Interest - အတိုး (HZH)

 Interest - အတိုး 



interest ဆိုတာ  the extra money that you must pay back when you borrow money

ကိုယ်ချေးယူထားတဲ့ငွေကို ပြန်ဆပ်တဲ့အခါ ပေးဆောင်ရတဲ့ အပိုငွေပါ။ 


compound interest - နှစ်ထပ်တိုး၊ (မူလငွေရော၊ မပေးရသေးတဲ့အတိုးငွေအပေါ်မှာရော တွက်တဲ့အတိုးငွေ)


simple interest - အတိုးရိုးရိုး (မူလချေးယူထားသောငွေအပေါ်တွင်သာ ပေးဆောင်ရသည့်အတိုးငွေ)


ရွာထဲမှာ အကုန်ဒဏ်ခံနေရတာက `နေ့ပြန်တိုး´ ပါ။


ချေးငွေ loan ရဲ့တွဲလုံးလေးတွေ


1) take out a loan - ချေးငွေယူသည်။

2) repay/pay off/pay back a loan - သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ချေးငွေပြန်လည်ဆပ်သည်။

3) give somebody a loan - ချေးငွေပေးသည်။

4) ask for/apply for a loan - ချေးငွေရယူရန် လျှောက်ထားသည်၊ တောင်းဆိုသည်။

5) secure a loan (on something) - ချေးငွေကို အချိန်မီပြန်မဆပ်နိုင်သည် တစ်စုံတစ်ခုပေးရန် သဘောတူသည်။


6) a bank loan - ဘဏ်ချေးငွေ

7) a home/car loan - အိမ်အတွက်ချေးငွေ၊ ကားအတွက်ချေးငွေ။

8) a personal loan - အသင်းအဖွဲ့၊ လုပ်ငန်းများကို မဟုတ်ဘဲ လူတစ်ဦးကိုပေးသောချေးငွေ။

9) a business loan - လုပ်ငန်းတစ်ခုခုကို ချေးပေးသောချေးငွေ။

10) a student loan - တက္ကသိုလ်တက်ရန် ကျောင်းသားကို ချေးပေးသော ချေးငွေ။

11) a long-term/short-term loan -ရေရှည်ချေးသောချေးငွေ၊ ရေတိုချေးပေးသောချေးငွေ။

12) an interest-free loan - အတိုးမဲ့ချေးငွေ။

13) a low-interest loan - အတိုးနှုန်းသက်သာသောချေးငွေ။


Thx

HZH


Ref:

LDOCE 5

iAbidan Dictionary

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)