လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၂) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၂) (HZH)

 Verb + two objects

English မှာ တချို့ verb တွေဟာ Object နှစ်လုံး သုံးနိုင်ပါတယ်။
Indirect Object (the first Object) ရယ်၊ Direct Object (the second Object) ရယ် ဆိုပြီး နှစ်မျိုးလိုက်ပါတယ်။
indirect object (IO) က a person (or) a group of people ဖြစ်တတ်ပြီး၊ direct object (DO) က thing ဖြစ်ပါတယ်။

e.g. Can you bring me (IO) some milk (DO)?

I read Su Su (IO) a story (DO).


🚩 အဲ့ဒီလို object နှစ်ခုလိုက်နိုင်တဲ့ verb တွေမှာ Object ရဲ့ order ကိုလည်း ပြောင်းရေးလို့ရပါတယ်။ ဆိုလိုတာက DO ကို IO ရဲ့ရှေ့မှာ ထားသုံးလို့ရပါတယ်။ အဲ့ဒီအခါ to (သို့) for ကို IO ရှေ့မှာ သုံးပေးရတယ်။ အဲ့ဒီလို to/for + IO ကို prepositional object လို့ခေါ်ပါတယ်။

e.g. Can you pass me that bandage? (OR) Can you pass that bandage to me?

👉 ဘယ်အချိန်မှာ DO ကို IO ရှေ့ထားမလဲ။
to/for နောက်က IO ကို focus လုပ်ချင်တဲ့အခါဖြစ်ဖြစ် (သို့) IO က DO ထက် ရှည်နေရင်ဖြစ်ဖြစ် (ဥပမာ- Noun phrase လိုမျိုးဆို) IO ကို နောက်မှာ ထားရေးပါတယ်။

e.g. I have ever taught English to a large number of students in my village.

🚩IO ရှေ့မှာ to သုံးပေးရတဲ့ verb များ

DO ကို IO ဆီကို transfer ( ကူးပြောင်းပေးတယ်) ဆိုတဲ့ အဓိပ္ပါယ်နဲ့သုံးတယ်ဆို IO ရှေ့မှာ to သုံးရပါတယ်။

အဲ့လို verb တွေကတော့ award, give, hand, lend, offer, owe, pass, show, teach, tell, throw

🚩 IO ရှေ့မှာ for သုံးပေးရတဲ့ verb များ

IO က DO ကို ရရှိတယ် (receive)၊ DO ကနေ အကျိုးရရှိတယ် (benefit) ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေးရင်တော့ IO ရဲ့ရှေ့မှာ for သုံးပေးရပါတယ်။

အဲ့လို verb တွေကတော့ book, build, buy, catch, choose, cook, fetch, find, get, make, order, pour, save

🚩 IO ရဲ့ရှေ့မှာ to/for နှစ်မျိုးလုံးသုံးနိုင်သော verb များ

bring, leave, pay, play, post, read, sell, send, sing, take, write စတဲ့ verb တွေဟာ to/for နှစ်မျိုးလုံးနဲ့ တွဲသုံးလို့ရပါတယ်။ အဓိပ္ပါယ်တော့ ကွာတာပေါ့နော်။ to IO ဆိုရင် transfer ဆိုတဲ့ အဓိပ္ပါယ်၊ for IO ဆိုရင် benefits ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ။

e.g. I hadn't got time to visit Min Min, so I wrote a letter to him.
ကျွန်တော် မင်းမင်းဆီကို လည်ဖို့အချိန်မရလို့ သူ့ဆီကို စာရေးခဲ့တယ်။

Zin Zin had broken her wrist and couldn't hold a pen, so I wrote a letter for her.
ဇင်ဇင်က လက်ကောက်ဝတ်ကျိုးပြီး ဘောပင်ကို မကိုင်နိုင်တာနဲ့ ကျွန်မသူ့အတွက် စာလေးတစ်စောင် ရေးပေးခဲ့တယ်။ (ဇင်ဇင်ကို ကူရေးတာ)


👉 တခါတလေမှာ to သုံးသုံး for သုံးသုံး အဓိပ္ပါယ် သိပ်မကွာတတ်ပါဘူး။
Can you sing that song again to me?
Can you sing that song again for me?


🚩 DO က pronoun ဖြစ်နေတဲ့အခါမျိုးမှာတော့ DO to/for + IO ကိုပဲ သုံးလေ့ရှိပါတယ်။ to/for မသုံးဘဲ IO ကို ရှေ့ကထားရေးတဲ့ပုံစံကို bad style လို့ ယူဆပြီး ရှောင်ကျပါတယ်။

I gave them to Tun Tun. (rather than I gave Tun Tun them)

We bought it for them. (rather then We bough them it.)


🚩 တချို့သော verb တွေဟာ Object နှစ်ခုလိုက်လို့ရပေမယ့် to/for IO ပုံစံနဲ့ ရေးလို့မရတာတွေလည်း ရှိပါတယ်။

e.g. We all envied him his lifestyle.
(❌ We all envied his lifestyle to/for him.)


အဲ့လိုမျိုး တခြား verb တွေကတော့ allow, ask, cost, deny, forgive, guarantee, permit, refuse

🚩 DO to+ IO ပုံစံပဲ အသုံးပြုနိုင်သော verb များ

ဒါကတော့ Active ပုံစံကနေ passive
ပုံစံကိုပြောင်းတဲ့အခါမျိုး၊ စာကြောင်းတွေကို passive ပုံစံနဲ့ ရေးတဲ့အခါ သတိထားရမယ့် verb တွေပါ။ DO to+ IO ပုံစံနဲ့ပဲ ရေးလို့ရပါတယ်။


e.g.✔She described the situation to me.
❌ She described me the situation.

✔The situation was described to me.

❌ I was described the situation.


အဲ့လို တခြား verb တွေကတော့ admit, announce, demonstrate, explain, introduce, mention, point out, prove, report, say, suggest

🚩 DO + for IO ပုံစံနဲ့ပဲ အသုံးပြုနိုင်သော verb များ
ဒါကလည်း Active ပုံစံကနေ passive ပုံစံကိုပြောင်းတဲ့အခါမျိုး၊ စာကြောင်းတွေကို passive ပုံစံနဲ့ ရေးတဲ့အခါ သတိထားရမယ့် verb တွေပါ။ DO for+ IO ပုံစံနဲ့ပဲ ရေးလို့ရပါတယ်။

e.g ✔ He fixed the tap for me.
❌ He fixed me the tap.

✔ The tap was fixed for me.
❌ I was fixed the tap.


အဲ့လိုမျိုး တခြား verb တွေကတော့ collect, mend, repair

Apply them.
Thx
HZH

Ref:

Straightforward Level 3A
Macmillan Press

Unit 22 & 23
Advanced Grammar in Use


Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)