Posts

ဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၁) မှ....

Image
 ဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၁) မှ.... ၁။ Long story short လေမရှည်ဘဲ တိုတိုနဲ့လိုရင်းပြောရမယ်ဆိုရင် to make a long story short လို့လည်းသုံးတယ်။ ဒါလေးကို တခုခုအကြောင်း ပြန်ပြောပြနေရင်းနဲ့ ဝါကျ အစမှာထားပြီး အတိုချုပ်ပြောရင်သုံးတယ်။ Long story short, I was young and foolishly in love back then. တိုတိုပြောရရင်ကွာ အဲဒီတုန်းက ငယ်သေးတော့ အချစ်ရူးပေါ့။ ၂။ At the end of the day အဆုံးမှာတော့၊ အားလုံးကိုခြုံငုံစဉ်းစားကြည့်ရင်၊ အဆုံးကျတော့ At the end of the day, whatever I say doesn't matter. We just have to do what the boss says. အပြီးသတ်ကျတော့ ငါဘာပြောပြော အရေးမပါပါဘူး၊ သူဌေးပြောတာပဲ လုပ်ကြရမှာ။ ၃။ Put it there! နိုင်ငံခြားသားတစ်ယောက်နဲ့ အလုပ်စကားပြောနေရင်း သူက Put it there လို့ပြောရင် ဘာလုပ်ရမှာလဲ.... လုပ်ငန်းကိစ္စဆွေးနွေးတာ သဘောတူလို့ shake hands လက်ဆွဲနှုတ်ဆက်ခိုင်းတာ။ It's a deal! အလုပ်ဖြစ်ပြီဆိုတဲ့ သဘော။ လူငယ်တွေ high five လက်ဝါးရိုက်ကြရင်လည်း Put it there လို့ပြောကြတယ်။ ၄။ Do you get that a lot?     Yes, I get that a lot. ဒီမေးခွန်းက ဘာကိုမေးချင်...

ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ

Image
 ဆရာဒေါက်တာစိုးသန်း၏ စကားလည်းကြွယ်စေ နားလည်းလည်စေ (၃) မှ (1) The penny drops Penny အကြွေစေ့လေး စက်ထဲကျသွားပြီဆိုတာ ဒီအသုံးမှာက ဦးနှောက်ဆိုတဲ့စက်ထဲကို အကြွေစေ့လေးထည့်ပြီး စက်နှိုးလိုက်သည့်ပမာ "နားလည်သွားပြီ" "ဗြုန်းကနဲ သဘောပေါက်ပြီ" "အလင်းရသွားပြီ" လို့ အဓိပ္ပါယ်ရပါတယ်။ When I showed him how to solve the Math problem, he looked confused for a moment, then suddenly the penny drops. ငါသူ့ကို သင်္ချာပုစ္ဆာတွက်ပြတော့ သူနည်းနည်း နားမလည်ပုံရတယ်။ ပြီးတော့ ချက်ချင်းဆိုသလို သဘောပေါက်သွားလေရဲ့။ (2) Say no more - ရင်းနှီးသူအချင်းအချင်းကြား သုံးလေ့ရှိသည်။ "မောနေမယ်၊ တော်တော့၊ သဘောပေါက်ပြီ၊ ဆက်မပြောနဲ့တော့" A : "I don't feel like talking to him now." B : "Say no more". A : ငါသူ့ကို စကားပြောချင်စိတ် မရှိသေးဘူး။ B : သဘောပေါက်တယ်၊ မပြောနဲ့တော့။ (3) Rather you than me "ဒါမျိုးတော့ မင်းပဲလုပ်ကွာ၊ ငါတော့မလုပ်ချင်ပါဘူး၊ တော်သေးတာပေါ့ ဒါမျိုးမလုပ်ရလို့" A : "I am having two teeth cut next week". B : "Rather you ...

တိရစ္ဆာန် လေးများပါဝင်သည့် အင်္ဂလိပ်အသုံးများ (၁,၂,၃) ဒေါက်တာစိုးသန်း

Image
Animal Expression Part (1, 2, 3) Animal Expressions Part 1 တိရစ္ဆာန် လေးများပါဝင်သည့် အင်္ဂလိပ်အသုံးများ (၁) ကိုယ်တွေရဲ့ မြန်မာစာမှာ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အသုံးတွေအများကြီးရှိပါတယ်။  ဒီကောင် ခွေးကျင့်ခွေးကြံကြံသွားတယ်။  ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်။  မြွေမြွေချင်းခြေမြင်တယ်။  သေချင်တဲ့ကျား တောပြောင်းဆိုသလို....စသည်ဖြင့် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ထင်းကနဲပေါ်လွင်အောင် ဒီလို တိရစ္ဆာန်တွေရဲ့ အကျင့်စရိုက်နဲ့ တင်စားထားတဲ့ အသုံးအနှုန်းလေးတွေအများကြီးပါပဲ။ အင်္ဂလိပ်စာမှာလည်း ဒီလို တိရစ္ဆာန်လေးတွေကို ထည့်သွင်းအသုံးပြုထားတဲ့ usage တွေ၊ idioms တွေ အများကြီးရှိတဲ့အနက် အသုံးများ အသုံးဝင်တာလေးတွေကို ဆောင်းပါးရေးပေးဖို့ ရှာဖွေလိုက်၊ စဉ်းစားလိုက်၊ စာရင်းတို့လိုက်နဲ့ ကျွန်တော် အလုပ်များနေတာ သုံးလေးရက်ရှိပြီ။ များလွန်းလို့ မသိမဖြစ် အသုံးဝင်တာတွေကိုပဲ ရေးပေးတာ လက်တွေ့ကျမှာမို့ ရေးလိုက် ပြန်ဖျက်လိုက်နဲ့။ စာဖတ်သူ စာသင်သားတို့ မှတ်သားရ လွယ်ကူအောင်လို့လည်း တိရစ္ဆာန်လေးတွေပါတဲ့ အသုံးအနှုန်းတွေကို  ၁။ အိမ်မွေး တိရစ္ဆာန်လေးတွေ ၂။ ငှ...

လက်တန်း (ဒေါက်တာစိုးသန်း)

Image
 လက်တန်း မိန့်ခွန်းကို "လက်တန်း" ပြောနိုင်တယ်။ စာရွက်ကြည့်ပြီးဖတ်တာမဟုတ်၊ အလွတ် လက်တန်းပြောနိုင်တယ်။

The Art of Giving Presentations ဟောပြောတင်ပြခြင်း အနုပညာ (ဒေါက်တာစိုးသန်း)

Image
The Art of Giving Presentations ဟောပြောတင်ပြခြင်း အနုပညာ My heart skipped a beat. အသက်ရှုဖို့တောင်မေ့သွားသလိုလို... It sent shivers down my spine. သည်းထိတ်ရင်ဖို လန့်လိုက်တာဗျာ... It gave me goose bumps. ကြက်သီးမွှေးညှင်းလေးတွေတောင်ထသဟ.... I don't know whether I am coming or going. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ.. I got rather hot under the collar. ရုတ်တရက် ထူပူပြီး စိတ်တွေဂယောက်ဂယက်ဖြစ်သွားရော... ဟဲဟဲ...တလွဲမတွေးနဲ့ဦးနော်၊ သူရဲကား horror movie ကြည့်တဲ့အကြောင်းပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်ကျောင်းသားတွေဖြစ်နေပုံလေးတွေပြောပြတာပါ။ ဒီခံစားမှုတွေ လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။ အထူးသဖြင့် ကျောင်းသားကြီးတွေကို ဆရာက "ဟေ့ ..နောက်အပတ်မှာ မင်းတို့ တစ်ယောက်ချင်း Importance of Money ဆိုတဲ့ topic အကြောင်း အတန်းရှေ့ထွက်ပြီး ၅ မိနစ်ကြာပြောရမယ်။ PowerPoint presentation လုပ်ရမှာနော်" လို့ပြောလိုက်တဲ့အခါမျိုးမှာပေါ့။ အဲဒီလိုမျိုး assignment ပေးလိုက်ရင် ကျောင်းသားအများစုဟာ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ ခံစားမှုတွေနဲ့ စိတ်ပူ ရင်တုန် ကြောက်ချွေး...

အလျားလိုက်ဖြတ်သန်းခြင်း (ဒေါက်တာစိုးသန်း)

Image
အလျားလိုက်ဖြတ်သန်းခြင်း ဒီလို... မိတ္တူစက်က ထွက်ကျလာသလိုနေ့မျိုး ဒီလို... ရှေ့တိုးမရ နောက်ဆုတ်မရ ဒီလို... သောက်နေကျလက်ဖက်ရည်က အရသာပျက်တဲ့နေ့မျိုး  ဒီလို... မျက်ထောင့်နီနီနဲ့ အကြည့်ခံရ ဒီလို... မြွေဖြစ်လျက် တွင်းဝင်မဖြောင့် ဒီလို... ချီခွေဗားရားလိုလို နတ်သျှင်နောင်လိုလို ပြီးတော့... ဒီလိုပါပဲလေ လို့ ခင်ဗျားတို့နဲ့အတူတူ ပြေရာပြေကြောင်း တွေးမိတဲ့နေ့မျိုးပေါ့။  သစ္စာနီ Swimming against the currents Just like that... like a day that has come out of a Xerox machine. Just like that... when one can neither advance nor retreat. Just like that... a day when your regular cuppa tastes weird. Just like that... when you've been angrily glared at. Just like that... when even a snake couldn't slither into its hole. Just like that... when one could pass for Che Guevara or Natshin Naung. After all..... All is like this and that.... altogether with you, on such a day when we try not to take things to heart. Translated by Soe Than

မေးလေ့ရှိတဲ့ စကားလုံးလေးအချို့ (ဒေါက်တာစိုးသန်း)

 မေးလေ့ရှိတဲ့ စကားလုံးလေးအချို့ (ဒီ account မှာ မတင်ရသေးလို့) ရှင်ပြု= novitiation ceremony ရဟန်းခံ= ordination နားသမင်္ဂလာ= ear-boring ceremony နာမည်ပေး ကင်ပွန်းတပ်= naming ceremony; christening ceremony မွေးနေ့ပွဲ= birthday party စေ့စပ်ကြောင်းလမ်းခြင်း= engagement မင်္ဂလာဆောင်၊ လက်ထပ်ပွဲ= wedding reception အိမ်တက်မင်္ဂလာ= housewarming  နာရေး(ကြော်ငြာ)= obituary; obituary notice အသုဘ= funeral; funeral service ဆွမ်းကြွေးအလှု= alms-giving; donation စတုဒိသာ= feast given in charity to all ကွာရှင်းပြတ်စဲခြင်း= divorce စာပေဟောပြောပွဲ= literary talk ဖွင့်ပွဲ= opening ceremony ပိတ်ပွဲ= closing ceremony ဘွဲ့နှင်းသဘင်= graduation ceremony; commencement exercise ဆုပေးပွဲ= prize distribution ceremony ဆွေးနွေးပွဲ= conference; seminar ခဏခဏမေးတတ်ကြလို့ စဉ်းစားလို့ရသလောက်လေး စုရေးပေးလိုက်ပါတယ်။ ချမ်းမြေ့ကြပါစေ။ With love, Dr.Soe Than June 9, 2017