တစ်၏စွမ်းအား (အမည်မသိစာဆို) Translated by Dr.Soe Than


တစ်၏စွမ်းအား

(အမည်မသိစာဆို)

The Power of One
(Anon)

သီချင်းတစ်ပုဒ်ကြောင့် မီးဟုန်းဟုန်းတောက်ခဲ့တယ်
A song caused a blazing fire.

ပန်းတစ်ပွင့်ကြောင့် စိတ်ကူးတွေပွင့်ထွက်ခဲ့တယ်
A flower could bring about epiphanies.

သစ်ပင်တစ်ပင်ကြောင့် သစ်တောကြီးဖြစ်ခဲ့တယ်
A tree could form a forest.

ငှက်တစ်ကောင်ကြောင့် နွေဦးရောက်တာသိခဲ့တယ်
A bird presaged the arrival of spring.

အပြုံးတစ်ခုကြောင့် မိတ်ဆွေတွေဖြစ်ခဲ့တယ်
A smile could forge friendships.

လက်ခုပ်သံတစ်ချက်ကြောင့် စိတ်ဓာတ်တွေတက်ကြွခဲ့တယ်
A hand clap helped  boost our morale.

ကြယ်တစ်ပွင့်ကြောင့် သင်္ဘောတွေလိုရာကို ရွက်လွှင့်နိုင်ခဲ့တယ်
A star enabled ships to set sail on their voyages.

စကားလုံးတစ်လုံးကြောင့် ပန်းတိုင်ကို အခြေချနိုင်ခဲ့တယ်
A word helped us to cross the finishing line.

မဲတစ်ပြားကြောင့် လူမျိုးတစ်မျိုးလုံး ပြောင်းလဲခဲ့တယ်
A ballot brought about change in the entire nation.

နေရောင်ခြည်တစ်ကွက်ကြောင့် တစ်ခန်းလုံးလင်းခဲ့တယ်
A spark of sunlight could lit up the entire room.

ဖယောင်းတိုင် တစ်တိုင်ကြောင့် အမှောင်ကို ပျောက်စေခဲ့တယ်
A mere candle could expel darkness.

ရယ်သံတစ်ချက်ကြောင့် ပူဆွေးမှုတွေပျောက်ခဲ့တယ်
A merry laughter drove away sorrows.

ခြေတစ်လှမ်းကြောင့် ခရီးတစ်ခုကို အစပြုခဲ့တယ်
A single step marked the beginning of a journey.

စကားတစ်လုံးကြောင့် ဆုတောင်းမှုကိုစခဲ့တယ်
A word began the prayer.

မျှော်လင့်ချက်တစ်ခုကြောင့် စိတ်ဓာတ်တွေ မြင့်တက်စေခဲ့တယ်
A hope emboldened our spirits.

ထိတွေ့မှုတစ်ခုကြောင့် သတိပြုစေခဲ့တယ်
A touch raised our awareness.

အသံတစ်သံကြောင့် ဉာဏ်ပွင့်စေခဲ့တယ်
A sound enlightened us all.

နှလုံးသားတစ်ခုကြောင့် အမှန်တရားကိုသိစေခဲ့တယ်
A heart helped us see the truth.

ပြီးတော့
And then,

ဘဝတစ်ခုက ငါတို့အားလုံးကို ကွဲပြားခြားနားမှုတွေဖြစ်စေခဲ့တယ်။
a being helped make all the difference for us.
-----------------------------------------------------------

*Burmese Text Credit: ဆရာဦးတင်ညွန့်၏ဆောင်းပါးတွင်ဖော်ပြထားသည့်ကဗျာ။

*Picture credit:
Artist Tin Aung Kyaw
Copied 
မြန်မာပြည် ငြိမ်းချမ်းပါစေ .
Watercolor
15"x21"
Collection by E.lan Aung Aung

*Translation: Soe Than

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)