ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ

 ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ



(1) The penny drops


Penny အကြွေစေ့လေး စက်ထဲကျသွားပြီဆိုတာ ဒီအသုံးမှာက ဦးနှောက်ဆိုတဲ့စက်ထဲကို အကြွေစေ့လေးထည့်ပြီး စက်နှိုးလိုက်သည့်ပမာ "နားလည်သွားပြီ" "ဗြုန်းကနဲ သဘောပေါက်ပြီ" "အလင်းရသွားပြီ" လို့ အဓိပ္ပါယ်ရပါတယ်။


When I showed him how to solve the Math problem, he looked confused for a moment, then suddenly the penny drops.

ငါသူ့ကို သင်္ချာပုစ္ဆာတွက်ပြတော့ သူနည်းနည်း နားမလည်ပုံရတယ်။ ပြီးတော့ ချက်ချင်းဆိုသလို သဘောပေါက်သွားလေရဲ့။


(2) Say no more

- ရင်းနှီးသူအချင်းအချင်းကြား သုံးလေ့ရှိသည်။

"မောနေမယ်၊ တော်တော့၊ သဘောပေါက်ပြီ၊ ဆက်မပြောနဲ့တော့"


A : "I don't feel like talking to him now."

B : "Say no more".

A : ငါသူ့ကို စကားပြောချင်စိတ် မရှိသေးဘူး။

B : သဘောပေါက်တယ်၊ မပြောနဲ့တော့။


(3) Rather you than me

"ဒါမျိုးတော့ မင်းပဲလုပ်ကွာ၊ ငါတော့မလုပ်ချင်ပါဘူး၊ တော်သေးတာပေါ့ ဒါမျိုးမလုပ်ရလို့"


A : "I am having two teeth cut next week".

B : "Rather you than me".

A : ငါ့ရှေ့အပတ်မှာ သွား (၂) ချောင်း နှုတ်ရမယ်။

B : ငါမဟုတ်လို့တော်သေးရဲ့။


(4) Not have any of it

"လုံးဝစိတ်မပါဘူး၊ လုံးဝမလုပ်ချင်ဘူး" လို့ ငြင်းနေတယ်တဲ့။


I asked my friend to help out, but he wasn't having any of it.

ငါ့ကို ကူညီပေးဖို့ သူငယ်ချင်းကို ပြောပေမယ့် သူက လုံးဝစိတ်မဝင်စားဘူး။


(5) clever-clever

"သူများတွေက ကိုယ့်ကိုတော်တယ်လို့ အထင်ခံရရအောင် အရမ်းလုပ်ပြနေတာ၊ တော်ကြောင်း တတ်ကြောင်းကို ထုတ်ကြွားပြနေရတာတဲ့"


I wish Ko Ko would keep quiet at the meetings instead of just making clever-clever remarks.


6. When all is said and done

"လူတစ်ယောက်ကို ဒီကိစ္စမှာ အရေးကြီးဆုံး မှတ်ထားရမှာက ဘာလဲဆိုတာကို အထူးပြု ပြောဆိုရာမှာ သုံးပါတယ်"။

"နောက်ဆုံးတော့ကွာ.." "တကယ်သတ္တုချကြည့်ရင်တော့..." ဆိုတဲ့ စကားတွေနဲ့ ဆင်တူပါတယ်။


When all is said and done, you can only do your best.

နောက်ဆုံးတော့ လူတစ်ယောက်ဟာ သူစွမ်းနိုင်သလောက်သာ အကောင်းဆုံး လုပ်ပေးနိုင်မှာ မဟုတ်လား။


7. It doesn't hurt to do something.

It never hurts to do something.

"ဒါလေးလုပ်တာ မမှားပါဘူး၊ ဒါလေး လုပ်လိုက်တော့ ဘာဖြစ်မှာမိုလို့လဲ" စသည့် ပြောကြတာလေးတွေနဲ့ ဆင်တူပါတယ်။

✔ တစ်ယောက်ယောက်ကို ဒါလုပ်ထားရင် အသုံးဝင်ပါလိမ့်မယ်လို့ အကြံပေးရာမှာ သုံးတဲ့ စကားပါ"။


It doesn't hurt to check the flight departure time before you leave for thr airport.

လေယာဉ်ကွင်းမဆင်းခင် လေယာဉ်ထွက်မယ့် အချိန်ကို စစ်ကြည့်တာ အရှုံးမရှိပါဘူး။ လုပ်သင့်တာလေး လုပ်လိုက်ပါ။

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)