Posts

Showing posts from October, 2019

------ နိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ (ဒေါက်တာစိုးသန်း)

Image
------ နိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ကိုယ်တွေရဲ့ မြန်မာသဒ္ဒါနဲ့ English grammar မတူတဲ့အချက်များထဲမှတစ်ခုကတော့ to express a strong wish or desire အလွန်ပြင်းပြတဲ့ ဆန္ဒ၊ ကိုယ်အရမ်းဖြစ်ချင်နေသော်လည်း မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကိုဖော်ပြရာမှာ I wish တို့ If only တို့ရဲ့နောက်မှာ past simple သို့မဟုတ် past perfect tense ကိုလိုက်သုံးပေးရတာပါ။ Subjunctive wish လို့ခေါ်တယ်။ အထက်တန်းကျောင်းအောင်ထားပြီးသူလောက်ဆိုရင် အောက်မှာပေးထားတဲ့ဝါကျမျိုးတွေကို မှန်အောင် ရေးတတ် ပြောတတ်သင့်ပါတယ်။ I wish you were here with us. မင်း ငါတို့နဲ့အတူ ဒီမှာရှိနေရင် သိပ်ကောင်းမှာပဲ။ (I wish you are here with us. လို့ မသုံးဘူး။ I wish you were....  ဆိုပြီး past tense ကိုသုံးရတယ်။ တကယ်အတူရှိမနေလို့ ရှိစေချင်တဲ့ ဆန္ဒ) I wish you did not live so far away. မင်း အဲဒီလောက်အဝေးကြီးမှာ မနေရင်ကောင်းမှာ။ (မင်းနဲ့ငါ အိမ်နီးရင်ကောင်းမယ်။) I wish I had more time and money. ငါ့မှာ အချိန်နဲ့ ပိုက်ဆံပိုရှိရင် သိပ်ကောင်းမှာ။ I wish I had not drunk so much last night. ငါ မနေ့ညက အဲဒီလောက်ကြီး မသောက်ခဲ့သင့်