Posts

Showing posts from September, 2018

မှတ်​တိုင်​ Both by Dr.Soe Than

Image
မှတ်​တိုင်​ အဲဒီလမ်း​ထောင့်​​လေးနားမှာပဲ ကိုယ့်​ကိုကိုယ်​ အဟုတ်​ကြီးထင်​တဲ့သူ​တွေ ​ဟောတစ်​​ယောက်​ ​ဟောတစ်​​ယောက်​ ​ပျောက်​သွားကြပါ​ရောလား အဲ့ဒီလမ်း​ထောင့်​မှာပဲ စိမ်း လိုက်​ နီ လိုက်​ မီးပွိုင့်​က​တော့ ရှိ ​နေ ဆဲ ပါ ပဲ.......                       ​ဒေါက်​တာစိုးသန်း a landmark just round the corner of that street those puffed-up people one after another, just like that, disappeared! at this very corner of the street the traffic light, flashing green and red , is still standing there.                         Dr.Soe Than

မိုဘိုင်းဖုန်းအကြောင်းအင်္ဂလိပ်စာ Dr.Soe Than

Image
မိုဘိုင်းဖုန်းအကြောင်းအင်္ဂလိပ်စာ ဒီတစ်ခါရေးပေးချင်တဲ့ အကြောင်းအရာက နေ့စဉ်ကျွန်တော်တို့တွေ မရှိမဖြစ် ကိုယ်နဲ့မကွာယူဆောင်အသုံးပြုနေကြရတဲ့ mobile phone အကြောင်းပါ။ telephone conversation, တို့ English for making phone calls တို့ဆိုတာမျိုးရေးပေးမှာမဟုတ်ပါဘူး။ အဲဒီလို speaking lessons တွေကတော့ speaking စာအုပ်ထဲရှာလေ့လာလို့ရပါတယ်။ သွားရင်းလာရင်း လူငယ်တွေနဲ့တွေ့ကြုံရသမျှ သတိထားမိတာလေးတစ်ခုက mobile phone တော့တချိန်လုံးသုံးနေကြတာပါပဲ။ သို့သော် လိုအပ်လာလို့ "ငါ့ဖုန်းထဲမှာ ပိုက်ဆံမကျန်တော့ဘူး" လို့အင်္ဂလိပ်လို ပြောဖို့လိုလာရင် မြန်မာလိုပဲတွေးကြတော့ "My phone has no bill." လို့ပြောချလိုက်တာမျိုးအမှားတွေကို ခဏခဏကြုံဖူးပါတယ်။ ဒီလိုဝါကျမျိုးဟာ native speaker တွေ ချာချာလည်သွားစေနိုင်ပါတယ်။ bill ဆိုတာက ဖုန်းကုမ္ပဏီက တစ်လတစ်ခါ အိမ်သို့ပို့ပေးတဲ့ ဖုန်းအသုံးပြုမှုအတွက် ကောက်ခံငွေတောင်းစာပါ။ phone bill ပေါ့။ ကိုယ့်ဖုန်းထဲမှာ ပိုက်ဆံမရှိတော့ဘူး၊ ပိုက်ဆံနည်းနေပြီဆိုရင်တော့ "ငါ့ဖုန်း ဘေလ်မရှိတော့ဘူး" "My phone has no bill." ဆိုတာမျိုးပြောလို့မရပါဘူး။ ဒါ့ကြောင့် ဒီ post

နာမည်ခေါ်ပေးပါလား (ထွဏ်းသွေးအိမ်) Trs by Dr.Soe Than

Image
နာမည်ခေါ်ပေးပါလား (ထွဏ်းသွေးအိမ်) Call My Name မင်း ခရီးသွားတိုင်း ဘုရားစင်ရှေ့ ပုံမှန်ထက် (၂) ခေါက် ပိုရောက်တယ် ဖုန်းထဲလည်း ဘေလ် လုံလုံလောက်လောက် ထည့်ရ ဘယ်နား ရောက်ပြီလဲ ဆက်ရ ဂရုစိုက်ပါလို့ စာတွေပို့ရ ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ Whenever you travel, I find myself before the shrine twice more than usual. I top up my phone sufficiently, and call to find out where you are, send you messages, asking you to take care. Well, that's what love is all about. အခုအနေထားထက် မင်း ငါ့ကို ပိုမြင်လာရင် ကော်ဖီတူတူသောက်မယ် ကဗျာတွေ ရွတ်ပြမယ် မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ သူတွေရဲ့ အိမ်ရှေ့ လက်ချင်းချိတ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်မယ် ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ If you could consider me more favorably, we would have coffee together, and I would recite you poems. We would walk hand in hand many times in front of the houses of those who said you would never love me. Well, that's wha