Posts

Showing posts from December, 2017

ဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၁) မှ....

Image
 ဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၁) မှ.... ၁။ Long story short လေမရှည်ဘဲ တိုတိုနဲ့လိုရင်းပြောရမယ်ဆိုရင် to make a long story short လို့လည်းသုံးတယ်။ ဒါလေးကို တခုခုအကြောင်း ပြန်ပြောပြနေရင်းနဲ့ ဝါကျ အစမှာထားပြီး အတိုချုပ်ပြောရင်သုံးတယ်။ Long story short, I was young and foolishly in love back then. တိုတိုပြောရရင်ကွာ အဲဒီတုန်းက ငယ်သေးတော့ အချစ်ရူးပေါ့။ ၂။ At the end of the day အဆုံးမှာတော့၊ အားလုံးကိုခြုံငုံစဉ်းစားကြည့်ရင်၊ အဆုံးကျတော့ At the end of the day, whatever I say doesn't matter. We just have to do what the boss says. အပြီးသတ်ကျတော့ ငါဘာပြောပြော အရေးမပါပါဘူး၊ သူဌေးပြောတာပဲ လုပ်ကြရမှာ။ ၃။ Put it there! နိုင်ငံခြားသားတစ်ယောက်နဲ့ အလုပ်စကားပြောနေရင်း သူက Put it there လို့ပြောရင် ဘာလုပ်ရမှာလဲ.... လုပ်ငန်းကိစ္စဆွေးနွေးတာ သဘောတူလို့ shake hands လက်ဆွဲနှုတ်ဆက်ခိုင်းတာ။ It's a deal! အလုပ်ဖြစ်ပြီဆိုတဲ့ သဘော။ လူငယ်တွေ high five လက်ဝါးရိုက်ကြရင်လည်း Put it there လို့ပြောကြတယ်။ ၄။ Do you get that a lot?     Yes, I get that a lot. ဒီမေးခွန်းက ဘာကိုမေးချင်တာလဲ..... မ

ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ

Image
 ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ (1) The penny drops Penny အကြွေစေ့လေး စက်ထဲကျသွားပြီဆိုတာ ဒီအသုံးမှာက ဦးနှောက်ဆိုတဲ့စက်ထဲကို အကြွေစေ့လေးထည့်ပြီး စက်နှိုးလိုက်သည့်ပမာ "နားလည်သွားပြီ" "ဗြုန်းကနဲ သဘောပေါက်ပြီ" "အလင်းရသွားပြီ" လို့ အဓိပ္ပါယ်ရပါတယ်။ When I showed him how to solve the Math problem, he looked confused for a moment, then suddenly the penny drops. ငါသူ့ကို သင်္ချာပုစ္ဆာတွက်ပြတော့ သူနည်းနည်း နားမလည်ပုံရတယ်။ ပြီးတော့ ချက်ချင်းဆိုသလို သဘောပေါက်သွားလေရဲ့။ (2) Say no more - ရင်းနှီးသူအချင်းအချင်းကြား သုံးလေ့ရှိသည်။ "မောနေမယ်၊ တော်တော့၊ သဘောပေါက်ပြီ၊ ဆက်မပြောနဲ့တော့" A : "I don't feel like talking to him now." B : "Say no more". A : ငါသူ့ကို စကားပြောချင်စိတ် မရှိသေးဘူး။ B : သဘောပေါက်တယ်၊ မပြောနဲ့တော့။ (3) Rather you than me "ဒါမျိုးတော့ မင်းပဲလုပ်ကွာ၊ ငါတော့မလုပ်ချင်ပါဘူး၊ တော်သေးတာပေါ့ ဒါမျိုးမလုပ်ရလို့" A : "I am having two teeth cut next week". B : "Rather you