Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၁) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၁)
1. When I call your name, go and stand in line.
မင်းရဲ့နာမည်ကိုခေါ်လိုက်ရင် သွားပြီးတန်းစီနော်။
2. It’s cheaper to make calls after 11 pm.
ည (၁၁)ကျော်မှဖုန်းခေါ်ရင် ပိုဈေးချိုတယ်။
3. There can be no doubt that he is guilty.
သူ့မှာအပြစ်ရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။
4. I can’t understand why you’re so upset.
မင်းအခုလိုဘာလို့စိတ်ပျက်နေတာလဲဆိုတာ ငါတော့ နားမလည်ဘူး။
5. How can you be so stupid!
မင်းကွာတုံးလိုက်ပါဘိ။
6. Sorry, Ko Aung, no can do.
စိတ်တော့မကောင်းဘူး ကိုအောင်ရာ၊ မင်းခိုင်းတာ ငါမလုပ်နိုင်ဘူး။
7. You can’t park here – it’s a no parking zone.
မင်း ဒီနေရာမှာ ကားထိုးလို့မရဘူး၊ ဒီနေရာက ကားမရပ်ရ နယ်မြေမို့ပါ။
8. For goodness' sake, don’t be late!
အရေးကြီးလို့ပါ၊ နောက်မကျပါနဲ့နော်။
9. We’ll save a lot of time if we go by car.
ကားနဲ့သွားရင် တို့ အချိန်အများကြီး အကုန်သက်သာမှာ။
10. Thanks again for the loan – you really saved my life.
ချေးငွေအတွက် ကျေးဇူးထပ်တင်ပါတယ်၊ မင်းကတော့ ငါ့ကို ကယ်တင်လိုက်ပြန်ပြီ။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment