4. She photographs well. သူက ဓာတ်ပုံစားတယ်၊ (ဓာတ်ပုံထဲမှာလှတယ်။) 5. Would you like to go to the pictures? ရုပ်ရှင်သွားကြည့်ချင်လား။ 6. When pigs fly. ဖြစ်နိုင်မယ်မထင်ပါဘူးကွာ။ 7. I made a bit of a pig of myself  at dinner. ငါ ညစာ အသားကုန်တီး (စား) ပစ်လိုက်တာ။ 8. It is pissing down with rain. မိုးကတော့ သည်းသည်းမည်းမည်းကို ရွာနေတာ။ 9. Wait a bit longer – Su Su hasn’t pitched up yet. ခဏစောင့်ဦး၊ စုစုက ခုထိမရောက်သေးဘူး။ 10. The lights were off and it was pitch-black. မီးတွေပိတ်လိုက်တော့ မှောင်ပိန်းသွားတာ။ (ဘာမှမမြင်ရလောက်အောင်ကို မှောင်မည်းနေတာ) Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၂) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၂) 1. Can I ask you a favor? မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား။ 2. She's a film buff. သူ(မ)က ရုပ်ရှင်ကြမ်းပိုး။ (ရုပ်ရှင်ဆိုတာနဲ့ ကြည့်ပြီးသားပဲ) 3. She's big-headed. သူ(မ)က မာနကခပ်ကြီးကြီးရယ်၊ မာန်တက်နေတာ။ 4. He must be mental! သူကြည့်ရတာ ကြောင်တောင်တောင်နဲ့။ (ရူးကြောင်ကြောင်နဲ့) 5. You can’t be too careful! သတိဆိုတာပိုတယ်မရှိဘူးနော်။ 6. Don't stab me in the back! နောက်ကျောကို ဓားနဲ့မထိုးနဲ့နော်။ (သစ္စာမဖောက်ကြနဲ့) 7. Don't bite off more than you can chew! ကိုယ်နိုင်သလောက်ပဲလုပ်နော်။ (ဖင်မနိုင်ဘဲ ပဲကြီးဟင်း မသောက်နဲ့။) 8. Don't bite the hand that feeds you. ကျေးဇူးရှင်ကို ကျေးမစွပ်နဲ့နော်။ (အရိပ်နေနေ အခက်ချိုးချိုးတော့မလုပ်နဲ့။) 9. She wasn’t my type really. သူ(မ)က ငါသဘောကျတဲ့ပုံစံမျိုးမဟုတ်ဘူး။ 10. She has a finger in every pie. သူ(မ)က ပါလေရာငပိချက်ရယ်။ (နေရာတကာ စပ်စပ်၊ စပ်စပ်နဲ့) Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၁) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၁) 1. Pick your feet up. မြန်မြန်လေး (လမ်း) လျှောက်ပါဟ။ 2. Don’t pick your nose! နှာခေါင်းကြီးနှိုက်မနေနဲ့၊ (နှပ်ချေးထွင်မနေနဲ့)။ 3. He’s a very picky eater. သူက အစားဇီဇာကြောင်တယ်၊ (ဟိုဟာမကြိုက်ရတာနဲ့၊ ဒီဟာမကြိုက်ရတာနဲ့) 4. I agree with you up to a point. တချို့တဝက်တော့ ငါမင်းနဲ့ သဘောတူတယ်။ 5. I bet that car cost him a packet. အဲ့ဒီကားက သူ့ကိုငွေအများကြီးကုန်အောင်လုပ်မှာ ငါပြောရဲတယ်။ (ခဏခဏပြင်နေရလို့) 6. More pain, more gain. အနာခံမှအသာစံရမှာနော်။ 7. I’ve only got one pair of hands. အလုပ်များလွန်းလို့ တခြားဘာမှမလုပ်နိုင်ဘူးကွာ။ 8. I wouldn’t put it past Min Min to cheat. မင်းမင်းက လိမ်တတ်တယ်ပြောလည်း မအံ့သြတော့ဘူး၊ (သူလုပ်နေကျပဲဟာ)။ 9. Don't think my granda is past it. ငါ့အဘိုးကိုများ အိုမင်းမစွမ်းလို့မထင်နဲ့ဗျ၊ (အခုထိအလုပ်လုပ်နေတုန်း)။ 10. Nobody’s perfect! ဘယ်သူမှ အပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။  `So I made a mistake!´ ငါအမှားတစ်ခုလုပ်ခဲ့တယ်။ `Nobody’s perfect.´ လုံးဝအပြစ်ကင်းသဲလဲစင်ဆိုတာမရှိပါဘူးကွာ၊ အမှားဆိုတာရှိကြတာပဲ။ Apply them. Thx HZH

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၀) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၀) 1. The die is cast. ဆုံးဖြတ်ချက်ချပြီးပြီ၊ ပြင်လို့မရတော့ဘူး။ 2. His tone of voice was aggressive. သူအသံက ရန်လိုနေတာ၊ ဒေါနဲ့မောနဲ့ပြောနေတာ။  3. He’s dead to the world. သူအိပ်မောကျနေတာ။ 4. OK, it’s a deal. ကောင်းပြီ၊ သဘောတူတယ်။ 5.  to a degree/to some degree/to a certain degree အတိုင်းအတာတစ်ခုအထိ၊ တစိတ်တဒေသအားဖြင့်။ 6. by degrees ဖြေးဖြေးချင်း။ 7. I'm between the devil and the deep blue sea. ငါ့အခြေအနေက ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ။ 8. I will die of embarrassment. ရှက်လိုက်တာကွာ၊ (ရှက်လွန်းလို့သေတော့မယ်)။ 9. in the dim and distant past ဟိုးရှေးရှေးတုန်းကပေါ့ကွာ (ဟာသဖောက်ပြောသည့်အခါ သုံးသည်။) 10. What’s sauce for the goose is sauce for the gander. မင်း လူတစ်ယောက်ကို လက်ညိုးတစ်ချောင်းထိုးရင် သူများက လက်ညိုးငါးချောင်းနဲ့ပြန်ထိုးတာခံရမယ်။  (ကိုယ် မကောင်းရင် သူများကလည်းကောင်းမှာမဟုတ်၊ ကိုယ်က သူအများအပေါ်ကောင်းရင် သူများကလည်း ကောင်းမယ်)။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၉) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၉) 1. Teaching is a labour of love. စာသင်တာ ခက်ခဲပင်ပန်းတယ်၊ ဒါပေမဲ့ ကြိုက်လို့ကို လုပ်နေတာ။ 2. Sod that for a lark! အတော်အားစိုက်ရမှာ၊ (တော်ပြီ၊ မလုပ်တော့ဘူး)။ `Paint the whole room?´ တစ်ခန်းလုံးဆေးသုတ်မှာလား။ `Sod that for a lark!´ အတော်ပန်းမှာ၊ မလုပ်ပါဘူး။ 3. I don't know whether to laugh or cry. ငိုရမလား၊ ရယ်ရမလားမသိပါဘူးကွာ၊ ရယ်ရခက် ငိုရခက်ကြီး။  `And when I saw my transfer order – honestly, I didn’t know whether to laugh or cry!´ အပြောင်းအရွှေ့အမိန့်ကိုတွေ့တော့ ရယ်ရခက် ငိုရခက်ကြီး။ 4. Do you feel like another drink? နောက်ထပ်သောက်စရာလိုချင်သေးလား။ 5.  I know the feeling. မင်းရဲ့ခံစားချက်ကိုနားလည်ပါတယ်ကွာ။ 6. Jobs are few and far between at the moment. အခုကာလက အလုပ်ကလည်းရှားတယ်ဟ။ 7. It’s a piece of cake!  လွယ်လွယ်လေးပါကွာ။ 8. Get off my case! ငါ့အကြောင်း ဝေဖန်လေကန်နေတာတွေ ရပ်လိုက်ပါ။ 9. Are you Daw Zin Mar, by any chance? ဒေါ်ဇင်မာဟုတ်ပါသလားခင်ဗျာ။ 10. Come on now – calm down, cool it. လုပ်ပါ၊ စိတ်အေးအေးထား၊ စိတ်လျှော့လိုက်တော့။ Apply t

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၈) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၈) 1. He’s bad news. သူက ပြဿနာကောင်။ I’d avoid him if I were you.  ငါသာမင်းနေရာမှာဆို သူ့ကိုရှောင်မှာ။ He’s bad news. သူကပြဿနာကောင်ရယ်၊ (အမြဲဒုက္ခပေးနေတာ)။ 2. That’s a load of balls! ပေါက်ကရတွေ၊ အဓိပ္ပါယ်မရှိတာတွေ။ 3. You'd better recharge your batteries. အားပြန်ဖြည့်လိုက်ဦး၊ နားနားနေနေ နေလိုက်ဦး။ 4. I can’t bear to see her cry. သူ(မ)ငိုနေတာကို ငါမကြည့်ရက်ဘူးကွာ။ 5. Bear with me a minute, ခဏစောင့်ပါဦးနော်။ Bear with me a minute, and I'll check if the principal is his room. ခဏသည်းခံစောင့်ပါနော်၊ ကျောင်းအုပ်ကြီး အခန်းထဲမှာ ရှိ မရှိ စစ်လိုက်ဦးမယ်။ 6. I'm at your beck and call. မင်းလိုချင်တာလုပ်ပေးဖို့ အမြဲတမ်း အဆင်သင့်ပါ။ 7. I beg your pardon. နောက်တစ်ခေါက်လောက် ပြန်​ပြောပေးနိုင်မလားခင်ဗျာ။ 8. if you believe that, you’ll believe anything. အဲ့တာကအမှန်မဟုတ်ဘူး၊ ယုံမိရင်မှားမယ်နော်။ 9. Seeing is believing. ကိုယ်တိုင်မြင်ရမှ ယုံမှာ။ ကိုယ်တိုင်ကြုံမှ ယုံမှာ။ 10. He's a big girl’s blouse. သူက သတ္တိမရှိပါဘူးကွာ၊ သူရဲဘောကြောင်တဲ့ကောင်။

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၇) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၇) 1. I feel there will be no future in sports. အားကစားမှာ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။  2. What I'm saying must not go any further. ငါပြောနေတာတွေက လျှို့ဝှက်ချက်တွေနော်။ (သူများကို လျှောက်မပြောနဲ့) 3. The fur flies! သတ်ကုန်ကြပြီ၊ စကားတွေများကုန်ကြပြီ။ 4. I’m not being funny but နောက်နေတာမဟုတ်ဘူး၊ အတည်ပြောနေတာ။ I’m not being funny but I've lost your book. နောက်နေတာမဟုတ်ဘူး၊ တကယ်အတည်၊ မင်းရဲ့စာအုပ်ပျောက်သွားပြီ။ 5. it’s your funeral! ကိုယ်ဖြစ်ကိုယ်ခံနော်၊ ကိုယ်လုပ်တာကိုယ်ရှင်းရမှာ။ 6. She’s great fun. သူ(မ)က ပျော်ပျော်နေတတ်တယ်၊ သူ(မ)နဲ့နေရတာ ပျော်စရာကြီး။ 7. Feel free to ask questions. မေးခွန်းတွေလွတ်လွတ်လပ်လပ်မေးလို့ရပါတယ်။ 8. Forget it. စိတ်မပူပါနဲ့၊ အရေးမကြီးပါဘူး။ 'I didn't phone." ငါဖုန်းမဆက်လိုက်ဘူး။ 'Forget it.' စိတ်မပူပါနဲ့၊ တအားအရေးမကြီးပါဘူး။ 9. forgive me for saying so, but ဒီလိုပြောလို့စိတ်တော့မရှိနဲ့နော် Forgive me for saying so, but that’s nonsense. ဒီလိုပြောလို့စိတ်မရှိနဲ့နော်၊ အဲ့တာက အဓိပ္ပါယ်က

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၆) 1. I have half a mind to give you a call. ငါမင်းကိုဖုန်းဆက်ချင်တယ်၊ ဒါပေမဲ့ ဆက်မှာတော့မဟုတ်ဘူး။ 2. half a minute/moment/second etc ခဏလေးပါ။ Hold on, this will only take half a second. ခဏစောင့်ပါ၊ သိပ်မကြာပါဘူး။ 3. Half a loaf is better than none. ဘာမှမရတာထက်စာရင် ဒီလောက်ရတာကောင်းပါတယ်။  4. I can do driving with one hand tied behind your back. ကားမောင်းတာများ လွယ်လွန်းလို့ (လက်တစ်ဖက်တည်းနဲ့တောင် လုပ်ပြဦးမယ်။) 5. I don't want to wear hand-me-downs. ငါ သူများဝတ်ပြီးသားအဝတ်အစားတွေ မဝတ်ချင်ဘူးနော်။  6. Hang on! I’ll be back in a minute. ခဏစောင့်၊ တစ်မိနစ်အတွင်းပြန်လာမယ်။ 7. I'm on top of the world. ငါတော့အပျော်ကြီးပျော်နေပြီ။ 8. 'Oh, hard luck!’ စိတ်မကောင်းလိုက်တာ။ (တစ်စုံတစ်ယောက် ကြိုးစားလုပ်နေသည့်တစ်စုံတစ်ခုမအောင်မြင်သည့်အခါပြောသည်) "I failed in the exam." ငါ စာမေးပွဲကျတယ်။ "Oh, hard luck!" အို၊ စိတ်မကောင်းလိုက်တာ။ 9. It wouldn’t do you any harm to get some experience first. အရင်ဆုံး မင်းအတွေ့အကြုံအရင်ယူသင့်တယ်န

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၅) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၅) 1. when all’s said and done နောက်ဆုံးတော့ကွာ၊ နောက်ဆုံးသတ္တုချကြည့်လိုက်တော့ When all’s said and done, he’s only a kid. နောက်ဆုံးစဥ်းစားလိုက်ရင်တော့ကွာ သူက ကလေးပဲရှိသေးတာလေ။ 2. It’s all go. အလုပ်တအားများတယ်၊ လုပ်စရာတွေပုံနေတယ်။ 'It's all go from 8.00 until we finished it at 5.00.' ၅နာရီမှာ အားလုံးပြီးတဲ့အထိ မနက်၈နာရီကစပြီး လုပ်စရာတွေကိုပုံနေတာပဲ။  3. and?  ပြီးတော့ရော (တစ်ခုခုဆက်ပြောစေဖို့ စကားထောက်ပေးသည်) 4. so/as far as I am aware  ကျွန်တော်သိထားသလောက်တော့ 'As far as I am aware, they are a happily married couple.' ကျွန်တော်သိထားသလောက် သူတို့က ပျော်ပျော်ရွှင်ရွှင်လက်ထပ်ထားကြတဲ့စုံတွဲလေးပါ။ 5. Do you have ants in your pants? စိတ်လှုပ်ရှားနေတာလား၊ (ဂဏာကိုမငြိမ်ဘူး။) 6.  it’s more than my job’s worth (BrE) (spoken)  အဲ့တာတော့မလုပ်ပေးနိုင်ဘူးဗျ၊ လုပ်လိုက်ရင် အလုပ်ပါပြုတ်သွားလိမ့်မယ်။ 7. Her jaw dropped. သူ(မ) အံအားသင့်သွားပုံပဲ။ 8. Keep what I said dark. ငါပြောခဲ့တာကို လျှို့ဝှက်ထားပါနော်။ 9. Those were the days! သိပ်ကောင်းခ

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၄) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၄) 1. He's a tough/hard nut. သူက တကယ်ကို ညှိမရတဲ့သူ။ (ကန့်လန့်တိုက်နေသူ) 2. now now ကဲ..ကဲ (စိတ်ဆိုးဒေါသထွက်နေသူ၊ စိတ်ပျက်နေသူကို ချော့မော့ပြောရာတွင်သုံးသည်။)   Now now, don’t worry. Everything will be okay. ကဲကဲ စိတ်ပူမနေတော့နဲ့၊ အားလုံးအဆင်ပြေသွားမှာပါ။ 3. It’s now or never. အခွင့်အရေးဆိုတာ နှစ်ခါမလာဘူးနော်။ (လုပ်သာလုပ်လိုက်၊ တွေဝေမနေနဲ့) 4. Now you tell me! အေး အခုမှလာပြောရသလား။ ‘You didn’t need to make anything for dinner – Dad’s bringing home pizza.’  မင်း ညစာချက်ဖို့မလိုတော့ဘူး၊ အဖေက ပီဇာဝယ်လာပြီတဲ့။ ‘Oh, now you tell me!’ အေးအခုမှလာပြောရသလား။ 5. not now အခုတော့မရသေးဘူး၊ မလုပ်ပေးနိုင်သေးဘူး။ (အလုပ်များနေလို့၊ ပင်ပန်းနေလို့ စသဖြင့်) ‘Tell me a story.’  ပုံပြင်ပြောပြ၊ ပါးပါး။ ‘Not now, Daddy’s working.’ အခုတော့မရသေးဘူးကွယ်၊ ပါးပါးအလုပ်လုပ်နေတယ်လေ။ 6. He's not the sharpest tool in the box. သူက ဥာဏ်ထိုင်းတယ်။ 7. Not at all! ရပါတယ်၊ ကိစ္စမရှိပါဘူး။ "Thanks for your help." အကူအညီပေးတာကျေးဇူးပါ။ "Not at all!" ရပါတယ်၊

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၃) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၃) 1. the main thing  အရေးကြီးဆုံးက “The main thing is not to panic.”  အရေးကြီးဆုံးက ထိတ်ထိတ်လန့်လန့် မဖြစ်ဖို့ပဲ။  2. This is major? အရေးပါသလား။  “This is major?”  “You got me out of bed for this?” အဲ့လောက်အရေးပါနေသလား၊ အဲ့တာအတွက် ငါ့ကို အိပ်ရာနိုးတာလား။  3. “I can’t make the Friday meeting after all.” သောကြာနေ့ အစည်းအဝေးကို ငါတက်နိုင်မှာ  မဟုတ််ဘူး။  4. make it/that something  (အရင်ပြောထားတာတစ်ခုခုကို) ပြင်လိုက်ပါ။  “Can we have two cups of coffee, please?”  ကော်ဖီနှစ်ခွက်ရနိုင်မလား။ “No, make that three.” မဟုတ်ဘူး၊ သုံးခွက်လို့ ပြင်မှာမယ်နော်။  5. You da man! တော်တယ်ဟေ့၊ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်။  6. He’s a man of his word.  သူက ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူ၊ စကားတည်တဲ့သူ။  7. He’s a man of few words. သူက စကားနည်းတယ်။  8. I’m my own man.  ဘယ်သူတွေဘာထင်ထင် ဂရုမစိုက်ဘူးကွာ။  “I’m my own man.”  ဘယ်သူတွေဘာထင်ထင် ဂရုမစိုက်ဘူးကွာ။  “I say what I believe.” ငါယုံကြည်တာ ငါပြောတာ။  9. He’s a ladies’ man.  သူက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေ။

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၂) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၂) 1.  (keep your) chin up! အားတင်းထားနော်။ လက်မလျှော့လိုက်နဲ့။ `Chin up! It’ll be over soon.´ အားတင်းထားနော်၊ မကြာခင်ပြီးသွားမှာပါ။ 2. Keep it up! လက်မလျှော့နဲ့နော်၊ ဆက်လုပ်။ `I know it’s hard, but keep at it! Don’t give up!´ ခက်ခဲမှန်းသိပါတယ်၊ ဆက်လုပ်ပါ၊ လက်မလျှော့လိုက်နဲ့။ 4. How are you keeping? ဘယ်လိုလဲ၊ နေကောင်းလား။ 5. I feel like a fish out of water. နေရာစိမ်းတော့ နေရတာစိတ်ကျဥ်းကြပ်တယ်။ 6. A fool and his money are soon parted. လူမိုက်နဲ့ငွေအတူမနေ။ 7. There's no holding me back. ငါလုပ်ဖို့ဆုံးဖြတ်ထားပြီ၊ (ဘယ်သူတားတားမရတော့ဘူး) 8. Excuse me, are these for sale? တဆိတ်လောက်၊ ဒါတွေက ရောင်းဖို့အတွက်လား။ (ဝယ်လို့ရလား) 9. It will be all water under the bridge. သေသောသူကြာရင်မေ့ဆိုသလို နောက်တော့မေ့သွားကြမှာပါ။ 10. little by little ဖြေးဖြေးချင်း `Little by little he became accepted by the family.´ ​မိသားစုက သူ့ကို ​တဖြေးဖြေး လက်ခံလာတယ်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၁) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၁) 1. I'm in bad mood. ဒေါသထွက်နေတာနော်။ 2. I'll give you a bell soon. ခဏနေ ငါဖုန်းခေါ်လိုက်မယ်။ 3. I’m not big on cats. ကြောင်တွေကို ငါလုံးဝမကြိုက်၊ (မမွေးချင်)။ 4. He's too big for his boots. သူက မာန်တက်နေတာလေ။ 5. He's a show-off. သူက ငကြွားကြီး။ 6. I need to throw myself body and soul to my work. ငါအလုပ်မှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားဖို့လိုတယ်။ 7. Don't cut your classes. အတန်းမလစ်နဲ့နော်။ 8. Cut your coat according to your cloth. ငွေကိုချိန်ပြီးသုံးနော်၊ (တတ်နိုင်သလောက်ပဲသုံး)။ 9. To cut a long story short  တိုတိုနဲ့လိုရင်းကိုပြောရမယ်ဆိုရင် 10. Don't sit on the fence! ကြားနေလုပ်မနေနဲ့ဟေ့၊ (ပြတ်ပြတ်သားသားပြော)။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၀) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၀) 1. The drinks are on me! သောက်စရာတွေက ငါရှင်းမှာနော်။ 2. I look like my old self. ငါ နေပြန်ကောင်းပြီ (ပုံမှန်အတိုင်းပြန်ဖြစ်ပြီ)။ 3. You're on! စိန်လိုက်လေ။ ‘I bet you 20,000 kyats he won’t turn up.’  သူရောက်မလာရင် ၂၀၀၀၀ ပေးကြေးလောင်းမယ်ကွာ။ ‘You’re on!’ ရတယ်၊ စိန်လိုက်။ 4. (just) this once (ဒီ)တခါပဲရမယ်နော်။ တခါတည်းပါကွာ။ `Lend me the car, just this once.´ ငါ့ကိုကားငှားပါဦး၊ တခါတည်းပါကွာ။ 5. Once bitten, twice shy. တခါသေဖူး ပျဥ်ဖိုးနားလည်။ 6. one of us တို့နဲ့တဖွဲ့တည်းပဲ၊ (အမြင်တူ၊ ရည်ရွယ်ချက်တူသူများ)။ You can talk in front of Terry – he’s one of us. တယ်ရီရှေ့မှာ ပြောလို့ရတယ်၊ တို့နဲ့တဖွဲ့တည်းပဲ။ 7. It's just a one-horse town. မြို့ကသေးသေးလေးရယ်၊ မစည်ဘူး။ 8. It’s not the end of the world. ပြဿနာကထင်သလောက်မဆိုးပါဘူးကွာ။ 9. The truth will out! အမှန်တရားက ပေါ်လာမှာပါ။ 10. no end အတိုင်းမသိ။ `Your letter cheered me up no end.´ မင်းရဲ့စာက ငါ့ကို အတိုင်းမသိအားတက်စေတယ်ကွာ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၉) (HZH)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၉) 1. I’m only/just doing my job. ငါလုပ်ရမယ့်ကိစ္စကို ငါလုပ်နေတာပါ။ (အလုပ်တွင် တခြားသူများက မကြိုက်သည့်အရာတစ်ခုကို လုပ်ရာတွင်သုံးသည်။) 2. Join a queue (BrE) Join a line (AmE) တန်းစီပေးပါနော်။ (ကျော်မတက်ပါနဲ့) 3. be a joke အလကားပါကွာ၊ ဘာမှမဟုတ်ဘူး၊ အဓိပ္ပါယ်မရှိဘူး။ `The whole meeting today is a joke.´ ဒီနေ့အစည်းအဝေး တကယ် ဘာမှကိုမဟုတ်တာ။ 4. No joy! မအောင်မြင်ဘူး။ `I phoned him but no joy. Nobody answered my phone´ သူ့ဆီဖုန်းဆက်တယ်၊ မအောင်မြင်ဘူးဟေ့၊ ဘယ်သူမှ ဖုန်းမကိုင်ဘူး။ 5. Where's the gents? အမျိုးသားတွေအတွက်အိမ်သာက ဘယ်နားမှာလဲဗျ။ 6. I’ll get these drinks. ဒီသောက်စရာတွေက ငါရှင်းမှာနော်။ 7. You’ve got me there. အဲ့ဒီအဖြေကို ငါမသိဘူး။ 8. I must/I’d better be getting along. လုပ်စရာရှိသေးတယ် ငါသွားသင့်ပြီ။ 9. Never/Don’t look a gift horse in the mouth! အလကားရတဲ့နွားသွားဖြဲမကြည့်နဲ့ (တစ်ခုခုရတာကို ကျေးဇူးမတင်ဘဲ အပြစ်ရှာနေတာ၊ အမေးအမြန်းထူနေတာမလုပ်ဖို့ ပြောသည်) 10. Could you give me a hand? ကူညီပါဦးနော်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၈) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၈) 1. Old habits die hard. အမြစ်တွယ်နေတဲ့အပြုအမူ၊ အတွေးအခေါ်၊ စိတ်သဘောထားက ပြင်ရခက်တယ်။ 2. I just can’t hack it any more. ငြီးငွေ့စရာကြီးကွာ၊ ဆက်မလုပ်နိုင်တော့ဘူး။ `I’ve been doing this job for years, but I just can’t hack it any more.´ ဒီအလုပ်ကို နှစ်ပေါင်းများစွာ ငါလုပ်လာတာ၊ ငြီးငွေ့နေပြီဆက်မလုပ်နိုင်တော့ဘူး။ 3. Keep your hair on! အေးဆေးနော်၊ စိတ်မပျက်ပါနဲ့။  4. be half the battle အခက်ဆုံးအပိုင်းတော့လုပ်နိုင်ခဲ့ပြီ၊ (ကျန်တာလွယ်သွားပြီ) `Getting the audience to like you is half the battle.´ ပရိတ်သတ်က မင်းကိုသဘောကျလာအောင် လုပ်ရတာက အခက်ဆုံးအပိုင်းပဲ၊ ကျန်တာကလွယ်သွားပြီ။ 5. half a minute/moment/second etc ခဏလေးပဲနော်။ (မကြာဘူး) `Hold on, this will only take half a second.´ ခဏနော်၊ မကြာပါဘူး။ 6. Hands off! မထိ(ကိုင်)နဲ့၊ မသုံးနဲ့နော်။ `Hey! Hands off that CD! It’s mine!´ ဟေး၊ အဲ့ CD က သုံးလို့မရဘူးနော်၊ ငါ့ဟာ။ 7. Many happy returns! မွေးနေ့မှာပျော်ရွှင်ပါစေ။ 8. No hard feelings! ငါဒေါသမထွက်ချင်ဘူးနော်။ 9. I mean no harm. ငါ နာကျင်/ထိခိုက်အောင် ရည်

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၇) (HZH)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၇) 1. by/from all accounts လူအများပြောဆိုချက်အရ... `It has, from all accounts, been a successful marriage.´ လူအများပြောဆိုချက်အရ သူတို့ထိမ်းမြားလက်ထပ်တာ အောင်မြင်ခဲ့တယ်တဲ့။ 2. I've acquired a taste for tea. လက်ဖက်ရည်ကို ငါတဖြည်းဖြည်းကြိုက်လာပြီ။ 3. Act your age! ကိုယ့်အသက်ကိုယ့်အရွယ်လည်းကြည့်ဦး (လူကြီးဆန်ဆန် နေထိုင်ပြုမူပါ)။ 4. out of action အလုပ်မလုပ်တော့ဘူး၊ ပျက်ပြန်ပြီ။ `The photocopier is out of action again.´ မိတ္တူကူးစက်က ပျက်ပြန်ပြီ။ 5. Don't add fuel to the fire/flames! မီးလောင်ရာ လေမပင့်နဲ့နော်။ 6. Adios!  အက်ဒီရော့(စ်) ဘိုင်ဘိုင်နော်။ 7. I've admitted defeat. ငါလက်လျှော့လိုက်ပြီ (ဘယ်လိုမှမလုပ်နိုင်တော့ဘူး)။ 8. What I do in my free time is my affair. အားလပ်ချိန် ငါဘာလုပ်မယ်ဆိုတာက ငါ့ကိစ္စပါ။ (ငါနဲ့ပဲဆိုင်တယ်) be someone's affair >> တစ်စုံတစ်ယောက်၏ သူနှင့်ပဲ သက်ဆိုင်သောကိစ္စ။ 9. I say yes. ငါသဘောတူတယ်နော်။ 10. What’s this in aid of?  ဘာအတွက်လုပ်တာလဲ။ "What’s this meeting tomorrow in aid of, then?" မနက်ဖ

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၆) 1. If/when (you’re) in doubt မသေချာရင်၊ သံသယဖြစ်နေရင် 'If in doubt, consult your doctor.' သံသယဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါလား။ 2. see if I care! သူဘာလုပ်လုပ်ဂရုမစိုက်ဘူးကွာ။ 3. As if I cared! အရေးမပါတော့ဘူး။ 'As if I cared whether he comes with us or not!' သူ တို့နဲ့လိုက်လိုက် မလိုက်လိုက် အရေးမပါတော့ဘူး။ 4. When the cat’s away the mice will play. လူကြီးမရှိရင် မရှိသလို (ပိုင်ရှင်မရှိရင် မရှိသလို) ခိုကြတော့မယ်။ 5. The two brothers are as different as chalk and cheese. ညီအစ်ကိုနှစ်ယောက်က ရေနဲ့ဆီလိုပဲ ကွာတယ်။ 6. no chance!/fat chance! ရပါလိမ့်မယ်အားကြီး။ ‘Maybe your brother would lend you the money?’ မင်းအစ်ကိုက ပိုက်ဆံချေးပေးလောက်မှာပါ။ ‘Huh, fat chance! ဟူး၊ ရပါလိမ့်မယ်အားကြီး။ 7. (say) cheese! ပုန်းရေကြည် (ဓာတ်ပုံရိုက်သည့်အခါ ပြုံးပြုံးလေးနေဖို့ ပြောသည်) 8. It's child play. လွယ်လွယ်လေး။ 9. I live alone by choice. ငါ့ဘာသာနေချင်လို့ တစ်ယောက်တည်းနေတာ။ 10. Clean your plate! အကုန်စားနော် (ချန်မထားနဲ့)။ Apply them. Thx H

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၅) (HZH)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၅) 1. the last I heard ခုထိငါသိထားသလောက်က 'The last I heard, she was at college studying law.’ ခုထိငါသိထားသလောက်က သူ(မ) က ကောလိပ်မှာ ဥပဒေအထူးပြုလေ့လာနေတာ။ 2. Do you like sugar/milk? သကြား/နွားနို့ ထည့်မှာလား။ 3. What’s your take on this issue? ဒီကိစ္စအပေါ် မင်းရဲ့အမြင်က ဘယ်လိုလဲ။ 4. Let your hair down! နားနားနေနေ နေပါဦးကွာ။ 5. Do your homework without fail. အိမ်စာကို မပျက်မကွက် လုပ်ပါနော်။ 6. Be fair! သူများကို အဲ့လောက်ကြီး တရားလွန် မဝေဖန်နဲ့လေကွာ။ 7.You can’t say fairer than that ဒါ့ထက်တန်တာ၊ ကောင်းတာတော့ မရနိုင်တော့ဘူးနော်။ 8. Let’s call it a day and go home! အလုပ်နားပြီး အိမ်ပြန်ကြစို့ဟေ့။ 9. The game’s up. (မကောင်းတာတစ်ခုခုလုပ်ထားတာ) ပေါ်သွားပြီ။ 10. We’re on a razor edge. ငါတို့တော့ အမှားမခံတဲ့အခြေအနေရောက်နေပြီနော်။ (မှားလိုက်တာနဲ့ ဒုက္ခရောက်တော့မှာ) Apply them. Thx HZH Ref: LDOCE 5

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၄) HZH

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၄) 1. You’re spot-on. မင်းပြောတာ အတိအကျပဲ (မှန်တယ်)။ 2. We’re all right behind you. မင်းလုပ်တာကိုထောက်ခံတယ်၊ (မင်းရဲ့နောက်မှ တို့ရှိတယ်) 3.You’re one lucky guy. မင်းတော့အတော်ကံကောင်းတဲ့ကောင်ပဲ။ 4. You're a busy bee. မင်းတော့အတော်လုပ်များတဲ့သူပဲ။ 5. I need your book like a hole in the head. မင်းစာအုပ်ကို ငါ တကယ်မလိုအပ်တော့ဘူး။ 6. It will all come out in the wash တအားပူမနေနဲ့၊ ပြဿနာက နောက်ကျ ပြေလည်သွားမှာ။ တအားပူမနေနဲ့၊ နောက်ဆုံးတော့ အမှန်တရားပေါ်လာမှာ။ 7. You’ve made your bed and you must lie on it. နောက်ဆုံးတော့ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန် ပါပဲ။ 8. Accidents (will) happen. မတော်တဆဖြစ်တာပါကွာ။ (တအားစိုးရိမ်မနေနဲ့) 9. Have a good one! ဘိုင်ဘိုင်နော်၊ နေ့ကောင်းလေးဖြစ်ပါစေ။ 10. It’s all good. အားလုံးအဆင်ပြေတယ်၊ ဘာပြဿနာမှမရှိဘူး။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၃) HZH

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၃) 1. Speak for yourself. သဘောမတူဘူးနော်။ ငါတော့ အဲ့လိုမထင်ဘူး။ `We don’t want to go´. ငါတို့က မသွားချင်ဘူး။ ‘Speak for yourself! အဲ့အထဲငါမပါဘူးနော် (သဘောမတူဘူး) ငါကသွားချင််တယ်။ 2. I am not your keeper. မင်းလုပ်တာ ငါ တာဝန်မယူဘူးနော်။ 3. You're just a ne'er-do-well. မင်းက ဆန်ကုန်မြေလေးပါကွာ။ 4. It makes no odds. အရေးမကြီးပါဘူးကွာ။ `Pay me now or later.´ အခုပေးလည်းရ နောက်မှပေးလည်းရ။ `It makes no odds.´ အရေးမကြီးဘူးရယ်။ 5. If only he’d call me back! သူဖုန်းပြန်ခေါ်ပါစေ။ 6. Don't give a monkey’s what he says. သူပြောတာကို ဂရုစိုက်မနေနဲ့။ 7. Can I have some quiet, please? ကျေးဇူးပြု၍ အသံလေးတွေ တိတ်ပေးပါလား။ 8. I must dash. ငါ မြန်မြန်သွားရမယ်။ 9. what’s her face ဘယ်သူပါလိမ့်ကွာ၊ သူ့နာမည်မေ့နေလို့။ 10. Put your face on. မိတ်ကပ်လေး ပုတ်လိုက်ဦး။ Apply them. Thx HZH Ref: LDOCE 5