လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၁) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၁)

Wish & If only

‘Wish’ and ‘If only’ can be used with ‘would’ and ‘past tenses’.

‘wish’ နဲ့ ‘if only’ ကို ‘would’ ၊ ‘past tense’ တို့နဲ့တွဲပြီး အသုံးပြုနိုင်ပါသည်။

These structures express ‘regrets’ and ‘wishes’ for unlikely or impossible things.

ဒီ wish နဲ့ if only ကို ‘ဖြစ်နိုင်ခြေမရှိသော၊ မဖြစ်နိုင်သော အခြေအနေများအတွက်’ နောင်တရတာ၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ဖော်ပြပြောဆိုဖို့အတွက် သုံးပါတယ်။

Past tenses are used to talk about the present.

ဒီနေရာမှာ လက်ရှိပစ္စပ္ပုန်ကာလကို ပြောဖို့ ‘wish’, ‘if only’ တို့ကို past tense နဲ့တွဲပြီး သုံးရပါတယ်။

I wish I was better looking.

ငါ အခုထက်ပိုပြီးကြည့်ကောင်းချင်တာ။

I wish I spoke French.

ငါ ပြင်သစ်စကားပြောတတ်ချင်တာ။ (ပြောတတ်ရင်ပိုကောင်းမှာကွာ)

If only I knew more people!

ငါ အခုထက် လူတွေအများကြီးပိုပြီးသိရမှာကွာ။ (ပိုပြီးသိချင်တာ)

‘Were’ can be used instead of ‘was’, especially in a formal style.

အထူးသဖြင့် formal ပုံစံတွင် ‘was’ နေရာတွင် ‘were’ ကို အစားထိုးသုံးစွဲနိုင်ပါတယ်။

He wishes he were better looking.

သူက ရုပ်ပိုချောချင်တယ်၊ ဒီထက်ရုပ်ချောချင်တဲ့ ဆန္ဒရှိတယ်။

we use ‘would’ to talk about that ‘we would like people to do’.

‘ကိုယ်က လူတွေကိုလုပ်စေချင်တဲ့အရာ၊ ဖြစ်စေချင်တဲ့အရာ’ ကို ပြောဆိုဖို့အတွက် ‘wish’, ‘if only’ ကို ‘would’ နဲ့ တွဲပြီး သုံးနိုင်ပါတယ်။

This often expresses ‘dissatisfaction’ or ‘annoyance’: it sounds critical.

ဒါက စိတ်ပျက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ၊ ဝေဖန်တဲ့အနေနဲ့ ပြောဆိုတဲ့အခါ သုံးပါတယ်။

I wish you would go home.

ငါကတော့ မင်းကို အိမ်ပြန်စေချင်တာ။ (အခုလိုအချိန်က အိမ်မှာရှိနေသည့်တာကို)

If only the postman would come!

စာပို့သမား လာစေချင်တာ။ (လာရမှာကို ဘယ်သဝေထိုးနေလဲမသိ)

ဒီပုံစံကို လူတွေကိုသာမက အရာဝတ္တုပစ္စည်းတွေအကြောင်းကိုပြောရာမှာလည်း သုံးနိုင်ပါတယ်။

I wish this damned car would start.

ဒီကားစုတ်ကြီးကို စက်နိုးစေချင်တယ်။ (အမြဲပျက်နေတာ၊ စီးရတယ်ကိုမရှိ)

If only it would stop raining!

မိုးတိတ်ရင်ဘယ်လောက်ကောင်းမလဲ၊ တိတ်စေချင်တာ။

We use ‘past perfect’  tense to express regrets in the past.

အတိတ်မှာလုပ်ခဲ့တဲ့အရာတွေနဲ့ ပက်သက်ပြီး လုပ်ခဲ့ရင်ကောင်းမှာ၊ မလုပ်ခဲ့ရင်ကောင်းမှာ စသည်ဖြင့် နောင်တရတာကို ဖော်ပြပြောဆိုဖို့ ‘wish’ , ‘if only’ ကို past perfect tense နဲ့ တွဲပြီး သုံးနိုင်ပါတယ်။

I wish you hadn’t said that.

မင်းအဲ့တာကို မပြောခဲ့စေချင်ဘူး၊ မပြောခဲ့ရင်ကောင်းမှာကွာ။

Now she wishes she had gone to university.

အခုတော့ သူ(မ) တက္ကသိုလ်တက်ခဲ့ရင်ပိုကောင်းမှာလို့ သိနေပြီ။

If only she hadn’t told the police, everything would be all right.

သူ(မ) သာ ရဲတွေကို မပြောပြခဲ့ရင်ကွာ အခုအချိန် အားလုံးအဆင်ပြေချောမွေ့နေမှာ။

Apply them.

Thx

HZH

Ref:

page 269

How English Works

by Michael Swan & Catherine Walter



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)