Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၁) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၉၁)

1. Money doesn’t grow on trees.
ပိုက်ဆံမဖြုန်းကြနဲ့နော်။
2. You can call me any time, night or day.
အချိန်မရွေး မင်း ငါ့ကို ဖုန်းဆက်လို့ရတယ်နော်။
3. I think I’ll have an early night.
ငါ စောစောအိပ်ရာဝင်ဖြစ်မယ် ထင်တယ်။
4. I had a bad night last night.
မနေ့ညက ဖျားနေတော့ ကောင်းကောင်းမအိပ်ရဘူး။
5. You're welcome to stay the night if you like.
မင်း ဆန္ဒရှိရင် တို့အိမ်မှာ ညအိပ်လို့ရတယ်ဗျာ၊ ကြိုဆိုလျက်ပါ။
6. Don't let the grass grow under your feet!
အချိန်ဖြုန်းမနေနဲ့၊ အချိန်ဆွဲမနေနဲ့ကွာ။
7. Why don’t you go and grab some sleep?
ခဏတဖြုတ် သွားပြီး မှေးလိုက်ပါဦးလား။
8. Take off your shoes so you don’t mark the floor.
ဖိနပ်ချွတ်နော်၊ ကြမ်းပြင်ပေပွမသွားအောင်လို့။
9. The sound is growing louder.
အသံက တဖြည်းဖြည်း ကျယ်လာပြီ။
10. Make a mark at the bottom of the page.
စာမျက်နှာအောက်ခြေမှာ အမှတ်အသားလေး လုပ်လိုက်ဦး။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)