Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၅) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၅)

1. He’s a very picky eater.
သူက အစားဇီဇာကြောင်တဲ့သူ။
2. Go wash up before dinner.
ညစာမစားခင် လက်သွားဆေးလိုက်ဦး။
3. It is not safe to walk the streets at night.
ညမှာ မြို့ထဲလမ်းတွေမှာ လမ်းလျှောက်သွားရတာ ဘေးကင်းတာမဟုတ်ဘူး။
4. Have you driven far?
ခရီးဝေးကားမောင်းဖူးလား။
5. As far as I can see, there’s nothing else to discuss.
ငါသိသလောက်ကတော့ တခြားဆွေးနွေးစရာကိစ္စ မရှိဘူး။
6. The school is only a short walk from my house.
ကျောင်းက ငါ့အိမ်ကနေ လမ်းလျှောက်သွားရင်ကို ရတယ်၊ နီးနီးလေး။
7. It’s going to be difficult – time is short.
ခက်ခဲလိမ့်မယ်ကွာ၊ အချိန်ကနည်းနေပြီ။
8. It looks like a big house, but inside it’s a different story.
ကြည့်ရတာတော့ အိမ်အကြီးကြီးနဲ့တူတယ်၊
ဒါပေမယ့် အတွင်းမှာကျ ထင်သလိုမဟုတ်ဘူး။
9. It’s the same old story – too much work and not enough time.
ခါတိုင်းလိုပဲပေါ့ကွာ၊ အလုပ်ကများပြီး အချိန်ကမလောက်။
10. To cut a long story short
တိုတိုနဲ့လိုရင်းကိုပြောရမယ်ဆိုရင်
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)