Posts

သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။ (ဒေါက်တာစိုးသန်း ရေးသားသည်။)

သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။ (ဒေါက်တာစိုးသန်း ရေးသားသည်။) စနေနေ့မနက်က ကိုညီညီတောင်ကြီး နဲ့လုပ်ခဲ့တဲ့ Interview မှာ သူ ကျွန်တော့်ကို မေးသွားခဲ့တဲ့ မေးခွန်းလေးတွေ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်လည်း ဉာဏ်မီသမျှ တတ်စွမ်းသမျှ ရတဲ့အချိန်ပိုင်းလေးအတွင်းမှာ မေးခွန်းတွေကို ကြိုးစားပြီးပြန်ဖြေပေးခဲ့ပါတယ်။ Interview ဟာ ၂နာရီကျော်ကြာတာဆိုတော့ မေးခွန်းတွေ တော်တော်များသား။ အဲဒီမေးခွန်းတွေအနက် သတိထားမိတဲ့ မေးခွန်းလေးတစ်ခုက Foe Zaw ဆိုတဲ့ account name နဲ့မေးထားတဲ့ အောက်ပါမေးခွန်းလေးပါပဲ။ "Foe Zaw: ကျောင်းမနေခဲ့ရသူတွေအဖို့ ဝမ်းရေးကိုကြိုးစားရှာဖွေရင်း တစ်ကိုယ်ရေအင်္ဂလိပ်စာလေ့လာနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးပါ။" ကျောင်းမနေခဲ့ရသူတွေဆိုပေမဲ့ compulsory မသင်မနေရ ပညာရေးစနစ်ကြောင့် အထက်တန်းလောက်တော့နေခဲ့ကြဖူးသူတွေဖြစ်နိုင်ပါတယ်။ တက္ကသိုလ်မှ ဘွဲ့ရအောင်မတက်ခဲ့ရသူတွေလည်းဖြစ်နိုင်ပါတယ်။ သူတို့တွေ ဝမ်းရေးအတွက်ရုန်းကန်နေကြရတဲ့ကြားမှ အင်္ဂလိပ်စာကို သင်တန်းတွေသွားမတက်ဘဲ ဆရာလွတ် self-study လုပ်ချင်ရင် ဘာအချက်လေးတွေကို သတိပြုသင့်သလဲဆိုတာကို အများနဲ့ ဆက်နွယ်န...

Both by Dr. Soe Than

ညဆို မအိပ်တဲ့သူတွေဟာ သူတကာမကြားနိုင်တဲ့ အသံတွေမျိုးစုံ ကြားခွင့်ရှိသလို နောက်နေ့မနက်မှာ မအီမသာနဲ့  ပြန်ပေးဆပ်ရတဲ့ ဇယားတွေလည်းရှိတယ်။ those nocturnal creatures have the priviledge of hearing various sounds off-limit to others; likewise, they're faced with funny consequences of paying the price the following morning. Both versions by Soe Than

ရန်ကုန်ကိုတစ်ခေါက်လောက် Both by Dr.Soe Than

 ရန်ကုန်ကိုတစ်ခေါက်လောက် မင်းသားကြီး ကိုသိန်းဇော်ရေ ကျွန်တော်ဖြင့် ရန်ကုန်ကိုသွားတာ ရန်ကုန်ကိုရောက်ပေမယ့် ရန်ကုန်ကို မတွေ့ခဲ့ရဘူး။ ရင်းနှီးခဲ့ဖူးတဲ့ စာအုပ်အဟောင်းဆိုင်လေး လက်ဖက်ရည်ဆိုင်လေး ရှာလို့မတွေ့ခဲ့သလို ကျွန်တော့် ကားမှတ်တိုင်ကိုလည်း နေရာရွှေ့လိုက်ကြတယ်။ အဟောင်းတွေက မျက်နှသစ်နဲ့ အသစ်တွေက ဟောင်းနေပါပြီ ဘောင်းဘီတွေ ပိုကျုံ့သွားတယ် ဆံပင်အရောင် ပိုစုံလာတယ် ရန်ကုန်သားတွေဆိုတော့ ရှေ့ပိုရောက်တယ် ထင်ရတာပေါ့။ ငယ်သူငယ်ချင်းတစ်ယောက်ကို ပြန်အရှာ ဝိတ်လျှော့လိုက်တယ်တဲ့ ဟိုး မြို့ပြင်မှာ သွားတွေ့ရတယ်။ သူ့ဆီသွားလည် လက်ဖက်ရည်ခဏသောက် ကိုယ့်အိမ်ပြန်ရောက်တော့ နေ့တစ်နေ့ကုန်သွားရော ရန်ကုန်။ ရန်ကုန်ကတော့ ဝိတ်ပိုတက်လာတယ် အသက်ရှုကြပ်လာတယ် အသံဗလံတွေပိုများလာတယ် မိတ်ကပ်သာအလိမ်းခံရပြီး မျက်နှာသစ် မခံရရှာတဲ့မြို့မှာ မရွေ့တဲ့လမ်းမကြီးပေါ်မှာ ခရီးသွားကြသူတွေအလယ်..... One More Time in Rangoon Hi, Ko Thein Zaw, the great actor - The thing was I went to Rangoon, I was in Rangoon, but I didn't see Rangoon. I was not able to find my old familiar second-hand bookstore and tea shop. Adding insult to injury, they...

ဖျော်ဖြေခြင်း (ကိုသန်းထွန်း) Trs by Dr.Soe Than

  ဖျော်ဖြေခြင်း - ကိုသန်းထွန်း စစ်ကားတွေကြည့်ရင်း အရှင်လတ်လတ် စစ်သားတွေဖြစ်ကြရ တချို့ သူရဲကောင်းဆန်စွာ သို့သော် … လူမဆန်စွာ။ စစ်ကားပြီးချိန် ပွဲကြည့်သူအများစု အတုံးအရုံးသေဆုံးကျန်ရစ်ကြ သူရဲကောင်းတချို့သာ ဒဏ်ရာဗရပွဖြင့် အိမ်ပြန်သွားကြ။ entertainment while watching war movies they became soldiers full of life. some acted quite heroically, albeit inhumanely. at the end of war movies most of the movie watchers were killed in action. only a few heroes went home with heavy injuries. Translation: Soe Than

အားကိုးအားထား

အားကိုးအားထား မင်းမရှိနေတဲ့ နေ့တွေမှာလည်း ကိုယ်ဟာ  နက်ပြာရောင်ရှပ်တစ်ထည်  ဝတ်ထားလိုက်ရင် စိတ်ထဲ အတော် လုံခြုံသားပဲ။ last resort even on the days you're away I will just put on a navy blue shirt. it keeps me feel perfectly secure. both versions by Dr. Soe Than

ဝေါဟာရစုဆောင်းခြင်း (Dr. Soe Than)

ဝေါဟာရစုဆောင်းခြင်း (reposting) ၁။ goodwill, good intention, benevolence= စေတနာ ၂။ love, kindness, affection= မေတ္တာ ၃။ loyalty, fidelity, truth= သစ္စာ ၄။ sympathy= ကရုဏာ ၅။ rejoicing at someone's success or prosperity= မုဒိတာ ၆။ indifference, detachment= ဥပေက္ခာ ၇။ desire, lust, excessive craving= တဏှာ ၈။ greed, avarice= လောဘ ၉။ anger= ဒေါသ ၁၀။ ignorance= မောဟ ၁၁။ mind, thought, consciousness= စိတ် ၁၂။ physical form, matter, material= ရုပ် ၁၃။ happiness, pleasure, delight= သုခ ၁၄။ pain, suffering, trouble= ဒုက္ခ ၁၅။ attachment= သံယောဇဉ် ၁၆။ law of contradiction, antipathy= ဝိရောဓိ ၁၇။ avarice= ဝိသမလောဘ ၁၈။ merit, virtuous action, good deeds= ကုသိုလ် ၁၉။ misdeed, demerit, evil= အကုသိုလ် ၂၀။ morals, precepts= သီလ ၂၁။ concentration of the mind, probity, integrity= သမာဓိ ၂၂။ luck, fortune, lot= ကံ ၂၃။ intellect, wisdom= ဉာဏ် ၂၄။ effort, endeavo...

အချစ်ပုံပြင် (သုမောင်) translated by Dr.Soe Than

သူ့ရဲ့စာတွေနဲ့ကြီးပြင်းလာရတာဆိုတော့ "သုမောင်"ရဲ့ ကဗျာတွေ့ရင် မနေနိုင်ဘူးဗျ။ အချစ်ပုံပြင် - သုမောင် Love Story သောက်ချင်သလောက် 'သောက်' တစ်ပေါက်ကလေးမှ မျက်ရည်မကျ အမြည်းရောင်းတဲ့  ငါ့မိန်းမ။ I may drink to my heart's content. Not a drop of tear She would shed. That's my wife, nibbles seller. ဖွာချင်သလောက် ဖွာ တစ်ခါကလေးမှ မျက်စောင်းမချိတ် ဆေးလိပ်သမ ငါ့မိန်းမ။ I may take a drag as I please. She would not glare at me once. That's my wife, cheroot roller. ဝါးချင်သလောက် ဝါး တစ်ယာမှ ၃၅ပြား အားမနာပါ ကွမ်းယာရောင်းရ ငါ့မိန်းမ။ I can chew as much as I want. Only 35p for a quid. No worries. That's my wife, betel seller. ငါသေသွား၏ တစ်စိကလေးမှ မျက်ရည်မကျ ငါ့ကလေးတွေ သူကျွေးနိုင်ပါပေသတဲ့ တကယ့်မိန်းမ ငါ့မိန်းမ ဒါကြောင့်ချစ်ရ ငါ့မိန်းမ ငရဲပြည်မှ ငါ့နောင်တ။  ။ When I popped out Not a drop of tear She shed. She could feed my children all by herself. That's my wife, a tough woman. That's why I love her. From hell, I do repent. Translation: Soe Than