"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)


 "နှာဘူးကို English လို ဘယ်လိုပြောမလဲ"


သုံးရက်ဆက်တိုက်မေးနေကြတဲ့မေးခွန်း...


"နှာဘူးကို ဘယ်လိုခေါ်ပါသလဲ" တဲ့


တဏှာရူးကို မေးတာလို့ယူဆတယ်။

ဒါမျိုးမေးရင် များသောအားဖြင့် ယုံနှာစေးနေခဲ့ပေမဲ့ ဒါလည်းပဲ လက်တွေ့အသုံးချအင်္ဂလိပ်စာမှာ သိထားသင့်တာဖြစ်လို့ ပြန်ဖြေပေးလိုက်ပါတယ်။


နှာဘူး၊ တဏှာရူးကို sex pot ဆိုရင်မှားပါတယ်။ sex pot က sexy ဖြစ်တာ၊ sexually attractive ဖြစ်တဲ့သူကိုခေါ်တာပါ။ များသောအားဖြင့် မိန်းခလေးတွေကိုရည်ညွန်းတယ်။

What a sex pot she is!

တယ်ချောပါလား။ ဟော့တယ် (She is hot!)


နှာဘူးကို sex maniac လို့သုံးကြပါတယ်။ အဲဒါနဲ့ပတ်သက်ရင် အလွန်အကြူးစိတ်ဝင်စားသူ၊ ထိန်းမနိုင်သိမ်းမရဖြစ်သူပေါ့။

sex maniac လိုပဲ အသုံးများတဲ့ အဓိပ္ပါယ်တူ အခြားစကားလုံးများ သိချင်ရင်မှတ်ပါ။ အားလုံးဟာ Noun တွေပါ။


🖤sex maniac

🖤dirty old man (နှာဘူးကြီး)

🖤pervert

🖤lecher

🖤sleazebag


ခေါင်းမူးလို့ရှုဖို့ နှာဘူး ရှုဆေးကတော့ inhaler, sniff box စသည်ဖြင့်သုံးကြပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

With love,

Dr.Soe Than

August 17, 2017


Comments

  1. စောက်မြင်ကပ်တာကိုအင်္ဂလိပ်လိုဘယ်လိုပြောရလဲ

    ReplyDelete

Post a Comment

Popular posts from this blog

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)