Posts

Showing posts from August, 2020

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၀၀) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၀၀) 1. He is the one person I can trust. သူက ငါ ယုံကြည်ရတဲ့တစ်ဦးတည်းသောသူပဲ။ 2. I was in two minds about whether to go with him. ငါ သူနဲ့သွားရမလား၊ မသွားရဘူးလား မဆုံးဖြတ်နိုင်ခဲ့ဘူး။  3. You have to discuss about water pollution in threes. မင်းတို့ ရေညစ်ညမ်းမှုအကြောင်းကို သုံးယောက်တစ်ဖွဲ့ဆွေးနွေးရမယ်။ 4. He is down on all fours playing with the puppy. သူခွေးလေးနဲ့ဆော့နေတော့ လေးဖက်ထောက်ပြီးသွားနေတာ။  5. Take five! အလုပ်လုပ်တာ ခဏရပ်မယ်ဟေ့။ 6. It’s six of one and half a dozen of the other. ခေါင်းမရှောင်ကြေးနော်၊ အားလုံးမှာ တာဝန်ရှိတယ်။ 7. When the visitors arrived, we were still at sixes and sevens. ဧည့်သည်တွေရောက်လာတော့ တို့က ဖရိုဖရဲပဲရှိသေးတာ၊ ဘာမှမပြင်ဆင်ရသေးဘူး။ 8. I woke at eight today. ဒီနေ့ ရှစ်နာရီမှာ အိပ်ရာနိုးတာ။ 9. Nine times out of ten we can solve the problem over the phone. အမြဲတမ်းနီးပါးကတော့ တို့ ပြဿနာကို ဖုန်းဆက်ပြီးတော့ ဖြေရှင်းလို့ရတယ်။ 10. Ten to one he’ll have forgotten all what he said tomorrow. နောက်နေ့ဆို သူက ပြောခဲ့တာတွေ

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၉) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၉) 1. I loved that house from the moment I clapped eyes on it. အဲ့ဒီအိမ်ကို ငါ မြင်မြင်ချင်း ကြိုက်သွားတာ။ 2. You shouldn't have eyes bigger than your belly. မင်း စားနိုင်တာထက် ပိုမစားသင့်ဘူး။ (ချင့်ချိန်စားနော်) 3. No chance! မဖြစ်နိုင်ပါဘူးကွာ။ 4. Next Monday is clear; how about ten o'clock? လာမယ့်တင်္နလာနေ့ ဘာအစီအစဥ်မှမရှိဘူး၊ ၁၀ လောက်ဆိုရင်ရော ဘယ်လိုလဲ။ 5. I must be off now. ငါ အခုသွားရတော့မယ်။ 6. Make sure all the lights are off. မီးတွေအားလုံးပိတ်တာသေချာပါစေနော်။ 7. If you buy more than ten, they knock 10% off. မင်း ၁၀ခုထက်ပိုဝယ်ရင် သူတို့က ၁၀ ရာခိုင်နှုန်းလျှော့ပေးလိမ့်မယ်။ 8. As he leaned forward, his hat fell off. သူရှေ့ကိုကုန်းလိုက်တော့ ဦးထုပ်ကျွတ်ကျသွားတယ်။ 9. From now on, I will only be working in the mornings. အခုကစပြီး ငါ မနက်ခင်းတွေမှာပဲ အလုပ်လုပ်တော့မယ်။ 10. It’s exactly the kind of work I’ve been looking for. အဲ့တာက ငါရှာနေတဲ့အလုပ်အကိုင်မျိုး လုံးဝအတိအကျပဲ။ Apply them. Thx HZH Ref: LDOCE 5

ပြုံးပါ ပြုံးပါ လှအောင်ပြုံးပါ (HZH)

Image
  ပြုံးပါ ပြုံးပါ လှအောင်ပြုံးပါ (Kirk Franklin ၏ I smile သီချင်းမှ စာသားတချို့) I almost gave up, but a power That I can't explain Fell from Heaven like a shower အားလုံးနီးပါးကို ကျွန်တော် စွန့်လွှတ်ခဲ့ရပါတယ်၊ ကောင်းကင်ကကျလာတဲ့ မိုးရေစက်တွေလို ကျွန်တော်ရှင်းမပြတတ်တဲ့ စွမ်းအားတစ်ခုက လွဲရင်ပေါ့ Now အခုတော့ When I think how much better I'm gon' be when this is over အားလုံးပြီးဆုံးသွားလို့ ကျွန်တော် ဘယ်လောက်ပိုတော်လာမလဲဆိုတာ တွေးမိတဲ့အခါ I smile, ကျွန်တော်ပြုံးမိတယ်။ Even though I hurt, see, I smile နာကျင်နေပေမယ့်လည်း၊ ကြည့် ဒီမှာ ကျွန်တော် ပြုံးနေပါတယ်။ I know God is working so I smile ဘုရားကလည်း သူ့အလုပ်သူ မှန်မှန်ကန်ကန်လုပ်နေမယ်ဆိုတာသိလို့ ကျွန်တော် ပြုံးနေပါတယ် Even though I've been here for a while ဒီမိုးဒီရေဒီလိုအခက်အခဲတွေထဲမှာ ကျွန်တော် ခဏရောက်နေသော်လည်း What you do? I smile မင်းဘာလုပ်မလဲဆို ကျွန်တော်ပြုံးနေပါမယ်။ Come on, smile လုပ်ပါ၊ ပြုံးပစ်လိုက်စမ်းပါ။ It's so hard to look up when you've been down မင်း စိတ်ဓာတ်နေကျချိန်မှာ အရာအားလုံးဟာ တိုးတက်ဖို့ သိပ်ခ

New Normal Living Style & New Words (HZH)

Image
 New Normal Living Style & New Words နေထိုင်မှုပုံစံအသစ်နဲ့စကားလုံးအသစ်များ  langauge တစ်ခုဟာ အခြေအနေကိုလိုက်ပြီး အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ အခြေအနေတစ်ခုအပေါ်မူတည်ပြီး နဂိုသိပ်မသုံးကြတဲ့ Passive Vocabulary တွေဟာလည်း Active Vocabulary များ ဖြစ်လာသလို Vocabulary အသစ်တွေလည်း ပေါ်လာပါတယ်။ အမေရိကန်သမတ Donald Trump က Virus အစမှာ It's going to disappear one day. လို့ လွယ်လွယ်ပြောခဲ့တာတွေ I think the 3.4 percent (fatality rate) is really a false number လို့ ပြောခဲ့တာတွေကြောင့် သူ့ကို Covidiot လို့ ခေါ်ကြပါရော။ Covidiot ဆိုတာ covid နဲ့ ပက်သက်လို့ အများရဲ့အကြံပေးချက်တွေကို မလိုက်နာတဲ့သူ၊ အစိုးရထုတ်ပြန်ထားတဲ့ covid နဲ့ ပက်သက်တဲ့ လမ်းညွှန်ချက်များကို မလိုက်နာတဲ့သူကို covidiot လို့ ခေါ်ပါတယ်။ ပြီးရင် မနေ့က ဆရာဒေါက်တာစိုးသန်း ပြောပြတဲ့ zoomwear တဲ့၊ ZOOM meeting လုပ်ရမှာ ZOOM ကနေ Online စာသင်တဲ့အခါ ကင်မရာမှာပေါ်တဲ့ အပေါ်ပိုင်းကတော့ formal ကျကျဝတ်စားပြီး အောက်ပိုင်းကတော့ အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်ဆင်တာကို zoomwear လို့ခေါ်သတဲ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အပေါ်က အဖြူရင်ဖုံးဆံထုံးနဲ

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၈) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၈) 1. We hardly ever go out. ငါတို့ အပြင်သိပ်မထွက်ဖြစ်ဘူး။ 2. Nothing lasts for ever. ဘယ်မရာမှမမြဲပါဘူး။ (တနေ့ကျ အားလုံးပြီးဆုံး ပျောက်ကွယ်သွားမှာပါ) 3. You never ever offer to help! ဘယ်တော့မှ မင်းက ကူညီပေးဖို့ စမပြောဖူးဘူး။ 4. As ever, he is late. ထုံးစံအတိုင်းပေါ့၊ သူနောက်ကျတယ်။ 5. More often than not the train is late. အမြဲလိုလို ရထားကနောက်ကျတတ်တယ်။ 6. He just laughed at me, as per usual. သူလုပ်နေကျအတိုင်းပဲပေါ့၊ ငါ့ကို လှောင်ခဲ့တာ။ 7. We’ve had no luck as yet. ခုထိ ကံတရားက တို့ကို မျက်နှာသာမပေးသေးဘူး။ 8. Don’t go yet. I like talking to you. မသွားသေးနဲ့ဦး၊ ငါ မင်းနဲ့စကားပြောရတာ ကြိုက်တယ်။ 9. How far is it to the station? ရထားဘူတာအထိ ဘယ်လောက်ဝေးလဲ။ 10. No sooner said than done. အချိန်မဆွဲဘဲ ချက်ချင်းလုပ်လိုက်ပါမယ်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၇) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၇) 1. I can’t stand people smoking around me. ငါ့နားမှာ လူတွေဆေးလိပ်သောက်တာကို ငါမကြိုက်ဘူး။ 2. He is always ready to help us. သူက အမြဲတမ်း တို့ကို ကူညီချင်တာ။ 3. You're to wait here until I return. ငါပြန်လာတဲ့အထိ မင်း ဒီမှာ စောင့်ပေးရမယ်။ 4. I’ve never heard of him, to be quite honest. ရိုးရိုးသားသားပြောရရင် သူ့ကို ငါ ကြားကိုမကြားဖူးတာ။ 5. How do you like living in Sagaing? စစ်ကိုင်းမှာနေရတာ တော်တော်ကြိုက်လား။ 6. There’s something I’d like to tell you. ငါမင်းကို ပြောချင်နေတာ ရှိတယ်။ 7. I can give you her phone number, if you like. မင်းလိုချင်ရင် သူ(မ)ရဲ့ဖုန်းနံပါတ် ပေးမယ်လေ။ 8. Just keep quiet – you’re in enough trouble as it is. ငြိမ်ငြိမ်သာနေစမ်းပါ၊ မင်းမှာလဲ ကိုယ့်ဒုက္ခနဲ့ကိုယ် ရှိနေပြီးသားကို။ 9. I’ve never seen so many people here before! ဒီနေရာမှာ ဒီလောက်လူအများကြီး မတွေ့ဖူးဘူး။ 10. If you want to go home, just say so. မင်းအိမ်ပြန်ချင်ရင် ပြောသာပြောလိုက်နော်။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၆) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၆) 1. I’ve said I’m sorry – what more do you want? ငါတောင်းပန်ပြီးပြီလေ၊ မင်းဘာထပ်လိုချင်သေးတာလဲ။ 2. Just say you won the lottery – what would you do first? မင်း ထီပေါက်ပြီဆိုပါစို့ကွာ၊ ဘာအရင်လုပ်မှာလဲ။ 3.Can I go, Mum? Please say yes! အမေ ကျွန်တော်သွားလို့ရလား၊ ခွင့်ပြုပေးပါနော်။ 4. I’m not saying it’s a bad idea. အဲ့အကြံကမကောင်းဘူးလို့ ငါဆိုလိုတာမဟုတ်ပါဘူး။ 5. I couldn’t say who will win. ဘယ်သူအနိုင်ရသွားမလဲ ငါမသိဘူး။ 6. What do you say we all go to a movie? တို့အားလုံး ရုပ်ရှင်သွားကြည့်မလို့ မင်း သဘောတူလား။ 7. You can say that again! ငါ လုံးဝထောက်ခံတယ်ဟေ့။ 8. Anywhere you want to go, just say the word! မင်း သွားချင်တဲ့နေရာကိုသာ ပြောလိုက်ပါ။ 9. I wouldn’t say no to a coffee. ကော်ဖီသောက်ချင်တယ်။ 10. The cake does look good, I must say. ကိတ်မုန့်က ကောင်းမဲ့ပုံပဲဟေ့။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၅) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၅) 1. He’s a very picky eater. သူက အစားဇီဇာကြောင်တဲ့သူ။ 2. Go wash up before dinner. ညစာမစားခင် လက်သွားဆေးလိုက်ဦး။ 3. It is not safe to walk the streets at night. ညမှာ မြို့ထဲလမ်းတွေမှာ လမ်းလျှောက်သွားရတာ ဘေးကင်းတာမဟုတ်ဘူး။ 4. Have you driven far? ခရီးဝေးကားမောင်းဖူးလား။ 5. As far as I can see, there’s nothing else to discuss. ငါသိသလောက်ကတော့ တခြားဆွေးနွေးစရာကိစ္စ မရှိဘူး။ 6. The school is only a short walk from my house. ကျောင်းက ငါ့အိမ်ကနေ လမ်းလျှောက်သွားရင်ကို ရတယ်၊ နီးနီးလေး။ 7. It’s going to be difficult – time is short. ခက်ခဲလိမ့်မယ်ကွာ၊ အချိန်ကနည်းနေပြီ။ 8. It looks like a big house, but inside it’s a different story. ကြည့်ရတာတော့ အိမ်အကြီးကြီးနဲ့တူတယ်၊ ဒါပေမယ့် အတွင်းမှာကျ ထင်သလိုမဟုတ်ဘူး။ 9. It’s the same old story – too much work and not enough time. ခါတိုင်းလိုပဲပေါ့ကွာ၊ အလုပ်ကများပြီး အချိန်ကမလောက်။ 10. To cut a long story short တိုတိုနဲ့လိုရင်းကိုပြောရမယ်ဆိုရင် Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၄) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၄) 1. I have been sick with flu. တုပ်ကွေးမိပြီး ဖျားနေပြီ။ 2. I think the smell’s getting worse. အနံ့က တဖြည်းဖြည်းပိုဆိုးလာတယ်လို့ ထင်တယ်။ 3. Are you still mad at me? မင်း ငါ့ကို စိတ်ဆိုးနေတုန်းလား။ 4. He’s mad about computer games. ကွန်ပြူတာဂိမ်းတွေကို သူအရူးအမူးကြိုက်တာ။ 5. If we leave now we’ll be there before dark. တို့အခုထွက်မယ်ဆို အဲ့ဒီကို မမှောင်ခင် ရောက်လိမ့်မယ်။ 6. I have no job and nowhere to live. ငါ့မှာ အလုပ်အကိုင်လည်းမရှိ၊ နေစရာလည်းမရှိ။ 7. OK, you win – we’ll go to the movies. ကောင်းပြီ၊ မင်းပြောသလိုလုပ်မယ်၊ တို့ ရုပ်ရှင်သွားကြည့်ကြမယ်။ 8. Watch it, there’s a car coming. သတိထား၊ ကား လာနေတယ်။ 9. You’d better watch your step – he’s the boss here. မင်း အနေအထိုင်ဆင်ခြင်သင့်တယ်၊ ဒီမှာ သူဌေးရှိတယ်။ 10. I haven’t been feeling right all day. တနေ့လုံး ငါ နေသိပ်မကောင်းဘူး။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၃) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၃) 1. Shut the door, will you? တံခါးပေါက်ပိတ်ပေးပါဦး။ 2. I should stay in bed if I were you. မင်း အိပ်ရာထဲနေပါလားကွာ။ (ငါသာဆို အဲ့လိုလုပ်မှာ) 3. Might I borrow your pen? မင်းရဲ့ဘောပင်လေး ငှားပေးပါလား။ 4. I could do with a hot drink. ပူတာလေးတစ်ခုခု သောက်ချင်တာကွာ။ 5. Maybe they’re right, but maybe not. သူတို့မှန်နိုင်သလို၊ မှားလည်းမှားနိုင်တယ်။ 6. I'm having a thin time. ပိုက်ဆံက နည်းနေတော့ ခက်ခဲတယ်ကွာ။ 7. He’s a nice guy, but he’s a bit thick. သူကလူကောင်းတစ်ယောက်ပါ၊ နည်းနည်းပိန်းတာက လွဲလို့ပေါ့။ 8. It took me the longest time to figure out how to open the windows. ပြတင်းပေါက်တွေဖွင့်ဖို့ ငါ့မယ် အကြာကြီးကို စဉ်းစားလိုက်ရတာ။ 9. He’s got a serious car! သူ့မှာ အလန်းစားကားကြီးရှိတယ်။ 10. I’m tired of watching television; let’s go for a walk. တီဗွီကြည့်ရတာပျင်းလာပြီကွာ၊ လမ်းလျှောက်ထွက်ကြစို့။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၂) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၂) 1. The shop’s open till nine o'clock on Fridays. သောကြာနေ့တွေဆို ဆိုင်က ၉ နာရီအထိ ဖွင့်တယ်။ 2. They came in by the back door. အနောက်ဖက်တံခါးပေါက်ကနေ သူတို့ ဝင်လာကြတာ။ 3. Eggs are sold by the dozen. ကြက်ဥတွေကို ဒါဇင်လိုက် ရောင်းတယ်။ 4. Day by day, he grows weaker. တနေ့ထက်တနေ့ သူ အားပိုနည်းလာတယ်။ 5. One by one, the men stepped forward. လူကြီးတွေ တစ်လှမ်းချင်း ရှေ့တိုးလာတယ်။ 6. I’m really into rock music. ရော့ခ်ဂီတာကို ငါ တကယ်ကြိုက်တာ။ 7. Eight into twenty-four is three. ၂၄ ကို ၈နဲ့စားရင် ၃ ရပါတယ်။ 8. I'm so sleepy, I can’t keep my eyes open. တအားအိပ်ချင်နေပြီ၊ မျက်လုံးကို ဆက်မဖွင့်နိုင်တော့ဘူး။ 9. I see what you mean. မင်းပြောတာကို ငါနားလည်တယ်။ 10. I can’t see a thing without my glasses. မျက်မှန်တပ်မထားရင် ဘာမှကိုမမြင်ရတာ။ Apply them. Thx HZH Ref: LDOCE 5

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၁) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၁) 1. Money doesn’t grow on trees. ပိုက်ဆံမဖြုန်းကြနဲ့နော်။ 2. You can call me any time, night or day. အချိန်မရွေး မင်း ငါ့ကို ဖုန်းဆက်လို့ရတယ်နော်။ 3. I think I’ll have an early night. ငါ စောစောအိပ်ရာဝင်ဖြစ်မယ် ထင်တယ်။ 4. I had a bad night last night. မနေ့ညက ဖျားနေတော့ ကောင်းကောင်းမအိပ်ရဘူး။ 5. You're welcome to stay the night if you like. မင်း ဆန္ဒရှိရင် တို့အိမ်မှာ ညအိပ်လို့ရတယ်ဗျာ၊ ကြိုဆိုလျက်ပါ။ 6. Don't let the grass grow under your feet! အချိန်ဖြုန်းမနေနဲ့၊ အချိန်ဆွဲမနေနဲ့ကွာ။ 7. Why don’t you go and grab some sleep? ခဏတဖြုတ် သွားပြီး မှေးလိုက်ပါဦးလား။ 8. Take off your shoes so you don’t mark the floor. ဖိနပ်ချွတ်နော်၊ ကြမ်းပြင်ပေပွမသွားအောင်လို့။ 9. The sound is growing louder. အသံက တဖြည်းဖြည်း ကျယ်လာပြီ။ 10. Make a mark at the bottom of the page. စာမျက်နှာအောက်ခြေမှာ အမှတ်အသားလေး လုပ်လိုက်ဦး။ Apply them. Thx HZH Ref: LDOCE 5

Interest - အတိုး (HZH)

Image
 Interest - အတိုး  interest ဆိုတာ  the extra money that you must pay back when you borrow money ကိုယ်ချေးယူထားတဲ့ငွေကို ပြန်ဆပ်တဲ့အခါ ပေးဆောင်ရတဲ့ အပိုငွေပါ။  compound interest - နှစ်ထပ်တိုး၊ (မူလငွေရော၊ မပေးရသေးတဲ့အတိုးငွေအပေါ်မှာရော တွက်တဲ့အတိုးငွေ) simple interest - အတိုးရိုးရိုး (မူလချေးယူထားသောငွေအပေါ်တွင်သာ ပေးဆောင်ရသည့်အတိုးငွေ) ရွာထဲမှာ အကုန်ဒဏ်ခံနေရတာက `နေ့ပြန်တိုး´ ပါ။ ချေးငွေ loan ရဲ့တွဲလုံးလေးတွေ 1) take out a loan - ချေးငွေယူသည်။ 2) repay/pay off/pay back a loan - သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ချေးငွေပြန်လည်ဆပ်သည်။ 3) give somebody a loan - ချေးငွေပေးသည်။ 4) ask for/apply for a loan - ချေးငွေရယူရန် လျှောက်ထားသည်၊ တောင်းဆိုသည်။ 5) secure a loan (on something) - ချေးငွေကို အချိန်မီပြန်မဆပ်နိုင်သည် တစ်စုံတစ်ခုပေးရန် သဘောတူသည်။ 6) a bank loan - ဘဏ်ချေးငွေ 7) a home/car loan - အိမ်အတွက်ချေးငွေ၊ ကားအတွက်ချေးငွေ။ 8) a personal loan - အသင်းအဖွဲ့၊ လုပ်ငန်းများကို မဟုတ်ဘဲ လူတစ်ဦးကိုပေးသောချေးငွေ။ 9) a business loan - လုပ်ငန်းတစ်ခုခုကို ချေးပေးသောချေးငွေ။ 10) a student loan - တက္ကသို

အချစ်စာမျက်နှာ (ဒေါက်တာစိုးသန်း)

 အချစ်စာမျက်နှာ ( Covid ဖြစ်ကာစအချိန် လွန်ခဲ့တဲ့ငါးလက တင်ခဲ့တဲ့ post) သူက တစ်ရွာ ကိုယ်က တစ်မြို့မှာ။ လေယာဥ်ပျံကြီးတွေလည်း မပျံနိုင်ကြတော့ဘူး။ ခန္ဓာကိုယ်ကိုသာ quarantine လုပ်ထားလို့ရမယ်၊ မင်းကို သတိရတဲ့စိတ်ကို lockdown ချထားလို့မရလို့ ကဝိကျော်အချို့ရဲ့ အချစ်စာမျက်နှာဟောင်းတွေကို ပြန်ဖွင့်ဖတ်ပြီး သတိရခြင်းများ လေလှိုင်းပေါ်မှ ပေးပို့လိုက်တယ်။ 💜The way to love anything is to realize that it may be lost. — Gilbert K. Chesterton ဆုံးရှုံးရတတ်တယ်ဆိုတဲ့ အသိနဲ့သာ ဘာမဆိုကို ချစ်တတ်ပါ။ ❤️There is only one happiness in this life, to love and be loved. — George Sand ဒီဘဝမှာ ပျော်စရာဆိုလို့ တစ်ခုသာရှိတယ်၊ ကိုယ်ချစ်သူက ပြန်ချစ်တာခံရခြင်းပါ။ 💜At the touch of love everyone becomes a poet. — Plato အချစ်နဲ့ထိတွေ့လိုက်ရင် လူတိုင်းဟာ ကဗျာဆရာတွေဖြစ်သွားကြရော။ ❤️If I had a flower for every time I thought of you… I could walk through my garden forever. — Alfred Tennyson မင်းကို လွမ်းဆွတ်တိုင်းသာ ကိုယ် ပန်းတစ်ပွင့်ရခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ပန်းဥယျာဥ်ကြီးထဲ ထာဝရလမ်းလျှောက်လို့ ရနေလောက်ပြီ။ 💜Tis better to have

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၀) (HZH)

  Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၀) 1. I’ll phone you again when I get home. အိမ်ရောက်ရင် ငါ မင်းကို ဖုန်းပြန်ဆက်မယ်။ 2. He doesn’t know who to vote for. ဘယ်သူ့ကို မဲပေးရမလဲ သူမသိဘူး။ 3. What did you do that for? မင်း ဘာလို့ အဲ့တာလုပ်လိုက်တာလဲ။ 4. Whose keys are those? အဲ့တာ ဘယ်သူရဲ့သော့တွေလဲ။ 5. I have no idea why the television isn’t working. တီဗွီက ဘာလို့ဖွင့်မရတာလဲ ငါလဲ မသိဘူး။ 6. Why on earth didn’t you ask me to help? အံ့ပါ့ကွာ၊ မင်း ဘာလို့များ ငါ့ကို အကူအညီမတောင်းခဲ့တာလဲ။ 7. He’s angry with me and I don’t know why. သူ ငါ့ကို စိတ်ဆိုးနေတာ၊ ဘာလို့လဲတော့ ငါ မသိဘူး။ 8. The twins are so alike I can never tell which is which. အမြွှာတွေက တအားကိုတူနေတော့ ငါ မခွဲတတ်ဘူး။ 9. I don’t know how to get to your house. မင်းရဲ့အိမ်ကို ဘယ်လိုသွားရမလဲ ငါ မသိဘူး။ 10. If you won’t tell him, then I will. မင်း သူ့ကို ပြောမပြရင် ငါပြောလိုက်မယ်နော်။ Apply them. Thx HZH Ref: LDOCE 5