New Normal Living Style & New Words (HZH)

 New Normal Living Style & New Words
နေထိုင်မှုပုံစံအသစ်နဲ့စကားလုံးအသစ်များ 



langauge တစ်ခုဟာ အခြေအနေကိုလိုက်ပြီး အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ အခြေအနေတစ်ခုအပေါ်မူတည်ပြီး နဂိုသိပ်မသုံးကြတဲ့ Passive Vocabulary တွေဟာလည်း Active Vocabulary များ ဖြစ်လာသလို Vocabulary အသစ်တွေလည်း ပေါ်လာပါတယ်။ အမေရိကန်သမတ Donald Trump က Virus အစမှာ It's going to disappear one day. လို့ လွယ်လွယ်ပြောခဲ့တာတွေ I think the 3.4 percent (fatality rate) is really a false number လို့ ပြောခဲ့တာတွေကြောင့် သူ့ကို Covidiot လို့ ခေါ်ကြပါရော။ Covidiot ဆိုတာ covid နဲ့ ပက်သက်လို့ အများရဲ့အကြံပေးချက်တွေကို မလိုက်နာတဲ့သူ၊ အစိုးရထုတ်ပြန်ထားတဲ့ covid နဲ့ ပက်သက်တဲ့ လမ်းညွှန်ချက်များကို မလိုက်နာတဲ့သူကို covidiot လို့ ခေါ်ပါတယ်။ ပြီးရင် မနေ့က ဆရာဒေါက်တာစိုးသန်း ပြောပြတဲ့ zoomwear တဲ့၊ ZOOM meeting လုပ်ရမှာ ZOOM ကနေ Online စာသင်တဲ့အခါ ကင်မရာမှာပေါ်တဲ့ အပေါ်ပိုင်းကတော့ formal ကျကျဝတ်စားပြီး အောက်ပိုင်းကတော့ အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်ဆင်တာကို zoomwear လို့ခေါ်သတဲ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ အပေါ်က အဖြူရင်ဖုံးဆံထုံးနဲ့ အောက်က PT ဘောင်းဘီနဲ့ ဝတ်ထားတယ်ဆိုတော့ ရယ်လိုက်ရတာ။ ဒါပေမယ့် new normal မှာ အဆင်ပြေတာပဲလေ။ ပြီးရင် အခုကာလမှာ ကြားရတာများလာတဲ့ စကားလုံးတွေက “self-isolating” ကိုယ့်ဘာသာ သီးသန့်နေခြင်း၊  “pandemic”, “quarantine”, “lockdown” တို့ကတော့ ဒီအတိုင်း တိုက်ရိုက်ခေါ်လိုက်ကြပါတယ်။ ရှေ့တန်းကနေ ရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို “key workers” တဲ့။ လှလိုက်တဲ့အသုံး။  "နေ့စဥ်ဘဝမှာ ခပ်ခွာခွာနေပါ" social-distancing ကလည်း အသုံးများလာပါတယ်။ ပြီးရင် ZOOM meeting တွေမှာ ထိန်းချုပ်ဆောင်ရွက်နေတာကို zoombombing လို့ သုံးပါတယ်။ တနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတော့ I'm doing WFH. လို့ပြောတော့ ဘာလဲဆိုတော့ WFH ဆိုတာ work from home ကို အတိုကောက် သုံးတာတဲ့။ New Normal ဆိုပြီး လူတွေလည်း နေထိုင်မှုပုံစံလည်း ပြောင်းလာသလို စကားလုံးအသစ်တွေလည်း ပေါ်လာပါတယ်။ New Normal မှာ New Words တွေပေါ့ခင်ဗျာ။


Thx

Apply them.

HZH


Ref:

Coronavirus has led to an explosion of new words and phrases – and that helps us cope

by Robert Lawson, Birmingham City University

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)