Posts

Showing posts from July, 2020

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၀)(HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၀) 1. Thinking negatively can become a habit. မကောင်းတဲ့ဘက်ကနေတွေးတာက (အမြဲအဆိုးမြင်တာက) အကျင့်အဖြစ်စွဲသွားနိုင်တယ်နော်။ 2. We’ll be there by seven or half past. အဲ့ဒီကို (၇)နာရီ ဒါမှမဟုတ် (၇) နာရီခွဲလောက် ရောက်မယ်နော်။ 3. Can you give me a hand to lift this? ဒါလေး မ ကူနိုင်မလားခင်ဗျာ။ 4. Our staff are always on hand to help. တို့ရဲ့ဝန်ထမ်းတွေက လိုအပ်လာရင် ကူညီဖို့ အမြဲအသင့်ပဲ။ 5. I usually take a nap after lunch. နေ့လယ်စာစားပြီးရင် တရေးတမော အိပ်လေ့ရှိတယ်။ 6. She is near to crying. သူ(မ)က ငိုမဲ့မဲ့ဖြစ်နေပြီ၊ (ငိုတော့မယ့်အတိုင်းပဲ) 7. It’s eleven o'clock, near enough. (၁၁) နာရီထိုးခါနီးပြီ။ 8. If you need anything, just say. ဘာပဲလိုလို ပြောလိုက်ပါနော်။ 9. I need glasses for reading. စာဖတ်ဖို့ ငါမျက်မှန်လိုတယ်။ 10. ‘I don’t like horror movies.’  သရဲကားတွေ မကြိုက်ဘူး။ ‘Me neither.’ ငါလည်းမကြိုက်ဘူး။  Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၉) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၉) 1. Keep your room tidy. မင်းရဲ့အခန်းကို သပ်သပ်ရပ်ရပ်ထားနော်။ 2. How can I cut your hair if you won’t keep still! မင်း ငြိမ်ငြိမ်မနေရင် ငါ ဘယ်လိုလုပ် ဆံပင်ညှပ်လို့ရမှာလဲဟ။ 3. How are you keeping? နေကောင်းလားဟေ့။ 4. Can you keep it down – I’m trying to work. တိုးတိုးနေပေးလို့ရမလား၊ ငါအလုပ်လုပ်ဖို့ ကြိုးစားနေလို့ပါ။ 5. The kettle’s boiling. ရေနွေးဆူနေပြီနော်။ 6. I lost my house keys. အိမ်သော့တွေ ပျောက်သွားတယ်။ 7. Press the ‘Escape’ key to exit. ပြန်ထွက်မယ်ဆို 'Escape' ခလုတ်လေးကို နှိပ်လိုက်ပါ။ 8. It’s not my kind of place – it’s too noisy. ဒါက ငါကြိုက်တဲ့နေရာမျိုးမဟုတ်ဘူး၊ ဆူလွန်းတယ်ကွာ။ 9. He’s kinda dumb, isn’t he? သူက နည်းနည်းလေးတော့ ထုံတယ်နော်၊ ဟုတ်တယ်ဟုတ်။ 10. It’s important to exercise regularly. လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အရေးကြီးတယ်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၈) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၈) 1. Come on, let’s call it a day and go home. လုပ်ပါ၊ အလုပ်နားပြီး အိမ်ပြန်ကြစို့။ 2. I’m gonna call the cops! ရဲခေါ်လိုက်တော့မယ်နော်။ 3. Can you help me lift this box? ဒီသေတ္တာလေး ကူမပေးနိုင်မလား။ 4. Take care! See you next week! ဘိုင်ဘိုင်နော်၊ နောက်အပတ်မှာတွေ့မယ်။ 5. Don’t stand out in the rain. You’ll catch your death. မိုးရွာနေတဲ့ထဲမှာ မတ်တပ်ရပ်မနေနဲ့လေ၊ အအေးမိလိမ့်မယ်။ 6. I’m afraid I didn’t catch your name. မင်းရဲ့နာမည်ကိုမကြားလိုက်တာ အားနာလိုက်တာ။ 7. You’d better go and get changed. မင်း အဝတ်အစားသွားလဲလိုက်တာ ကောင်းတယ်။ 8. Turn the tap on and check for leaks. ရေပိုက်ခေါင်းကိုဖွင့်ပြီး ရေယိုတဲ့နေရာလေးတွေ စစ်ကြည့်ပါ။ 9. What’s for lunch? နေ့လယ်စာအတွက် ဘာချက်လဲ။ 10. I've just had lunch with Min Min. မင်းမင်းနဲ့ နေ့လယ်စာ စားခဲ့ပြီးပြီ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၇) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၇) 1. I go to the gym as often as I can. အားကစားခန်းမကို တတ်နိုင်သလောက်တော့ ငါ သွားဖြစ်ပါတယ်။ 2. You’ve really grown since I last saw you. ငါ နောက်ဆုံးတွေ့ပြီးကတည်းကနဲ့ဆို မင်းအတော်ထွားလာတာ။ 3. The bananas are still green. ငှက်ပျောသီးတွေက မမှည့်သေးဘူး၊ အစိမ်းပဲရှိသေးတယ်။ 4. The weather here is great. ရာသီဥတုက ဒီမှာ တအားသာယာတယ်ဟေ့။ 5. You look great in that dress. အဲ့ဒီဝတ်စုံနဲ့ မင်းတအားလိုက်တာပဲ။ 6. He got a grade A in maths. သင်္ချာမှာ သူ အဆင့်အေရတယ်။ 7. It’s difficult to break bad habits. မကောင်းတဲ့အကျင့်တွေက ဖျောက်ဖျက်ရခက်တယ်။ 8. Too much salt can be bad for you. ဆားအများကြီးစားတာ မင်းအတွက် မကောင်းဘူးနော်။ 9. That’s not a bad idea. အကြံကတော့ မဆိုးပါဘူး။ (မှန်းထားတာထက် ပိုကောင်းတယ်) 10. I’ll have a bath and go to bed. ရေချိုးပြီး အိပ်ရာဝင်တော့မယ်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၆) 1. I go swimming every day after work. အလုပ်သိမ်းရင် နေ့တိုင်းရေကူးသွားတယ်။ 2. I’ll see you again tomorrow or the day after. မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါကျ မင်းကို ထပ်တွေ့မယ်နော်။ 3. Turn left after the hotel. ဟိုတယ်ကျော်ရင် ဘယ်​ကွေ့ပါ။ 4. I’d prefer to travel by train. ရထားနဲ့ခရီးသွားရတာကို ပိုကြိုက်တယ်။ 5. They all speak excellent English. သူတို့အားလုံး အင်္ဂလိပ်စကားကောင်းကောင်း ပြောတတ်တယ်။ 6. He’s almost as old as I am. သူ့အသက်လည်း ငါ့အသက်လောက်နီးနီးပါပဲ။ 7. She is all alone in the world. သူ(မ)က တစ်ကောင်ကြွက်ရယ်။ (ပြုစုစောင့်လျှောက်မယ့် မိဘရယ်၊ ဆွေမျိုးရယ်လို့လည်း မရှိဘူး) 8. Hurry up, we’re already late. မြန်မြန်လုပ်ပါဟ၊ ငါတို့နောက်ကျနေပြီ။ 9. I’ll always remember that day. အဲ့ဒီနေ့ကို ငါအမြဲတမ်းအမှတ်ရနေမှာပါ။ 10. I missed supper and I’m starving! ညစာလွတ်သွားတော့၊ ဗိုက်ဆာလိုက်တာ။ Apply them. Thx HZH

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၅) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၅) 1. Suddenly, the room went dark. အခန်းက ရုတ်တရက်မှောင်ကျသွားတယ်။ 2. I want you home before dark. မမှောင်ခင် ငါ မင်းကို အိမ်ပြန်ရောက်စေချင်တယ်နော်။ 3. I think I dialed the wrong number. ဖုန်းနံပါတ်အမှားကို ငါခေါ်မိတယ်လို့ ထင်တယ်။ 4. Shall we paint the door blue? တံခါးပေါက်ကို တို့ အပြာရောင် ဆေးသုတ်ကြမလား။ 5. Have you seen today’s paper? ဒီနေ့အတွက်သတင်းစာ ဖတ်ပြီးပြီလား။ 6. I have a stack of papers to mark. အမှတ်စစ်ဖို့ အဖြေလွှာတထပ်ကြီး ရှိတယ်။ 7.Pass the salt, please. ကျေးဇူးပြု၍ ဆားလေးတချက်လှမ်း(ယူ)ပါဦး။ 8. Can I pay by credit card? ကတ်နဲ့ငွေချေလို့ရမလား။ 9. Shut your eyes and don’t peek! မျက်လုံးပိတ်ထား၊ ချောင်းမကြည့်နဲ့နော်။ 10.I’ll see you after the meeting, if time permits. အစည်းအဝေးက အချိန်နည်းနည်းစောပြီးရင် ငါ မင်းကို တွေ့မယ်နော်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၄) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၄) 1. It is sad to see them arguing. သူတို့အငြင်းပွားနေတာကို မြင်ရတာ စိတ်မကောင်းလိုက်တာ။ 2. Sorry to hear the sad news. ဝမ်းနည်းစရာသတင်းကို ကြားရတာ စိတ်မကောင်းလိုက်တာ။ 3. Your money will be as safe as houses. မင်းရဲ့ပိုက်ဆံတွေ လုံခြုံစိတ်ချရပါတယ်၊ မပျောက်ပါဘူး။ 4. Is it safe to swim here? ဒီနေရာမှာ ရေကူးဖို့က ဘေးကင်းရဲ့လား။ 5. I’d take an umbrella, just to be on the safe side. (မိုးရွာလာရင်) မိုးရေမစိုအောင်လို့ ငါထီးယူလာတာ။ 6. We're all in the same boat now. အခု တို့အားလုံးမှာ ကြုံနေရတဲ့ အခက်အခဲက အတူတူပဲ။ 7. Thanks for your help – I’ll do the same for you one day. အကူအညီပေးလို့ကျေးဇူးပါ၊ တနေ့ ကျေးဇူးပြန်ဆပ်မယ်နော်။ 8. You needn’t stay long here. မင်း ဒီမှာ အကြာကြီးနေဖို့ မလိုပါဘူး။ 9. Does this shirt need ironing? ဒီရှပ်အင်္ကျီက မီးပူတိုက်ဖို့လိုလား။ 10. It is never too late to give up smoking. ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၃) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၃) 1. Go wash your hands. လက်သွားဆေးလိုက်ပါဦး။ 2. How did your English test go? မင်းရဲ့ အင်္ဂလိပ်စာမေးပွဲဘယ်လိုအခြေအနေရှိလဲ။ 3. Only ten days to go to my birthday! မွေးနေ့ရောက်ဖို့ ၁၀ ရက်ပဲလိုတော့တယ်။ 4. It’s good to see you again. မင်းကို ထပ်တွေ့ရတာ ကောင်းလိုက်တာ။ 5. Do you want some good advice? အကြံဥာဏ်ကောင်းလိုချင်လား။ 6. Watching too much TV isn’t good for you. TV အလွန်အကျွံကြည့်တာ မင်းအတွက် မကောင်းဘူးနော်။ 7. You need a good rest. မင်း ကောင်းကောင်းနားဖို့ လိုတယ်။ 8. He is a good deal older than his wife. သူက သူ့ဇနီးထက် အသက်အများကြီးပိုကြီးတယ်။ 9. The summer’s as good as over. နွေရာသီက ကုန်ခါနီးပြီ။ 10. I have no time for idle gossip. အတင်းအဖျင်းတွေနားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၂) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၂) 1. The clinic is open daily. ဆေးခန်းက နေ့တိုင်းဖွင့်တယ်။ 2. He knows damn all about cars. သူက ကားနဲ့ပက်သက်ပြီး ဘာဆိုဘာမှမသိတာ။ 3. I must dash – I said I’d meet Ma Thu at eight. ငါမြန်မြန်သွားမှရမယ်၊ မသူကို (၈)နာရီမှာ တွေ့မယ်လို့ ပြောထားတာ။ 4. Are Ko Zaw and Thuzar dating? ကိုဇော်နဲ့သူဇာက တွဲနေကြတာလား။ 5. I’d like to go and visit Singapore one day. တနေ့တော့ စင်ကာပူကို အရောက်သွားပြီး လည်ချင်သေးတယ်ကွာ။ 6. It’s two years to the day since he died. သူဆုံးတာ အခုဆို (၂)နှစ်တိတိ ရှိပြီနော်။ 7. I think the batteries are dead. ဘက်ထရီအားကုန်သွားတယ်လို့ ထင်တာပဲ။ 8. Don’t delay – send off for the information now. အချိန်ဆွဲမနေနဲ့၊ အချက်အလက်တွေကို အခုပို့လိုက်ပါ။ 9. There’s no denying that this is an important event. ဒါက အရေးကြီးတဲ့အဖြစ်အပျက်တစ်ခုဆိုတာ ရှင်းနေတာပဲ။ 10. I’m dying to see what it is. ဘာလဲဆိုတာကို ငါတအားသိချင်နေတာ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၁) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၁) 1. When I call your name, go and stand in line. မင်းရဲ့နာမည်ကိုခေါ်လိုက်ရင် သွားပြီးတန်းစီနော်။ 2. It’s cheaper to make calls after 11 pm. ည (၁၁)ကျော်မှဖုန်းခေါ်ရင် ပိုဈေးချိုတယ်။ 3. There can be no doubt that he is guilty. သူ့မှာအပြစ်ရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ 4. I can’t understand why you’re so upset. မင်းအခုလိုဘာလို့စိတ်ပျက်နေတာလဲဆိုတာ ငါတော့ နားမလည်ဘူး။ 5. How can you be so stupid! မင်းကွာတုံးလိုက်ပါဘိ။ 6. Sorry, Ko Aung, no can do. စိတ်တော့မကောင်းဘူး ကိုအောင်ရာ၊ မင်းခိုင်းတာ ငါမလုပ်နိုင်ဘူး။ 7. You can’t park here – it’s a no parking zone. မင်း ဒီနေရာမှာ ကားထိုးလို့မရဘူး၊ ဒီနေရာက ကားမရပ်ရ နယ်မြေမို့ပါ။ 8. For goodness' sake, don’t be late! အရေးကြီးလို့ပါ၊ နောက်မကျပါနဲ့နော်။ 9. We’ll save a lot of time if we go by car. ကားနဲ့သွားရင် တို့ အချိန်အများကြီး အကုန်သက်သာမှာ။ 10. Thanks again for the loan – you really saved my life. ချေးငွေအတွက် ကျေးဇူးထပ်တင်ပါတယ်၊ မင်းကတော့ ငါ့ကို ကယ်တင်လိုက်ပြန်ပြီ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၀) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၀) 1. Come on, get moving or you’ll be late for school. လုပ်ပါ၊ မြန်မြန်လုပ်ပါဟ၊ မင်းကျောင်းနောက်ကျလိမ့်မယ်။ 2. I think it’s time we were moving. တို့သွားသင့်ပြီလို့ ထင်တာပဲ။ 3. This car can really move! ဒီကားက တော်တော်မြန်တာ။ 4. ‘That’s a new one on me.’ မကြားဖူးသေးဘူး၊ မသိသေးဘူး။ ‘The office is going to be closed for six weeks this summer.’ ရုံးကို ဒီနွေရာသီမှာ ခြောက်ပတ်ကြာ ပိတ်တော့မှာတဲ့။ ‘Really? That’s a new one on me.’ တကယ်လား၊ ငါမသိသေးဘူး။ 5. I’ll let you have my new phone number. ငါ့ဖုန်းနံပါတ်အသစ် မင်းကိုပေးမယ်လေ။ 6. Ko Zaw arrived in his brand new car. ကိုဇော်က သူ့ကားအသစ်စက်စက်ကြီးနဲ့ ရောက်လာတာ။ 7. Stay away from that guy, he’s bad news. သူနဲ့ဝေးဝေးနေနော်၊ သူက ပြဿနာရှာမယ့်သူ။ 8. No news is good news. ဘာသတင်းမှမရတော့ အဆင်ပြေနေတဲ့ပုံပဲ။ 9. Stop biting your nails! လက်သည်းကိုက်မနေနဲ့။ 10. Is it OK if I call my folks? ကျွန်တော့်မိဘနှစ်ပါးနဲ့ မိသားစုကို ဖုန်းခေါ်လို့ပြေမလား။ Apply them. Thx HZH Ref: LDOCE 5