Lest ကို ဒီလိုသုံးလို့ရတယ် (Htet Zaw Htoo)

Lest ကို ဒီလိုသုံးလို့ရတယ်

lest you forget
we haven't talked
since this morning....
မင်းမေ့နေမှာစိုးလို့
ဒို့တွေ စကားမပြောဖြစ်တာ
ဒီနေ့မနက်ကတည်းက...
(ဆရာဒေါက်တာစိုးသန်း၏ကဗျာတစ်ပုဒ်မှ)
မင်းမေ့နေမှာစိုးလို့၊ သူများမြင်မှာစိုးလို့၊ ကြောက်နေမှာစိုးလို့ စသဖြင့် (တစ်ခုခု)ဖြစ်မှာစိုးလို့ ဆိုတာကို English မှာ lest ဆိုတဲ့ Conjunction လေးနဲ့ ပြောလို့ရတယ်။
worried/concerned/anxious etc lest ... ဒီလို ပုံစံလေးနဲ့ ပြောလို့ရတယ်။
e.g.
He paused, afraid lest he say too much.
အများကြီးပြောမိမှာစိုးလို့ သူရပ်လိုက်တယ်။
She worried lest he should tell someone what had happened.
ဖြစ်ခဲ့တာတွေကို သူက သူများတွေကိုလျှောက်ပြောပစ်မှာစိုးတာ။
Afraid lest you would be in a sulk, I stay silent.
မင်းစိတ်ကောက်မှာစိုးလို့ ခပ်တိတ်တိတ်ပဲနေပါတယ်။
Apply it.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)