Posts

Showing posts from April, 2020

"Different ways to say Thank You" (ဒေါက်တာစိုးသန်း)

Image
ကျေးဇူးတင်ပါတယ် Thank you so much. သူတပါးက ကိုယ့်ကိုကူညီလို့ ကျေးဇူးတင်ကြောင်း အင်္ဂလိပ်လို ပြောပုံ ရေးပုံလေးတွေကို မှန်ကန်စေချင်လို့ ဒီဆောင်းပါးရေးလိုက်ပါတယ်။ Thank ကို Verb လိုသုံးပုံကို အရင်ကြည့်ပါ။ I thank you for your help. (thank မှာ s မပါဘူး) She thanks you for your help. (thank မှာ s ပါတယ်။ she က singular subject မို့လို့) thank ကို Noun လိုသုံးရင်တော့ thanks ဟု အမြဲ s ထဲ့ပါ။ Thanks. You are really helpful. ထပ်ပြောမယ်... thank ကို verb လိုသုံးရင် subject အပေါ်မူတည်ပြီး s ထဲ့ဖို့လိုမလိုဆုံးဖြတ်ပါ။ thank ကို noun လိုသုံးရင် အမြဲ thanks ဆိုပြီး s ပေါင်းပေးပါ။ ထပ်ပြီး နမူနာလေးတွေကြည့်ပါ။ Thanks a lot. ကျေးဇူးအရမ်းတင်တယ်။ (thank ဟာ ဒီမှာ noun။ s ပါတယ်) Thanks very much. (noun, s ပါတယ်) Thank you very much. (verb, s မပါဘူး) Thank you so much. (verb, s မပါဘူး) My friend thanks you for your help. (verb, singular subject မို့ s ပါတယ်) We thank you for your support. (verb, plural subject မို့ s မပါဘူး) ဆက်ပြီး စကားပြောရာမှာ ကျေးဇူးတင်ကြောင်းပြောပုံတွေ

ဝေါဟာရတိုးပွား အကျိုးများ၏ (ဒေါက်တာစိုးသန်း)

Image
(တကယ်တတ်ချင်ရင် သေချာဖတ်ပါ။ Share လေးနှိပ်လိုက်ရုံနဲ့ မပြီးပါဘူး။ Vocabulary လေ့လာနည်းကို မေးသူရှိလို့ ထပ် တင်ပေးလိုက်ပါတယ်။) It pays to increase your word power. ဝေါဟာရတိုးပွား အကျိုးများ၏။ အင်္ဂလိပ်စာကို အခြေခံမှ စလေ့လာနေကြတဲ့ စာသင်သားတွေ တွေ့ကြရတဲ့ အခက်အခဲများထဲမှ တစ်ခုကတော့ vocabulary problem ပါ။ ဝတ္ထုတို တစ်ပုဒ်၊ သတင်းဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရင် ကိုယ်မသိသေးတဲ့ စကားလုံးတွေများလှတာကြောင့် လိုရင်းမရောက် အဓိပ္ပါယ်မပေါက်ဖြစ်နေတတ်ကြတယ်။ စာဖတ်ရင်းနဲ့ ကိုယ်မသိတဲ့ vocabulary words တွေများလိုက်တာ။ ဒီအခက်အခဲကို ဘယ်လိုဖြတ်ကျော်ရမလဲ။  စာဖတ်နေရင်းနဲ့ တွေ့သမျှ စကားလုံးအသစ်တွေကို Dictionary ထဲ ရှာကြည့်ရမှာလား။ ဆရာတော်တော်များများကတော့ ဒီအကျင့်ကို အားမပေးကြပါဘူး။ မသိတဲ့ စကားလုံးတိုင်းကို Dictionary ထဲလှန် အဓိပ္ပါယ်ရှာကြည့်နေရင် ဒီစာဖတ်တဲ့ အလုပ် ခရီးတွင်မှာမဟုတ်လို့ စကားလုံးတော်တော်များများကို (guess work) context ပေါ်မှာကြည့်ပြီး အဓိပ္ပါယ်ကို ခန့်မှန်းကြည့်ပြီး ဆက်ဖတ်ပါ။ အရေးကြီးတယ်လို့ ယူဆရတဲ့ စကားလုံးအချို့ကိုသာ Dictionary ဖွင့်ကြည့်ပါလို့ အကြံပေးတတ်ကြပါတယ်။ ကျွန်တော် ငယ်စဉ

တစ်၏စွမ်းအား (အမည်မသိစာဆို) Translated by Dr.Soe Than

Image
တစ်၏စွမ်းအား (အမည်မသိစာဆို) The Power of One (Anon) သီချင်းတစ်ပုဒ်ကြောင့် မီးဟုန်းဟုန်းတောက်ခဲ့တယ် A song caused a blazing fire. ပန်းတစ်ပွင့်ကြောင့် စိတ်ကူးတွေပွင့်ထွက်ခဲ့တယ် A flower could bring about epiphanies. သစ်ပင်တစ်ပင်ကြောင့် သစ်တောကြီးဖြစ်ခဲ့တယ် A tree could form a forest. ငှက်တစ်ကောင်ကြောင့် နွေဦးရောက်တာသိခဲ့တယ် A bird presaged the arrival of spring. အပြုံးတစ်ခုကြောင့် မိတ်ဆွေတွေဖြစ်ခဲ့တယ် A smile could forge friendships. လက်ခုပ်သံတစ်ချက်ကြောင့် စိတ်ဓာတ်တွေတက်ကြွခဲ့တယ် A hand clap helped  boost our morale. ကြယ်တစ်ပွင့်ကြောင့် သင်္ဘောတွေလိုရာကို ရွက်လွှင့်နိုင်ခဲ့တယ် A star enabled ships to set sail on their voyages. စကားလုံးတစ်လုံးကြောင့် ပန်းတိုင်ကို အခြေချနိုင်ခဲ့တယ် A word helped us to cross the finishing line. မဲတစ်ပြားကြောင့် လူမျိုးတစ်မျိုးလုံး ပြောင်းလဲခဲ့တယ် A ballot brought about change in the entire nation. နေရောင်ခြည်တစ်ကွက်ကြောင့် တစ်ခန်းလုံးလင်းခဲ့တယ် A spark of sunlight could lit up the ent