Posts

ဘယ်လိုရှက်တာလဲ (ဒေါက်တာစိုးသန်း)

Image
ဘယ်လိုရှက်တာလဲ ရှက်တယ်လို့ပြောချင်ရင် အင်္ဂလိပ်စာမှာ အသုံးများတဲ့ Adjective နှစ်လုံးရှိပါတယ်။ embarrassed နဲ့ shy တို့ပါ။ အဓိပ္ပါယ်နည်းနည်းကွာတဲ့အတွက် ဝါကျထဲမှာ မှန်အောင်သုံးနိုင်ဖို့ ဂရုပြုသင့်ပါတယ်။ embarrassed ဆိုတာ ရှက်ကိုးရှက်ကန်းဖြစ်တာ၊ စိတ်ကသိကအောက်ဖြစ်တာ။ အမှားတစ်ခုခုလူရှေ့မှာလုပ်မိလို့ဖြစ်စေ၊ သူများက လုပ်လိုက်တာ ပြောလိုက်တာကြောင့် မျက်နှာပူရတာမျိုးကို embarrassed လို့သုံးပါတယ်။ embarrassed က ashamed နဲ့ ဆင်တူပါတယ်။ shy ကတော့ မိမိရဲ့ ပင်ကိုယ်သဘာဝအရကို ရှက်တတ်တာမျိုးပါ။ ရှိုးတိုးရှန့်တန့်ဖြစ်တတ်တာမျိုး။ ကိုယ့်ရဲ့ nature ပေါ့။ ဥပမါဝါကျလေးတွေကြည့်ပါ။ 1. I was embarrassed when he called my nickname in front of my new girlfriend. သူ ငါ့ရဲ့ရည်းစားအသစ်စက်စက်လေးရှေ့မှာ ငါ့ရဲ့ နာမည်ပြောင်ကိုခေါ်လိုက်တော့ ငါ့မှာ မျက်နှာပူလိုက်တာ၊ ရှက်လိုက်တာ။ (သူများက ကိုယ့်ကိုတခုခုလုပ်လိုက်လို့ ရှက်တာ embarrassed) 2. He was very embarrassed when he realized only when he picked up the tab that he had forgotten his wallet at home. စားသောက်ပြီး ပိုက်...

ငင်းတယ်လို့ထင်ရသော်လည်း...... (ဒေါက်တာစိုးသန်း)

ငြင်းတယ်လို့ထင်ရသော်လည်း...... ဒီလိုအပြိုင်အဆိုင်ကြီးမားလှတဲ့ခေတ်ကြီးမှာ အင်္ဂလိပ်စာကောင်းကောင်းတတ်သူဟာ သူများထက်ရှေ့ကိုပိုပြီးထိုးဖေါက် ခရီးရောက်နိုင်တာကို သိကြလို့ မြန်မာကျောင်းသားလူငယ်တွေ အင်္ဂလိပ်စာနဲ့ စကားပြောကို သည်းသည်းမဲမဲလေ့လာနေကြတာကို ဒီတစ်ခေါက် ရန်ကုန်ပြန်တဲ့ခရီးမှာ သတိထားမိတယ်။ English speaking သင်တန်းတွေတက်ကြ၊ အင်္ဂလိပ်စာ စာအုပ်တွေတော်တော်ဝယ်ဖတ်ကြတာ တွေ့ခဲ့ရတယ်။ သို့သော် သတိပြုစေချင်တာက သွက်လက်တဲ့ သဘာဝကျတဲ့ (fluent and natural) အင်္ဂလိပ်စကားပြောစွမ်းရည်ကို အပိုင်လိုချင်ရင်တော့ Speaking သင်တန်းတွေ၊ စာအုပ်တွေနဲ့တော့ မလုံလောက်ပါဘူး။ exposure များများရအောင် expressions တွေကိုများများမြင်ဖူး ကြားဖူးအောင် အင်္ဂလိပ်စာပေ (ဝတ္ထုတို၊ ဆောင်းပါး၊ စာအစုံ) ကိုပါတွဲဖတ်၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေနာနာကြည့်၊ အင်္ဂလိပ်လိုလည်းနေ့စဉ်ပြောတာမျိုးတွေ လေ့ကျင့်ယူရပါလိမ့်မယ်။ သဒ္ဒါနဲ့ စာပေကိုပါတွဲလေ့လာမှ four skills ထဲမှ ဘယ်skill ကိုအလေးပေးလေ့ကျင့်ချင်သည်ဖြစ်ပါစေ၊ တိုက်ရိုက်အကျိုးပြုတာ သေချာပါတယ်။  Speaking စာအုပ်အဆင့်လောက်နဲ့ ရပ်မနေဘဲ စာပေကိုတွဲဖတ်မှ exposure များများရမှ ဘာသာစကားရဲ့ သော့ချက် "အထာ...

SIGHT နဲ့ပတ်သက်လို့ ထပ်သိထားရမဲ့ အသုံးလေးတွေ (ဒေါက်တာစိုးသန်း)

SIGHT နဲ့ပတ်သက်လို့ ထပ်သိထားရမဲ့ အသုံးလေးတွေ sight ဟာ မျက်စိ အမြင်အာရုံပါ။ Out of sight, out of mind. တခြုံကွယ် တမယ်မေ့....ဆိုတဲ့ ဆိုရိုးလေး သိကြမှာပါ။ ဒီ post မှာ အရေးရော အပြောမှာပါ သုံးတဲ့ hindsight နဲ့ foresight ကိုရှင်းပြချင်ပါတယ်။ 🏀hindsight ဆိုတာ hind ဟာ နောက်ပိုင်း။ ဥပမာ ခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ရဲ့ hind legs ဆိုတာ နောက်ခြေထောက်။ foreleg ကတော့ ရှေ့ခြေထောက်ပါ။ ဒါ့ကြောင့် hindsight ဆိုတာ ကိစ္စတစ်ခု ဖြစ်ပြီးမှ လွန်ပြီးမှ သိလာသော အသိတရား၊ ပြန်ပြောင်းတွေးမိခြင်း...လို့ဆိုပါတယ်။ ဝါကျထဲမှာ with hindsight; in hindsight လို့ သုံးရတယ်။ We suffered a big loss; with hindsight, we should never have gone into a partnership with him. ငါတို့တော်တော်လေးရှုံးခဲ့တယ်။ ပြန်ပြောင်းစဉ်းစားကြည့်တော့ သူနဲ့ စီးပွားဖက်စပ်လုပ်ခဲ့ဖို့ကို မကောင်းဘူး။ (ပြီးသွားပြီ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ ဒီသံဝေဂလေးရတယ်) In hindsight, I should have taken that job offer. ပြန်တွေးကြည့်တော့ ငါ အဲဒီအလုပ်ကို လက်ခံလိုက်ရမှာ။ (ခုမှ ပြန်ကြည့်လိုက်တော့ အဲဒီအလုပ်က လခအရမ်းကောင်းနေတာမျိုး) ဒီဝါကျနှစ်ခုမှာ sho...

due to နဲ့ because of တကယ်ပဲ ထပ်တူကျသလား? (ထက်ဇော်ထူး)

Image
due to နဲ့ because of တကယ်ပဲ ထပ်တူကျသလား? ဒီနေ့ နေ့လည်က ကိုဖြိုးဝေအောင်ရဲ့ 'ကစားသူ' ကဗျာလေး ဘာသာပြန်ဖြစ်ပါတယ်၊ ဘာသာပြန်ရာမှာ due to + noun ကို နှစ်ခါတိတိ ကျွန်တော်သုံးခဲ့ပါတယ်။ သုံးတုန်းက because of နဲ့ တိုက်ရိုက်ဖလှယ်လို့ ရတဲ့အသိနဲ့ ဒီအတိုင်းပဲ သုံးလိုက်တာပါ။ ကဗျာလေးတင်ပြီးတော့ ကိုဖြိုးဝေအောင်က due to ထက် because of က ပိုသင့်တော်မယ်ထင်တယ်။ caused by က တိုက်ရိုက်လှယ်လို့ ရတာ due to က မရဘူးလို့ အစ်ကို ဖတ်ဖူးလို့၊ သေချာအောင် ရှာပေးဦးတဲ့။ ဒါနဲ့ ကျွန်တော်လည်း Google မှာ ရှာတော့၊ ဟုတ်ပါတယ်။ due to နဲ့ because of က ယေဘုယျအနေနဲ့ဆိုရင်တော့ သုံးလိုက်လို့ရပါတယ်။ ဒါပေမယ့် မတူတော့မတူပါဘူး။ Grade 10 ;unit-3 ရဲ့ supplementary lesson မှာ adverb phrase of reason မှာ because of နဲ့ due to ကို တိုက်ရိုက်ဖလှယ် သုံးပြထားပါတယ်။ He arrived late because of the heavy traffic. He arrived late due to the heavy traffic. ဒါပေမယ့် စစ်စစ်ပေါက်ပေါက် ရေးမယ်ဆိုရင်တော့ မရဘူးတဲ့ခင်ဗျာ၊ ကျွန်တော်ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောထားတာကို ရေးပြပါမယ်။ due to ဆိုတာ adjective အဖြစ် ပေါ်ထွန်းလာပြီးတော့ သူက ...

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ (ဒေါက်တာစိုးသန်း)

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ ပြီးခဲ့တဲ့အပတ်က ခွင့်နဲ့ ရန်ကုန်ပြန်ဖို့ ဘန်ကောက် Suvarnabhumi လေယာဉ်ကွင်းမှာ MAI check-in desk မှာ တန်းစီစောင့်နေရင်း ကိုယ့်ရဲ့ရှေ့က ခရီးသည်နှစ်ယောက် လေယာဉ်ကွင်းမှ ground staff အမျိုးသမီးက သူတို့ကို အင်္ဂလိပ်လိုမေးလိုက်တဲ့ သာမန်မေးခွန်းလေးတွေကို နားမလည်တာကို တွေ့ခဲ့ရတယ်။ မနေနိုင်လို့ တန်းစီနေရာကနေ ရှေ့တိုးသွားပြီး ကိုယ် သူတို့ကို ဘာသာပြန်ပေးပြီးကူညီခဲ့ရတယ်။ လေယာဉ်ပျံကြီးစီးပြီး ပြည်ပနိုင်ငံတွေကို ခရီးထွက်နေကြရပြီဆိုရင်တော့ အင်္ဂလိပ်စကားလေးလည်း အလုပ်ဖြစ်အောင်တတ်ထားရင်တော့ လူတွေနဲ့ communicate လုပ်နိုင်တော့ ရဲရဲတင်းတင်း အဆင်ပြေစွာ ခရီးသွားနိုင်ကြမှာပေါ့နော်။ အဲဒီနေ့က အတွေ့အကြုံလေးကြောင့် လေယာဉ်ပျံစီးပြီး နိုင်ငံခြားခရီးထွက်ရမဲ့ သူတွေအတွက် အသုံးဝင်စေမဲ့ ဆောင်းပါးလေးတစ်ပုဒ်တော့ ရေးမှပဲလို့ စိတ်ထဲတေးထားခဲ့တာ...အခုမှ အားချိန်လေးနည်းနည်းရလို့ ရေးချလိုက်ရပါတယ်။ ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။ 1. airline (noun) airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တ...

English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂) (ဒေါက်တာစိုးသန်း)

English Speaking အတွက် သိထားသင့်တဲ့ အထူးအဆန်းလေးတွေ (၂) အင်္ဂလိပ်စကားကို သွက်လက်စွာပြောနိုင်တဲ့ ကျောင်းသားကြီးတွေတချို့တောင် အမှတ်တမဲ့ဆိုရင် နားလည်မှုလွဲနိုင်စေတတ်တဲ့ ဝါကျအတိုလေးတွေ၊ စကားပြော အသုံးအနှုန်းလေးတွေကို ကျွန်တော် မကြာခဏရေးပေးခဲ့ဖူးပါတယ်။ အမှတ် (၁) မှာ ... Speak of the devil Look what the cat's brought in! It's a small world. Long time no see. Come again. Between you, me and the gate-post Bless you. As it were Look here. Not to worry. Come to think of it Look who is talking. Or else Are there bears in the woods? I must love you and leave you. စတဲ့ Speaking မှာ native speakers တွေ သုံးကြတဲ့ စကားဖြည့်၊ စကားထောက်၊ filler phrases လေးတွေကို ဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်။ ဒီစကားလေးတွေဟာ အင်္ဂလိပ်စကားပြောတိုင်းပြည်တွေမှာ native speakers တွေဟာ သူတို့ယဉ်ကျေးမှုအရ ပြောတတ်တဲ့ စကားစလေးတွေ၊ အာမေဍိတ်တွေ၊ နှုတ်ခွန်းဆက်စကား ဝါကျတိုလေးတွေပါ။ မကြုံဖူး မကြားဖူးရင် အင်္ဂလိပ်စာအတော်အသင့်တတ်ထားတဲ့သူတွေတောင်မှ အူကြောင်ကြောင်ဖြစ်သွားစေတတ်တာလေးတွေမို့လို...

အင်္ဂလိပ်ဝေါဟာရ လေ့လာချက် (ဒေါက်တာစိုးသန်း)

အင်္ဂလိပ်ဝေါဟာရ လေ့လာချက် အရင် ကျွန်တော် ဝေါဟာရစုဆောင်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ vocabulary enrichment အတွက် post တွေအများကြီးရေးပေးခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း vocabulary ဘက်ကိုပြန်လှည့်ကြရအောင်။ ကျွန်တော် ဆယ်တန်းကျောင်းသားတုန်းက အင်္ဂလိပ်စာကို ဆိပ်ကမ်းသာလမ်းထဲက ဆရာဦးမြင့်ဆွေထံမှာ ကျုရှင်တက်ခဲ့တယ်။ ဆရာက grammar သင်တော့ human senses အာရုံနဲ့ပတ်သက်တဲ့ "မြင်၊ ကြား၊ နံ့ ၊ သိ၊ ရသာရှိ" to see, to hear, to smell, to know, to taste ဆိုတဲ့ verb တွေကို များသောအားဖြင့် continuous tense မသုံးရဘူးဆိုပြီး လင်္ကာလေးနဲ့ မှတ်မိအောင်သင်ပေးခဲ့တယ်။ ဆရာကြီးကတော့ အဲဒီအချိန်က ဆယ်တန်းကျောင်းသား သိရမဲ့ အတိုင်းအတာကို သင်ပေးခဲ့တာပေါ့။ သို့သော် နောက်ပိုင်းမှာ မိမိဘာသာထပ်ပြီး အသေးစိတ်လေ့လာတော့မှ ဒီ verb တွေကို continuous tense သုံးလို့ရတယ်၊ သို့သော် အဓိပ္ပါယ်သီးသန့်ဖြစ်သွားတတ်တယ်ဆိုတာကို သတိထားမိခဲ့တယ်။ ဥပမာ.... I see her. ငါ သူ့ကို မြင်တယ်၊ တွေ့တယ်။ (မျက်လုံးနဲ့ ကြည့်လို့မြင်ရတာ)  ဒီလိုဝါကျကို I am seeing her. ငါသူ့ကိုမြင်နေတယ် လို့ English grammar မှာ continuous tense နဲ့မသုံးဘူးတဲ့။ ဒါဆိုရင် I am see...