Posts

Showing posts from May, 2018

English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂) (ဒေါက်တာစိုးသန်း)

English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂) အင်္ဂလိပ်စကားကို သွက်လက်စွာပြောနိုင်တဲ့ ကျောင်းသားကြီးတွေတချို့တောင် အမှတ်တမဲ့ဆိုရင် နားလည်မှုလွဲနိုင်စေတတ်တဲ့ ဝါကျအတိုလေးတွေ၊ စကားပြော အသုံးအနှုန်းလေးတွေကို ကျွန်တော် မကြာခဏရေးပေးခဲ့ဖူးပါတယ်။ အမှတ် (၁) မှာ ... Speak of the devil Look what the cat's brought in! It's a small world. Long time no see. Come again. Between you, me and the gate-post Bless you. As it were Look here. Not to worry. Come to think of it Look who is talking. Or else Are there bears in the woods? I must love you and leave you. စတဲ့ Speaking မှာ native speakers တွေ သုံးကြတဲ့ စကားဖြည့်၊ စကားထောက်၊ filler phrases လေးတွေကို ဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်။ ဒီစကားလေးတွေဟာ အင်္ဂလိပ်စကားပြောတိုင်းပြည်တွေမှာ native speakers တွေဟာ သူတို့ယဉ်ကျေးမှုအရ ပြောတတ်တဲ့ စကားစလေးတွေ၊ အာမေဍိတ်တွေ၊ နှုတ်ခွန်းဆက်စကား ဝါကျတိုလေးတွေပါ။ မကြုံဖူး မကြားဖူးရင် အင်္ဂလိပ်စာအတော်အသင့်တတ်ထားတဲ့သူတွေတောင်မှ အူကြောင်ကြောင်ဖြစ်သွားစေတတ်တာလေးတွေမို့လို

အင်္ဂလိပ်ဝေါဟာရ လေ့လာချက် (ဒေါက်တာစိုးသန်း)

အင်္ဂလိပ်ဝေါဟာရ လေ့လာချက် အရင် ကျွန်တော် ဝေါဟာရစုဆောင်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ vocabulary enrichment အတွက် post တွေအများကြီးရေးပေးခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း vocabulary ဘက်ကိုပြန်လှည့်ကြရအောင်။ ကျွန်တော် ဆယ်တန်းကျောင်းသားတုန်းက အင်္ဂလိပ်စာကို ဆိပ်ကမ်းသာလမ်းထဲက ဆရာဦးမြင့်ဆွေထံမှာ ကျုရှင်တက်ခဲ့တယ်။ ဆရာက grammar သင်တော့ human senses အာရုံနဲ့ပတ်သက်တဲ့ "မြင်၊ ကြား၊ နံ့ ၊ သိ၊ ရသာရှိ" to see, to hear, to smell, to know, to taste ဆိုတဲ့ verb တွေကို များသောအားဖြင့် continuous tense မသုံးရဘူးဆိုပြီး လင်္ကာလေးနဲ့ မှတ်မိအောင်သင်ပေးခဲ့တယ်။ ဆရာကြီးကတော့ အဲဒီအချိန်က ဆယ်တန်းကျောင်းသား သိရမဲ့ အတိုင်းအတာကို သင်ပေးခဲ့တာပေါ့။ သို့သော် နောက်ပိုင်းမှာ မိမိဘာသာထပ်ပြီး အသေးစိတ်လေ့လာတော့မှ ဒီ verb တွေကို continuous tense သုံးလို့ရတယ်၊ သို့သော် အဓိပ္ပါယ်သီးသန့်ဖြစ်သွားတတ်တယ်ဆိုတာကို သတိထားမိခဲ့တယ်။ ဥပမာ.... I see her. ငါ သူ့ကို မြင်တယ်၊ တွေ့တယ်။ (မျက်လုံးနဲ့ ကြည့်လို့မြင်ရတာ)  ဒီလိုဝါကျကို I am seeing her. ငါသူ့ကိုမြင်နေတယ် လို့ English grammar မှာ continuous tense နဲ့မသုံးဘူးတဲ့။ ဒါဆိုရင် I am see