English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂) (ဒေါက်တာစိုးသန်း)
English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂)
အင်္ဂလိပ်စကားကို သွက်လက်စွာပြောနိုင်တဲ့ ကျောင်းသားကြီးတွေတချို့တောင် အမှတ်တမဲ့ဆိုရင် နားလည်မှုလွဲနိုင်စေတတ်တဲ့ ဝါကျအတိုလေးတွေ၊ စကားပြော အသုံးအနှုန်းလေးတွေကို ကျွန်တော် မကြာခဏရေးပေးခဲ့ဖူးပါတယ်။
အမှတ် (၁) မှာ ...
Speak of the devil
Look what the cat's brought in!
It's a small world.
Long time no see.
Come again.
Between you, me and the gate-post
Bless you.
As it were
Look here.
Not to worry.
Come to think of it
Look who is talking.
Or else
Are there bears in the woods?
I must love you and leave you.
စတဲ့ Speaking မှာ native speakers တွေ သုံးကြတဲ့ စကားဖြည့်၊ စကားထောက်၊ filler phrases လေးတွေကို ဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်။
ဒီစကားလေးတွေဟာ အင်္ဂလိပ်စကားပြောတိုင်းပြည်တွေမှာ native speakers တွေဟာ သူတို့ယဉ်ကျေးမှုအရ ပြောတတ်တဲ့ စကားစလေးတွေ၊ အာမေဍိတ်တွေ၊ နှုတ်ခွန်းဆက်စကား ဝါကျတိုလေးတွေပါ။ မကြုံဖူး မကြားဖူးရင် အင်္ဂလိပ်စာအတော်အသင့်တတ်ထားတဲ့သူတွေတောင်မှ အူကြောင်ကြောင်ဖြစ်သွားစေတတ်တာလေးတွေမို့လို့ အင်္ဂလိပ်စကားကို သူတို့လိုနီးပါး တတ်ကျွမ်းချင်သူတွေ၊ စိတ်ဝင်စားသူတွေ အတွက် နောက်ထပ် ဆယ်ခု ထပ်ရေးပေးလိုက်ပါတယ်။ မှတ်သားထားကြပါစို့ရဲ့။
16. There you go again!
ဒါကို မသိရင် "မင်း အဲဒီနေရာကို ထပ်သွားပါ" လို့ပြောတယ်လို့ထင်မိလိမ့်မယ်။ မဟုတ်ပါဘူး။ There you go again! ဆိုတဲ့ ဝါကျလေးကို လူတစ်ယောက်ဟာ ဒီလိုအမှားမျိုး၊ မကောင်းတဲ့ အပြုအမူကိုပဲထပ်ထပ်လုပ်နေတယ်လို့ ဝေဖန် အပြစ်တင်ရာမှာ သုံးပါတယ်။ ဒီလောက်တောင်ပြောထားရဲ့သားနဲ့ "မင်းကွာ လုပ်ချလိုက်ပြန်ပြီ" လို့ကိုယ်က သူများကို အပြစ်တင်လိုက်ပုံမျိုးပေါ့။ you နေရာမှာ he, she, they စသည်ဖြင့် လိုအပ်သလိုပြောင်းသုံးနိုင်တယ်။ ဥပမာလေးတွေနဲ့ မှတ်ပါ။
📍There you go again! I told you not to mess with my phone.
မင်းကတော့ လုပ်ပြန်ပြီကွာ။ ငါ့ဖုန်းကို မကလိပါနဲ့လို့ ပြောထားရဲ့သားနဲ့။
📍There he goes again, causing trouble.
ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီ၊ ပြဿနာတက်ပြီ။
17. The thing is....
Native speakers တွေ စကားပြောတာနားထောင်ကြည့်၊ စကားတွေအများကြီးပြောနေရင်းနဲ့ ရုတ်တရက် ဝါကျတစ်ခုကို The thing is လို့စလိုက်ပါလေရော။ The thing is ဆိုတာ ဘာကိုဆိုလိုတာလဲ။ What thing? ... What is that thing? လို့ နားမလည်လို့ သူ့ကိုပြန်မမေးလိုက်ပါနဲ့။ သူ အူကြောင်ကြောင်ဖြစ်သွားလိမ့်မယ်။ The thing is နဲ့ ဝါကျကိုစလိုက်ရင် ဖြေရှင်းချက်ပေးတာ၊ ရှင်းပြတာ၊ ဆင်ခြေပေးတာ၊ ကိုယ်ပြောနေတဲ့အချက်ကို အလေးပေးပြောဆိုတာ...စတဲ့ အဓိပ္ပါယ်တွေရပါတယ်။
📍I can't go shopping with you now. The thing is, I need to finish my homework that is due tomorrow.
ငါ မင်းနဲ့ ဈေးဝယ်မလိုက်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ထပ်ရမဲ့အိမ်စာကို ပြီးအောင်လုပ်စရာရှိသေးလို့။
📍The thing is to treat every student equally, when you're dealing with students from so many different countries.
အဓိက အရေးကြီးတာက ကျောင်းသားတိုင်းကို ကျောသား ရင်သားမခွဲခြားဘဲဆက်ဆံဖို့ပဲ၊ နိုင်ငံပေါင်းစုံက ကျောင်းသားတွေနဲ့ ဆက်ဆံနေရတာဆိုတော့လေ။
18. Excuse my ignorance, but....
ignore ဆိုတဲ့ verb ဟာ လျစ်လျုရှုသည်၊ မသိကျိုးကျွန်ပြုသည်။ သူ့ရဲ့ noun 'ignorance' ကတော့ မသိ နားမလည်မှု၊ ပညာဗဟုသုတမရှိခြင်း။ Excuse my ignorance ဆိုတာ 'ကျွန်တော မသိတာကို ခွင့်လွှတ်ပါ' လို့ ဝါကျမှာစပြောပြီး ကိုယ်သိချင်တဲ့ အကြောင်းကို မေးခွန်းမေးပုံပါ။ ယဉ်ယဉ်ကျေးကျေးပြောပုံ၊ formal ဖြစ်တဲ့ polite form လေးပါ။ အသုံးများလို့ သိထားသင့်တယ်။ Pardon my ignorance သို့မဟုတ် Forgive my ignorance လို့လည်း ပြောင်းသုံးတတ်ကြပါတယ်။
📍Excuse my ignorance, but what does UNESCO stand for?
မသိလို့မေးတာ စိတ်မရှိပါနဲ့။ UNESCO ရဲ့ အရှည်ကောက်က ဘာလဲဟင်။
📍Pardon my ignorance, but why do people here honk a lot while driving?
မသိလို့မေးတာပါ၊ ဒီကလူတွေ ဘာလို့ ကားမောင်းရင် ဟွန်းအရမ်းတီးကြတာလဲဟင်။
19. I take it back. (ငါ အဲဒါကိုပြန်ယူတယ်)
I take it back. ဆိုတဲ့ ဝါကျလေးကို နေ့စဉ်သုံး စကားပြောမှာ အရမ်းအသုံးများလို့ သိထားရမယ်။ သူ့ကို တိုက်ရိုက်ကြီး ဘာသာပြန်ချလိုက်ရင်တော့ "ငါ အဲဒါကို ပြန်ယူပါတယ်" ပေါ့။ တကယ့် အဓိပ္ပါယ်က ကိုယ်ပြောလိုက်တဲ့ စကားက သူများကို စိတ်ဆိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားစေလို့၊ ရိုင်းသလိုဖြစ်သွားလို့၊ မှားပြောမိလို့ စသည်ဖြင့် ကိုယ်ပြောမိတဲ့ စကားကို ပြန်ရုပ်သိမ်းပါတယ်၊ တောင်းပန်ပါတယ်လို့ ပြောတာပါ။
📍I didn't mean what I said - I take it back.
ကျွန်တော် အဲလိုပြောချင်တာမဟုတ်ရပါ၊ မှားပြီးပြောမိတာပါ။
📍All right, I take it all back. It wasn't your fault.
မှားပြီးပြောမိတာတွေ အကုန်ပြန်ရုပ်သိမ်းပါတယ်။ မင်းရဲ့ အပြစ်မဟုတ်ပါဘူး။
📍Sorry. I didn't mean to offend you. I was only trying to be funny. I take it back.
စိတ်မဆိုးစေချင်ပါ။ ကျွန်တော်က အပျော်အပျက်လုပ်မိတာပါ။ ပြောမိတဲ့ စကားလေးတွေ မမှတ်ထားပါနဲ့ဗျာ။
20. on balance
balance ဟာ နှစ်ဖက်ညီမျှမှု၊ ဟန်ချက်။ Formal ပုံစံနဲ့ ရုံးသုံး အခန့်သုံး အင်္ဂလိပ်စကားပြောမှာ၊ အစည်းအဝေးတို့ ဘာတို့မှာ on balance လို့ သုံးတာ ကြုံဖူးကြသလား။ on balance ရဲ့ အဓိပ္ပါယ်က after thinking about all the different facts and opinions ဆိုတော့ကာ အားလုံးကိုထည့်သွင်းစဉ်းစားပြီးတော့မှ ချိန်ဆပြီးပြောတာ၊ အဘက်ဘက်ကခြုံကြည့်လိုက်ရင်တော့ ဒီလိုမျိုးကောက်ချက်ချလို့ရပါတယ် ဆိုတဲ့သဘောပါ။
📍I would say that, on balance, it hasn't been a bad year.
အားလုံးခြုံကြည့်ပြီး ကောက်ချက်ချရမယ်ဆိုရင် ဒီနှစ် စီးပွားရေး သိပ်မဆိုးလှပါဘူး။
📍We have decided that, on balance, U Ko Ko is the best person for this position despite his lack of experience.
အားလုံးကိုထည့်တွက် စဉ်းစားလိုက်ရင် သူ့မှာအတွေ့အကြုံမရှိပေမဲ့ ဦးကိုကိုဟာ ဒီရာထူးအတွက် အကောင်းဆုံးလူဖြစ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။
21. Though I say it myself......
Though I say so myself.....
If I say so myself.....
ဒီစကားလေးတွေကတော့ သူငယ်ချင်းတွေနဲ့ စကားပြောကြရာမှာ အရမ်းအသုံးဝင်တာမျိုးလေးတွေ။ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုတဲ့ ဆိုရိုးရှိတယ်ဟုတ်။ တချို့က ကိုယ်ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်လှကြောင်း အားရပါးရပြောတတ်ကြပေမဲ့ humble ဖြစ်သူတွေက ဒါမျိုးထုတ်ဖေါ်ကြွားဝါပြောလေ့မရှိဘူး။ They prefer to keep a low profile. ခပ်လျိုလျှို ခပ်အေးအေးသာနေတတ်ကြတယ်။ အင်္ဂလိပ်စကားပြောမှာလည်း ကိုယ်ကောင်းကြောင်း၊ တော်ကြောင်းကို ပြောတဲ့အခါ Though I say it myself. ကိုယ့်အကြောင်းကိုယ်ပြန်ကြွားသလိုဖြစ်နေပြီ၊ ငါ့ကိုယ်ငါမို့လို့ပြောတာမဟုတ်ဘူး...စသည့် စကားထောက်လေးသုံးတတ်တဲ့ ယဉ်ကျေးမှုလေးရှိတာကို မှတ်စေချင်တာပါ။
📍Although I say it myself, I think I am rather good at Maths.
ကိုယ့်အကြောင်းကိုယ်ကြွားသလိုဖြစ်နေပြီ၊ ငါက သင်္ချာ တော်တော်လေးတော်တယ်။
📍This chicken curry I've cooked is so yummy, though I say so myself.
ငါချက်ထားတဲ့ ကြက်သားဟင်းက အရသာရှိလိုက်တာ၊ ကိုယ်ချက်ထားလို့ ကိုယ်ပြောတာမဟုတ်ဘူး။
22. My point exactly.
အတိအကျပေါ့။ ငါ ပြောတာအဲဒါပေါ့။ မင်းပြောလိုက်တာနဲ့ ငါပြောချင်တာ တစ်ထပ်တည်းကျတယ်၊ သဘောတူတယ်....စသည်ဖြင့် အဓိပ္ပါယ်တွေရပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကို တစ်ဖက်သားက သဘောတူရင် အဲဒီစကားလေးနဲ့ My point exactly. လို့ထောက်ခံတတ်တာကိုမှတ်ထားပါ။
📍So even if they give us the permission now, we cannot begin the construction in the rainy season.
သူတို့က ခွင့်ပြုမိန့်ချထားပေးခဲ့ရင်တောင်မှ မိုးတွင်းကြီးမှာ ဆောက်လုပ်ရေး စလို့မဖြစ်ဘူး။
My point exactly.
ကျွန်တော်လည်း အဲဒါကိုပြောတာ။
23. Are you with me?
မင်း ငါနဲ့ အတူရှိရဲ့လားလို့ ဘာသာပြန်မချလိုက်နဲ့နော်။
Are you with me? ဆိုတာ Do you understand me? မင်း ငါပြောတာ နားလည်ရဲ့လား။ Are you following me? မင်း ငါပြောတာကို နားထောင်နေရဲ့လား... စတဲ့ အဓိပ္ပါယ်ပါ။ ဆရာက အတန်းထဲမှာ စာရှင်းပြနေရင်းနဲ့ ကျောင်းသားတွေ နားလည်ရဲ့လား၊ လိုက်နိုင်ရဲ့လားလို့ သိချင်လို့ Are you with me? လို့မေးလိုက်ပုံမျိုးပေါ့။
24. Let me put it this way.
ဒီလိုဝါကျလေးတွေကို မကြားဘူးတဲ့သူအတွက်တော့ put it ဆိုတာ ဘာကြီးလဲ၊ this way ဟာ ဒီလမ်း....ဆိုတော့ကာ..ဘယ်လိုပါလိမ့်ပေါ့နော်။
ကိုယ်က စကားပြောနေရင်းနဲ့၊ ရှင်းပြနေရင်းနဲ့ တစ်ဖက်သား နားမလည်မှာ စိုးရိမ်လို့ "ကဲ...ဒါလေးကို ဒီလိုပြောင်းပြီးပြောကြည့်မယ်ကွာ" ဆိုတာကို Let me put it this way. လို့ပြောကြတယ်။ တခါတလေလည်း ကိုယ်ပြောမဲ့စကားက မှန်ပေမဲ့ နည်းနည်းရိုင်းသလိုဖြစ်နေမှာစိုးရင်လည်း Let me put it this way. လို့ အစချီပြီးပြောတတ်ကြတယ်။
📍Let me put it this way, she is pretty and all, but she's certainly not intelligent.
အေး ပြောချလိုက်တော့မယ်ကွာ။ သူက ရုပ်တော့ချောပါရဲ့ ပညာဉာဏ်တော့မရှိဘူး ဆိုရမယ်။
25. How shall I put it?
အင်း...ဘယ်လိုပြောရမလဲပေါ့နော်....
ဘယ်လိုပြောရမလဲဆိုတော့...စသည်ဖြင့် cele တွေ မင်းသမီးတွေကို interview လုပ်ရင် ပြန်ဖြေဖို့ စကားကို စဉ်းစားဟန်လေးနဲ့ ပဲလေးနဲ့ပြန်ပြောပုံလေးကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်ပါ။
📍You asked me about the new teacher. Well, how shall I put it? Um... he seems to know the subject very well, but his teaching skills could be better.
မင်းက ငါ့ကို ဆရာအသစ်အကြောင်းမေးတာနော်။ အင်း...ဘယ်လိုပြောရမလဲ... သူ့ဘာသာရပ်ကိုတော့ သူသိပါတယ်၊ သင်ကြားပုံတော့ သိပ်မကောင်းလှဘူး။
ဒီ How shall I put it? ဆိုတဲ့ စကားလိုပဲ အလားတူ
"Hmm, how can I put it for you?" ဆိုတာလေးလည်း ထပ်မှတ်လိုက်ပါ။ "အင်း...မင်းနားလည်အောင် ငါ ဘယ်လိုပြောရမလဲဆိုတော့ကာ..." လို့အဓိပ္ပါယ်ရပါတယ်။
ကဲ...ဒီနေ့ အသစ်မှတ်စရာ စကားလေးတွေ ဆယ်ခုဆိုတော့ မနည်းလွန်း မများလွန်း အနေတော်လေးပေါ့။
မြန်မာကျောင်းသားတွေအတွက် မကြုံဖူး၊ မကြားဖူးရင် အမှတ်မှား၊ နားလည်မှုလွဲစေနိုင်မဲ့ အသုံးလေးတွေ၊ စကားပြောမှာ သိထားသင့်တဲ့ filler phrases လေးတွေကို စဉ်းစားမိသလောက်၊ အချိန်ရသလောက် ဆက်ရေးပေးပါ့မယ်။ အင်္ဂလိပ်စာလေ့လာနေသူ လူငယ်များအတွက် စိတ်ဝင်စားစရာကောင်းမယ်၊ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
With love,
Dr.Soe Than
May 22,2018

Comments
Post a Comment