Toss and turn (ဒေါက်တာစိုးသန်း)

TOSS AND TURN


"အိပ်လို့မရ
ညကြီးမင်းကြီး ထပြီးထိုင်နေ
မွေ့ယာတွေလည်း ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်..........
.................."

ကဗျာဆရာမကြီး ဒေါ်ကြည်အေးရဲ့ 'တစ္ဆေ' ကဗျာထဲက စာသားလေးတွေ။ RC 2 မှာကျောင်းစတက်တော့ အတွဲမိဆုံး သူငယ်ချင်း ကိုညွန့်ဝေ (ဆရာ ညွန့်ဝေမိုး) က တရက် မနေ့ညကအိပ်မပျော်ဘူးဗျာ လို့ canteen မှာသူနဲ့ထိုင်နေတုန်းပြောလိုက်တော့ သူက အဲဒီ စာသားလေးတွေ ပြုံးပြီးရွှတ်ပြခဲ့တာမှတ်မိနေတုန်းပါ.....

Tossing and turning.. ညဖက် အိပ်ယာထဲမှာ စိတ်ဖိစီးမှုကြောင့် စိတ်သောကရောက်နေမှုကြောင့် တခုခုကြောင့် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် အိပ်လို့မပျော်တာ ....ဖြစ်ဖူးကြလား။ coffee တို့ လ္ဘက်သုပ်တို့ များသွားလို့လည်းဖြစ်မှာပေါ့။
ပြောချင်တာက အဲလိုမျိုး အိပ်လို့မပျော် အိပ်ယာထဲမှာ ဘယ်လှိမ့်လိုက် ညာလှိမ့်လိုက်ဖြစ်နေတာကို အင်္ဂလိပ်စာမှာ TOSSING AND TURNING လို့သုံးတယ်။

I was tossing and turning the whole night; the fact that I have to give a speech on the stage kept me awake.
ငါ တညလုံး ဟိုလှည့်ဒီလှည့်နဲ့ပဲ၊ စင်မြင့်ပေါ်မှာ မိန့်ခွန်းပြောရမယ်ဆိုတာကြီးကြောင့် အိပ်လို့ကိုမရတာ။

If I drink coffee before bed, I toss and turn the whole night.
အိပ်ယာဝင်ခါနီး ကော်ဖီသောက်ရင် ငါတညလုံး အိပ်မရဘဲ လူးလှိမ့်နေရတာ။

ဒေါက်တာစိုးသန်း

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)