Posts

Showing posts from July, 2018

Worth, Worthwile, Worthy ဘယ်လိုအသုံးကွာကြသလဲ (ဒေါက်တာစိုးသန်း)

Worth, Worthwile, Worthy ဘယ်လိုအသုံးကွာကြသလဲ စာသင်ရင်းနဲ့ သတိပြုမိတာ ကျာင်းသားကြီးတွေတချို့တောင် worth, worthwhile နဲ့ worthy စသည့် adjectives တွေကို မှန်အောင်မသုံးနိုင်တာတွေ့ရတယ်။ တချို့ကလည်း ဒီစကားလုံးတွေကို synonyms တွေလို့ အထင်မှားနေကြပုံရတယ်။ Dictionary သေသေချာချာမကြည့်ဘဲ ခပ်ပေါ့ပေါ့မှတ်တတ်ကြတဲ့ အကျင့်ကြောင့်ဖြစ်မှာပါ။ ဒီစကားလုံးလေးတွေဟာ အသုံးများလို့ ခဏခဏတွေ့နေရမဲ့ စကားလုံးလေးတွေ။ သူတို့ရဲ့ အသုံးလေးတွေကို မှန်ကန်စွာသိကြစေချင်လို့ နမူနာဝါကျပေါင်းများစွာနဲ့ ဒီPostမှာ ရှင်းပြပါ့မယ်။ 1. worth, 2. worthwhile နဲ့ 3. worthy ဆိုပြီး အမှတ်စဉ်နဲ့ တင်ပြပါ့မယ်။ 1. Worth worth ဟာ Adjective ဆိုရင် - အဖိုးမည်မျှထိုက်တန်သော၊ ကြွယ်ဝချမ်းသာသော လို့ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။ worth ဟာ Noun ဆိုရင် - တန်ဖိုး၊ အဖိုးငွေပမာဏ။ worthless (Adjective) ကတော့ သုံးမရသော၊ အသုံးမကျသော ကဲ ... နမူနာဝါကျလေးတွေဖတ်ပါ၊ မှတ်ပါ။ 📍This condo is worth 9 million Kyats. ဒီကွန်ဒိုဟာ ကျပ်၉သန်းတန်တယ်။ 📍How much is this car worth? ဒီကားဟာ ဘယ်လောက်တန်သလဲ။

English Speaking အတွက် သိသင့်တာလေးတွေ (ဒေါက်တာစိုးသန်း)

Image
 English Speaking အတွက် သိသင့်တာလေးတွေ ခပ်တိုတိုပြောပြချင်ပါတယ်။ ကိုယ်တွေရဲ့ စကားမှာလည်း တစ်ဦးကိုတစ်ဦး ယဉ်ယဉ်ကျေးကျေး ပြောဆိုကြမှ နားဝင်ချိုတာ လုပ်ငန်းဆောင်တာတွေ အဆင်ချောတာဖြစ်လို့ "ဒါလေး ကျေးဇူးပြု၍လုပ်ပေးပါလား" "ကျေးဇူးတင်ပါတယ်" လို့ပြောကြရသလို အင်္ဂလိပ်စကားမှာလည်း Please နဲ့ Thank you ကို လိုအပ်တဲ့နေရာမှာ အံဝင်ဂွင်ကျဖြစ်အောင်သုံးတတ်ဖို့ လိုပါတယ်။ အခုပြောပြချင်တာလေးက အင်္ဂလိပ်စကားပြောမှာ ကိုယ်က သူများကိုခိုင်းရာမှာ Please ကျေးဇူးပြု၍ ...... ဒါလေးလုပ်ပေးပါလားလို့ မပြောဘဲ Verb နဲ့သာ ဝါကျကိုစပြောလိုက်ရင် imperative sentence အမိန့်ပေးတဲ့ပုံစံပေါက်သွားတတ်လို့ ရင့်သီးရာရောက်တယ်၊ တစ်ဖက်လူကလည်း ကြိုက်မှာမဟုတ်ဘူး။ ဥပမာ Would you please pass me that book? နဲ့ Pass me that book. ဝါကျနှစ်ခုကို ယှဉ်ကြည့်ပေါ့။ ဒုတိယဝါကျဟာ Imperative ပုံစံ command ပေးသလိုဖြစ်နေတော့ မယဉ်ကျေးဘူးပေါ့။ အရမ်းရင်းတဲ့ သူငယ်ချင်းတွေနဲ့ကတော့ ကိစ္စမရှိပါဘူး။ အခု လိုရင်းပြောပြချင်တဲ့ အသုံးလေးတစ်ခုက --- What is the magic word? တဲ့။ ပြောရင်တော့ What's the magic word? လို့ အတိုပုံစံပြောရပါတယ်။ ဒီစကားရဲ့

ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့ ....အပိုင်း (၂) (ဒေါက်တာစိုးသန်း)

Image
ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့ ....အပိုင်း (၂)  ပြီးခဲ့တဲ့ post မှာ ဆရာ ဆရာမ အသစ်တွေကို မသိမဖြစ်သိထားသင့်တဲ့ စကားလုံးလေးတွေ orientation လုပ်ရာမှာ ရှင်းပြရကြောင်းရေးခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီ post မှာ.... class chemistry rapport learner differences traditional method rote learning/ memorization student-centered approach teacher-centered approach teacher-led activity chalk and talk content-based exam skill-based exam စသည့် စကားလုံးများကိုရှင်းပြခဲ့ပါတယ်။ အခု ..ဆက်ပြီး သိထားသင့်တဲ့ စကားလုံးလေးများကို ဆက်လိုက်ကြရအောင်။ 🍎"down from the pedestal" ဦးစွာ pedestal ဆိုတဲ့ စကားလုံးကို သိဖို့လိုပါတယ်။ ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို မြင်ယောင်ကြည့်ပါ။ ဗိုလ်ချုပ်ရုပ်ထုကို တင်ထားတဲ့ ပန်းပုရုပ်အောက်ခံခုံကို pedestal လို့ခေါ်တယ်။ ဒါကိုသိပြီဆိုရင်... "down from the pedestal" ဆိုတဲ့ သင်ကြားရေးမှာ သုံးတဲ့ စကားစုလေးကို နားလည်နိုင်ပါပြီ။ traditional teaching မှာ ဆရာဟာ

English Homophones:သံတူ အရေးကွဲ၊ အနက်ကွဲ အင်္ဂလိပ် စကားလုံးများ(ဒေါက်တာစိုးသန်း)

English Homophones:သံတူ အရေးကွဲ၊ အနက်ကွဲ အင်္ဂလိပ် စကားလုံးများ "မင်း ကားအသစ်ဝယ်မယ်ဆိုတာ ငါ သိခဲ့ပါတယ်" ဆိုတဲ့ဝါကျလေးကို အင်္ဂလိပ်လို ပြောကြည့်ပါ။ သိခဲ့ပါတယ် ဆိုတော့ know ရဲ့ past tense ဖြစ်တဲ့ knew ဆိုတဲ့ verb ကိုသုံးရမှာတော့ အားလုံးသိကြမှာပါ။ ဆိုတော့ အင်္ဂလိပ်လို ---- I knew you would buy a new car. ဆိုတဲ့ ဝါကျလေးရမယ်။ အဲဒီဝါကျကို အသံထွက်ပြီး ဖတ်ကြည့်ပါ။ ဟုတ်ကဲ့၊ နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ပါဦး။ ဘာကို သတိထားမိသလဲ။ ဒီဝါကျထဲက Verb ဖြစ်တဲ့ knew နဲ့ Adjective ဖြစ်တဲ့ new တို့ဟာ စာလုံးပေါင်းမတူ၊ အဓိပ္ပါယ်လည်း မတူကြသော်လည်း အသံထွက်တူနေကြတာကို သတိထားမိမှာပေါ့နော်။ Phonetic scripts သုံးပြီးဖော်ပြရင် knew  နဲ့ new နှစ်ခုစလုံးကို  /nju:/ လို့ရေးပြနိုင်ပါတယ်။ ဒီလိုပါပဲ-- "ငါ အနီရောင်စာအုပ်ကို ဖတ်ပြီးသွားပြီ" ကို အင်္ဂလိပ်လိုပြောရင် I've read the red book. ပေါ့။ ဒီမှာလည်း ဖတ်ခဲ့သည် read နဲ့ အနီရောင် red တို့ဟာ အသံထွက်တူနေကြပြန်တယ်။ အင်္ဂလိပ်စာမှာ အဲဒီလို စာလုံးပေါင်း Spelling မတူ၊ အဓိပ္ပါယ် meaning မတူသော်လည်း အသံထွက် pronunciation တူတဲ့ အသံထွက် နီးစပ်တဲ့ စကားလုံးလေးနှစ်ခ

Some Current Myanmar Slangs and Their English Equivalents (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents ဘီးကျဲတဲ့၊ ပလပ်ကျွတ်နေတာတဲ့၊ တစ်ဆုံးပို့တယ်နော်တဲ့---- ဘာတွေပါလိမ့်---- ပြီးခဲ့တဲ့လက ကျွန်တော် ရန်ကုန်ကိုခွင့်နဲ့ခဏပြန်ခိုက် အလုပ်ကိစ္စလေးတွေပြီးလို့ အားချိန်ရတာနဲ့ ကိုယ့်ရဲ့ တူလေးတွေ တူမလေးတွေနဲ့ အချိန်ပေးအတူနေဖြစ်တာများတယ်။ ကိုယ်နဲ့ သက်တူရွယ်တူ ငယ်သူငယ်ချင်းတွေက သူတို့ရဲ့ စားဝတ်နေရေး မိသားစုကိစ္စတွေနဲ့ ချာချာလည်နေကြတော့ ကိုယ့်အတွက်လည်း သူတို့အချိန်မပေးနိုင်ရှာကြတော့ မတွေ့ဖြစ်ကြပါဘူး။ တစ်ချို့ဆို ရိပ်သာတောင်ဝင်ပြီး တရားထိုင်နေကြပြီဆိုပဲ။ ဆိုတော့ကာ ကျွန်တော့အားချိန်လေးတွေကို ကိုယ့်ဖက်နဲ့ ကိုယ့်ရဲ့ မဟေသီဖက်က တူ တူမလေးတွေနဲ့ အတူအပြင်လျှောက်လည်၊ စကားပြောကြနဲ့ ကုန်စေရတာများပါတယ်။ သူတို့လေးတွေနဲ့ အတူနေ စကားပြောရတာ ယခုလက်ရှိ မြန်မာပြည်ရဲ့current young generation ကို အနီးကပ်လေ့လာခွင့်ရတာပေါ့။ သူတို့လေးတွေရဲ့ နုနယ် လတ်ဆတ်တဲ့ အတွေးအမြင်လေးတွေကို နားထောင်ရတယ်။ သူတို့တွေ ကျောင်းစာကို ဘယ်လိုလေ့လာနေကြသလဲ ကိုယ်အကဲခတ်နိုင်တယ်။ သူတို့မေးတဲ့ မေးခွန်းလေးတွေကိုလည်း ပြန်ဖြေပေးနိုင်တယ်။ အပြင်မှာ ထွက်နေတာကြာပြီဖြစ်တဲ့ ကျွန်တော့အတွက် နောက်ထပ်စိတ်ဝ

ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့ အပိုင်း(၁) (ဒေါက်တာစိုးသန်း)

Image
ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့  ကျွန်တော်ဟာ ပြည်ပမှာနေတာ နှစ်တော်တော်ကြာနေပြီဖြစ်လို့ လက်ရှိ မြန်မာပြည် ပညာရေးစနစ် အပြောင်းအလဲတွေကို ထဲထဲဝင်ဝင်မသိပါဘူး။ ကိုယ် ကျင်လည်နေရတဲ့ ပညာရေး ပါတ်ဝန်းကျင်နဲ့ ကိုယ် သင်ကြားပေးနေရတဲ့ ကျောင်းသားတွေ၊ ကိုယ်လေ့ကျင့်သင်ကြား ပေးနေတဲ့ ဆရာ ဆရာမတွေ အဲဒီအတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ဒီ ဆောင်းပါးကိုရေးလိုက်တာပါ။ ရေးရတဲ့ ရည်ရွယ်ချက်ကတော့ အင်မတန် ရိုးစင်းပါတယ်။ ကျွန်တော်တို့ ကျောင်းမှာ ဆရာအသစ်တစ်ယောက်ကို အလုပ်စခန့်လိုက်ပြီဆိုရင် သူ့အတွက် supervisor က orientation လုပ်ပေးရတယ်။ သူ့အတွက် teaching mentor သီးသန့် ခန့်ထားပေးရပါတယ်။ အင်္ဂလိပ်စာသင်ကြားရေး M.A. Elt ပညာရေးအဓိကနဲ့မဟာဘွဲ့M.Ed. တွေရလာသူဖြစ်ပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံနည်းသေးသူတွေဖြစ်လို့ အစပိုင်းမှာ အဲဒီလို ဆရာအသစ်လေးတွေကို supervisor/course coordinator က တစ်ပတ်တကြိမ် ၊ နှစ်ပတ်တကြိမ် ခေါ်ယူတွေ့ဆုံပြီး လိုအပ်တဲ့ အကြံတွေ လမ်းညွှန်မှုတွေပေးကြပါတယ်။ ကျွန်တော် အဲဒီလိုမျိုး ဆရာအသစ်တွေကို workshop တွေ orientation/teacher training တွေလုပ်ပေးရတိုင်း စဉ်းစားမိတာလေးက