Posts

Showing posts from August, 2018

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)

Image
English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ (ပထမဦးဆုံး မေတ္တာရပ်ခံချင်တာက ဒီဆောင်းပါးလေးဟာ ကျောင်းသားလူငယ်လေးတွေကို Language awareness raising exercise အနေနဲ့ မျက်လုံးဖွင့်ပေးချင်၍ ရေးလိုက်ခြင်းဖြစ်ပါတယ်။ Grammar ruels တွေကို အကုန်သိမ်းကျုံး၍ရှင်းပြရန် ကြိုးစားထားခြင်းမဟုတ်ပါ။ ဒီလိုဆောင်းပါးတိုတိုလေးမှာလည်း လုပ်လို့မရနိုင်တဲ့ ကိစ္စပါ။ မေတ္တာဖြင့်ရေးသည့်စာကို မေတ္တာဖြင့်သာဖတ်စေချင်ပါတယ်။ one sentence in isolation ကို screen shot ရိုက်ယူကာ "Grammar ကို ဒီလောက်လေးတောင်ပြည့်စုံအောင် မရေးပေးတတ်တာ များစွာစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်...." စသည်ဖြင့် ဝေဖန်ဖို့စောင့်နေတဲ့ grammar police တွေရှိတာကို သိတာပေါ့။ English grammar နဲ့ပတ်သက်လို့ ဘယ်အကြောင်းအရာတွေကို အဓိကဇောင်းပေးလေ့လာသင့်တယ်ဆိုတာကို ညွှန်ပြခြင်းသာဖြစ်ပြီး Grammar reference မဟုတ်ကြောင်း နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။) ----------------------------------------------------------- ခဏ ခဏမေးခံရတဲ့မေးခွန်းပါ။ ဆရာ ကျွန်တော် Grammar ညံ့လို့ ဘာတွေဖတ်ရမလဲ။ ဘယ်လိုလေ့လာရမလဲ။ ဆရာ ကျွန်မ စာရေးရင် Grammar အမှားတွေ အများကြီးပဲ။ G

အတွေးနဲ့အရေး (၁) Weekly Writing Practice (KEYS) (​ဒေါက်​တာစိုးသန်း)

အတွေးနဲ့အရေး (၁) Weekly Writing Practice (KEYS) မနေ့က လေ့ကျင့်ဖို့ပေးထားတဲ့ ဝါကျဆယ်ကြောင်းအတွက် အဖြေတွေတင်ပေးလိုက်ပါတယ်။ ပေးထားတဲ့ မှတ်စု notes လေးတွေ၊ ရှင်းလင်းချက်တွေကိုလည်း သေချာစွာဖတ်ကြည့်ကြပါ။ 1. ဒေသရှိ အပင်များနှင့်တိရစ္ဆာန်များကို စူးစမ်းလေ့လာရန် သူတို့သည် ခရီးကြမ်းထွက်ခဲ့ကြသည်။ They set out on an expedition to explore the local flora and fauna. ဒီဝါကျမှာ မှတ်ရမှာတွေ ခရီးရိုးရိုးထွက်တာကတော့ To go on a journey / To go on a trip ဆိုပြီး journey နဲ့ trip (noun) ကိုသုံးတယ်။ ခရီးကြမ်းထွက်တာဆို expedition (noun) ကိုသုံးရတယ်။ To go on an expedition To set out on an expedition ဆိုပြီး အတွဲလိုက်သုံးနိုင်အောင်မှတ်ပါ။ တောတွေတောင်တွေထဲ ခြေလျှင်ခရီး၊ ခြေလျှင်တောင်တက်ခရီးကြမ်းကို trek (noun) လို့လည်းခေါ်တယ်။ ဝါကျထဲမှာ go trekking လို့သုံးရတယ်။ They went trekking in Nepal. သူတို့ နီပေါမှာ ခြေလျှင်တောင်တက်ခရီးထွက်ခဲ့တယ်။ လေ့လာရေးခရီးကိုတော့ excursion တို့ field trip တို့သုံးရတယ်။ ပျော်ပွဲစား (ခရီး)ကတော့ picnic ပေါ့။ သူလည်း to go on a picnic လို့ပဲသုံးတာကို collocation သိအောင်မှတ်ပါ

စကားပုံဆယ်ခု နည်းနည်းစီစုကြစို့....... (​ဒေါက်​တာစိုးသန်း)

စကားပုံဆယ်ခု နည်းနည်းစီစုကြစို့....... အသုံးဝင်လို့ သိထားသင့်တဲ့ အင်္ဂလိပ်စကားပုံလေးတွေ တစ်နေ့ ဆယ်ခုစီလောက် ထပ်မှတ်ကြစို့။ 1. "When in doubt, do nowt." မသေချာလျှင် ဘာမှမလုပ်နဲ့။ ဒီစကားပုံမှာ nowt ဆိုတာ nought နဲ့ အဓိပ္ပါယ်တူ dialect ဒေသိယစကား။ doubt နဲ့ ကာရံမိအောင် nowt ကိုသုံးကြတာပါ။ nought = nothing When in doubt, do nothing. လို့ဆိုတာပေါ့။ 2. "Dreams go by contraries." အိပ်မက်ဆိုတာ ပြောင်းပြန်အဓိပ္ပါယ်ကောက်ရတယ်။ ဒါကြောင့်လည်း " Dream of a funeral and you hear of a marriage." ဆိုတဲ့ နောက်စကားပုံတစ်ခုရှိသေးတာပေါ့။ အသုဘကို အိပ်မက်မက်ရင် မင်္ဂလာဆောင်တဲ့သတင်း ကြားရတတ်တယ်တဲ့။ 3. "Cut your coat according to your cloth." သူ့အိုးနဲ့ သူ့ဆံ သင့်ရုံပါမှ။ သူ့အိုးနဲ့ သူ့ဆံ တန်ရုံလုပ်။ (cloth ဟာ အဝတ်စ၊ ပိတ်စ၊ ကိုယ့်မှာရှိတဲ့ ပိတ်စနဲ့ လောက်ငှရုံသာ ကုတ်အင်္ကျီချုပ်ဖို့ ညှပ်ပါတဲ့။ လုပ်ချင်တာတွေများပြီး လောဘကြီးပြီး အလှမ်းကျယ် အလယ်လပ်မှာစိုးလို့ သတိပေးတဲ့ စကားပုံ။) 4. "Think first and speak afterwards." စကားမပြေ

♥အင်္ဂလိပ်စာ တတ်လိုသော်..♥ *ဒေါက်တာစိုးသန်း

♥အင်္ဂလိပ်စာ တတ်လိုသော်..♥ ရေးသားသူ ***ဒေါက်တာစိုးသန်း ဒီတစ်ခါရေးမဲ့ အကြောင်းအရာ topic ဟာ ရေးခဲ့သင့်တာ ကြာလှပေါ့။ ကျွန်တော် ဆရာဘဝ လုပ်သက်နှစ်ပေါင်း နှစ်ဆယ်ကျော်မှာ ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားပေါင်းများစွာအနက်မှ အင်္ဂလိပ်စာနဲ့ စကားကို ပိုင်ပိုင်နိုင်နိုင်တတ်သွားသူတွေ၊ လိမ်ဖယ်လိမ်ဖယ်နဲ့ ခရီးမရောက်နိုင်တဲ့သူတွေ၊ စသည့်ကျောင်းသားပေါင်းများစွာကို စာသင်ပေးရင်းနဲ့မှ သူတို့ စာကိုဘယ်လိုလေ့လာအားထုတ်ကြသလဲ၊ အတန်းထဲမှာ အတန်းပြင်ပမှာ ဘယ်လိုလေ့လာတတ်ကြသလဲ၊ စသည့် သူတို့ရဲ့ learning styles နဲ့ study habits စာလုပ်ပုံ လေ့လာပုံတွေ ဘယ်လိုကွာကြသလဲ၊ အတတ်မြန်တဲ့ကျောင်းသားနဲ့ ခရီးမပေါက်ရှာတဲ့ ကျောင်းသား ဘာတွေကွာခြားနေလို့လဲ... စသည့် မေးခွန်းတွေကို ကျွန်တော်စေ့ငုကြည့်နေမိလေ့ရှိတယ်။ ဆရာဘဝ နှစ်ပေါင်းများစွာအတွင်းမှာလည်း ELT, EFL, ESL စာအုပ်တွေ သူများကိုပြန်သင်ပေးဖို့ဖတ်ရင်းနဲ့ Characteristics of a good language learner ဆိုတာမျိုး၊ ဘာသာစကားတစ်ခုကို အောင်မြင်အောင်လေ့လာနိုင်သူ၏ စရိုက်လက္ခဏာများဆိုတဲ့ theory တွေကိုလည်း ခဏခဏဖတ်ခဲ့ရပြီး လက်တွေ့မှာ တွေ့ကြုံနေရတဲ့ ကျောင်းသားအမျိုးမျိုးနဲ့လည်း ချိန်ထိုး ဆင်ခြင်ခွင့်

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

Image
Some Current Myanmar Slangs and Their English Equivalents ဘီးကျဲတဲ့၊ ပလပ်ကျွတ်နေတာတဲ့၊ တစ်ဆုံးပို့တယ်နော်တဲ့---- ဘာတွေပါလိမ့်---- ပြီးခဲ့တဲ့လက ကျွန်တော် ရန်ကုန်ကိုခွင့်နဲ့ခဏပြန်ခိုက် အလုပ်ကိစ္စလေးတွေပြီးလို့ အားချိန်ရတာနဲ့ ကိုယ့်ရဲ့ တူလေးတွေ တူမလေးတွေနဲ့ အချိန်ပေးအတူနေဖြစ်တာများတယ်။ ကိုယ်နဲ့ သက်တူရွယ်တူ ငယ်သူငယ်ချင်းတွေက သူတို့ရဲ့ စားဝတ်နေရေး မိသားစုကိစ္စတွေနဲ့ ချာချာလည်နေကြတော့ ကိုယ့်အတွက်လည်း သူတို့အချိန်မပေးနိုင်ရှာကြတော့ မတွေ့ဖြစ်ကြပါဘူး။ တစ်ချို့ဆို ရိပ်သာတောင်ဝင်ပြီး တရားထိုင်နေကြပြီဆိုပဲ။ ဆိုတော့ကာ ကျွန်တော့အားချိန်လေးတွေကို ကိုယ့်ဖက်နဲ့ ကိုယ့်ရဲ့ မဟေသီဖက်က တူ တူမလေးတွေနဲ့ အတူအပြင်လျှောက်လည်၊ စကားပြောကြနဲ့ ကုန်စေရတာများပါတယ်။ သူတို့လေးတွေနဲ့ အတူနေ စကားပြောရတာ ယခုလက်ရှိ မြန်မာပြည်ရဲ့current young generation ကို အနီးကပ်လေ့လာခွင့်ရတာပေါ့။ သူတို့လေးတွေရဲ့ နုနယ် လတ်ဆတ်တဲ့ အတွေးအမြင်လေးတွေကို နားထောင်ရတယ်။ သူတို့တွေ ကျောင်းစာကို ဘယ်လိုလေ့လာနေကြသလဲ ကိုယ်အကဲခတ်နိုင်တယ်။ သူတို့မေးတဲ့ မေးခွန်းလေးတွေကိုလည်း ပြန်ဖြေပေးနိုင်တယ်။ အပြင်မှာ ထွက်နေတာကြာပြီဖြစ်တဲ့ ကျွန်တော့အတွက် နောက်ထပ်စိတ်ဝင်စာ

ကဲဖော်ကဲဖက်သူငယ်ချင်းတွေ...... Htet Zaw Htoo

Image
ကဲဖော်ကဲဖက်သူငယ်ချင်းတွေ...... သူငယ်ချင်းတွေကို သတိတရရှိတာနဲ့ ရေးလိုက်ပါတယ်။ "တခြားသူများ စိတ်အနှောက်အယှက် ဖြစ်စေသည့် တစ်ခုခုကို အတူတကွစီစဉ်လုပ်လေ့ရှိသည့် သူငယ်ချင်းနှစ်ဦး" တနည်းအားဖြင့် ဆိုးဖော်ဆိုးဖက်၊ ကဲဖော်ကဲဖက် သူငယ်ချင်းတွေကို English မှာ partner in crime လို့ ဟာသသဘော သုံးပါတယ်။  e.g. Bo Tay and I used to be partners in crime when we were in university. When both of us whispered each other, the rest of my friends felt worried about what would happen to them.  ဗိုလ်တေနဲ့ကျွန်တော်က တက္ကသိုလ်တုန်းက ဆိုးဖော်ဆိုးဖက်တွေလေ၊ ကျွန်တော်တို့နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ပြောနေရင်ကို တခြားသူငယ်ချင်းတွေက သူတို့ဘာလုပ်ခံရမယ်ဆိုတာ တွေးပူနေကြတာ။ 🚩 နောက် သူငယ်ချင်းအချင်းချင်း စကားပြောကြရင်း ငါမှန်တယ်၊ သူမှားတယ်နဲ့ စကားနိုင်လုလေ့ရှိကြပါတယ်။ အဲ့လို စကားနိုင်လုဖော်လုဖက်ကို sparring partner လို့ သုံးပါတယ်။ e.g. Ko Ko is my sparring partner among my friends.  ကျွန်တော့်သူငယ်ချင်းတွေထဲ ကိုကိုက ကျွန်တော့်ရဲ့ စကားနိုင်လုဖော်လုဖက်ပဲ။ sparring partner ကို လက်ဝှေ့ကျင့်ဖော်ကျင့်