Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၅) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၅)

1. Don't talk rubbish!
မဟုတ်တာတွေလျှောက်​မပြောနဲ့။

2. You talk my ear off.
မင်း စကားတော်တော်များတာပဲ။

3. Where's the boys' john?
ယောကျ်ားလေးအိမ်သာဘယ်နားမှာလဲ။

4. My father is hopping mad.
ငါ့အဖေတော့ ယမ်းပုံမီးကျဖြစ်နေပြီ၊ (တအားဒေါသထွက်နေပြီ)

5. He's a social misfit.
သူက လူ့ခွစာရယ်၊ (ဘယ်သူနဲ့မှတည့်ဘူး)

6. Feel free!
ကြိုက်တာလုပ်နော်။
‘Could I use your phone for a minute?’
ဖုန်းလေး တစ်မိနစ်လောက် သုံးပါရစေ။
‘Feel free.’
စိတ်ကြိုက်သုံးနော်။

7. I know (just/exactly) how you feel.
ငါနားလည်ပါတယ်ကွာ၊ ငါကိုယ်ချင်းစာတယ်ကွာ။

8. I just don’t feel quite myself.
ငါ ခါတိုင်းလို မဟုတ်ဘူး၊ နေလို့သိပ်မကောင်းဘူး/ သိပ်မပျော်ဘူး။

9. My bad!
ငါ မှားတာ၊ ငါ့အပြစ်။

10. I'm on the horns of a dilemma.
ငါတော့ စုပ်လည်းဆူး၊ စားလည်းရူးတော့ဖြစ်ပြီဟေ့။

Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)