Posts

------ နိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ (ဒေါက်တာစိုးသန်း)

Image
------ နိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ကိုယ်တွေရဲ့ မြန်မာသဒ္ဒါနဲ့ English grammar မတူတဲ့အချက်များထဲမှတစ်ခုကတော့ to express a strong wish or desire အလွန်ပြင်းပြတဲ့ ဆန္ဒ၊ ကိုယ်အရမ်းဖြစ်ချင်နေသော်လည်း မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကိုဖော်ပြရာမှာ I wish တို့ If only တို့ရဲ့နောက်မှာ past simple သို့မဟုတ် past perfect tense ကိုလိုက်သုံးပေးရတာပါ။ Subjunctive wish လို့ခေါ်တယ်။ အထက်တန်းကျောင်းအောင်ထားပြီးသူလောက်ဆိုရင် အောက်မှာပေးထားတဲ့ဝါကျမျိုးတွေကို မှန်အောင် ရေးတတ် ပြောတတ်သင့်ပါတယ်။ I wish you were here with us. မင်း ငါတို့နဲ့အတူ ဒီမှာရှိနေရင် သိပ်ကောင်းမှာပဲ။ (I wish you are here with us. လို့ မသုံးဘူး။ I wish you were....  ဆိုပြီး past tense ကိုသုံးရတယ်။ တကယ်အတူရှိမနေလို့ ရှိစေချင်တဲ့ ဆန္ဒ) I wish you did not live so far away. မင်း အဲဒီလောက်အဝေးကြီးမှာ မနေရင်ကောင်းမှာ။ (မင်းနဲ့ငါ အိမ်နီးရင်ကောင်းမယ်။) I wish I had more time and money. ငါ့မှာ အချိန်နဲ့ ပိုက်ဆံပိုရှိရင် သိပ်ကောင်းမှာ။ I wish I had not drunk so much last night. ငါ မနေ့ညက အဲဒီလောက်ကြီး မသောက်ခဲ့...

အကယ်၍ဒီလိုလေးမေးလာခဲ့သည်ဆိုပါစို့ (၂) (ထက်ဇော်ထူး)

Image
အကယ်၍ဒီလိုလေးမေးလာခဲ့သည်ဆိုပါစို့ (၂)  ၂၀၁၈ မေးခွန်းရဲ့ Stlylistic Transformation ရဲ့ နံပါတ် (၁) မှာ မေးခဲ့တာလေး- Nowadays, respect for money has replaced respect for wisdom and knowledge.  အဲ့ဒီစာကြောင်းကို Passive ပြောင်းရေးတဲ့အခါ  by-phrase မသုံးဘဲ with-phrase သုံးရပါတယ်။ ✔️ Nowadays, respect for wisdom and knowledge has been replaced with respect for money. 👉 by-phrase က action ရဲ့ agent အတွက် သုံးရပါတယ်။ 👉 with-phrase က ထို action ကို လုပ်ဆောင်ဖို့ အသုံးပြုတဲ့ပစ္စည်းတွေရဲ့နောက်မှာ သုံးပါတယ်။ (အသေးစိတ်ဖတ်ချင်ရင် Oxford Practice Grammar စာမျက်မှာ ၆၄ မှာဖတ်ပါ) ✍️ cover, decorate, align, associate, crowd, fill စတဲ့ verb တွေရဲ့နောက်မှာ with-phrase နဲ့ တွဲသုံးရပါတယ်။ နမူနာစာကြောင်းလေးတွေ ကြည့်ရအောင်ပါ။ (1) Sapphires cover the walls of the Hotai library. The walls of the Hotai library is covered with sapphires. (2) Holidaymakers crowded the beaches. The beaches were crowded with holidaymakers. (3) Chil...

Relative Clauses (၂) မျိုး (ထက်ဇော်ထူး)

 Relative Clause (၂) မျိုးရှိပါတယ်။ Defining relative clause ရယ်၊ Non-defining relative clause ရယ်ဆိုပြီး (၂) မျိုးရှိပါတယ်။  ✔ Defining relative clauses identify who or what we are talking about and are an essential part of the meaning of a sentence.  Defining relative clause က ကျွန်တော်တို့ပြောတဲ့ အကြောင်းအရာ (သို့) လူကို သတ်မှတ်ဖော်ပြတာဖြစ်ပြီး ဝါကျတစ်ကြောင်းလုံးကို အဓိပ္ပါယ်ပြည့်ဝစေဖို့ စာကြောင်းရဲ့ မဖြစ်မနေပါရမယ့်အပိုင်းဖြစ်ပါတယ်။ 👉နောက် Defining clause မှာ comma (, ) မလိုပါဘူး။  👉နောက် Defining relative clause မှာ who တို့ which တို့နေရာမှာ that လည်း သုံးနိုင်ပါတယ်။ e.g. He looks just like that man who/that advertises Premier Coffee on the telly.         သူက ရုပ်မြင်သံကြားမှာ ပရီမီယာကော်ဖီ ကြော်ငြာတဲ့သူနဲ့ တူတယ်။         This is the actual pen which/that is used to sign the historic agreement.          ဒါက သမိုင်းဝင်စာချုပ်ကို လက်မှတ်ရေးထိုးတဲ့နေရာ...

Metaphorical 'You' နှင့် Speaking တွင် အသုံးဝင်သည့် အင်္ဂလိပ် စကားပုံလေးများ (ဒေါက်​တာစိုးသန်း)

Metaphorical 'You' နှင့် Speaking တွင် အသုံးဝင်သည့် အင်္ဂလိပ် စကားပုံလေးများ ကျွန်တော် ကျောင်းသားဘဝ အင်္ဂလိပ်စကားပြောတဲ့ အတွေ့အကြုံနည်းစဉ်တုန်းက တစ်ယောက်ယောက်က ကိုယ့်ကို 'You never know.' ဆိုတဲ့ ဝါကျမျိုးပြောတာ ကြားလိုက်ရရင် စိတ်ထဲ ကသိကအောက်ဖြစ်တတ်တယ်။ 'You' ဆိုတာ ကိုယ့်ကို တိုက်ရိုက်ပြောတယ်ပဲ ထင်ခဲ့တာကိုး။ 'You never know' ဆိုတဲ့ စကားရဲ့ အထာကို မနပ်သေးတာကြောင့်လည်း ဖြစ်မယ်။ 'You never know' ဆိုတာ informal စကားပြောမှာပဲ သုံးတဲ့ပုံစံ။ မင်း ဘယ်တော့မှ မသိဘူး လို့အပြစ်တင်လိုက်တာ မဟုတ်။ 'ပြောလို့မရဘူးကွ၊ ဖြစ်ကောင်းဖြစ်လာနိုင်တယ်၊ ဖြစ်နိုင်ချေတော့နည်းသော်လည်း' စသည့်အဓိပ္ပါယ်ပါ။ You never know, she might change her mind. ပြောလို့မရဘူးနော်၊ သူ စိတ်ပြောင်းရင် ပြောင်းမှာ။ နောက်အတွေ့အကြုံလေးတစ်ခုက လွန်ခဲ့တဲ့ ၂၅နှစ်ကျော်၊ ကျွန်တော် ဘန်ကောက်ရှိ Assumption University မှာ စလုပ်ခါစက။ Raj Kumar လို့အမည်ရတဲ့ India နိုင်ငံသား ဆရာကြီးတစ်ဦးနဲ့ မိတ်ဆွေဖြစ်ကြ၊ ကော်ဖီဆိုင်ထိုင် စကားတွေပြောခဲ့ကြစဉ်က။ သူက ရုတ်တရက်ကြီး "You wouldn't say bo...

ကျွန်​တော်​ပြောပြမယ်​အချစ်​ဆိုတာလေ...... (ထက်​ဇော်​ထူး)

ကျွန်​တော်​ပြောပြမယ်​အချစ်​ဆိုတာလေ...... ဒီနေ့မှာတော့ love နဲ့ဆိုင်​တဲ့စကားလုံးတစ်​ချို့ ပြောပြပါရစေဗျာ။ love ဆိုတဲ့ နေရာမှာ အစားထိုးသုံးစွဲနိုင်​တဲ့ စကားလုံးလေးတွေပါ။ (1) love 😍to like someone very much and care a lot about them – used about people in your family or someone who you are sexually attracted to ၁၅၀၀ အချစ်​နဲ့ဖြစ်​စေ၊ ၅၂၈ မေတ္တာပဲဖြစ်​စေ တစ်​ယောက်​ယောက်​ကို ချစ်​တာ။ e.g. I love my wife and children very much. ကျွန်​တော့်​ဇနီးနဲ့ကလေးတွေကို တအားချစ်​တယ်​။ He said to her, "I love you". သူက သူ(မ)ကို ချစ်​တယ်​လို့ ပြောလိုက်​တယ်​။ (2) adore💌 to love and admire someone very much လေးစားမှုတွဲပါသော ချစ်​ခြင်းမျိုးနဲ့ ချစ်​တာ၊ မြတ်​နိုးတာ။ e.g. When she was a child she adored her father. သူ(မ) ကလေးတုန်းက သူ (မ) ရဲ့အဖေကို ချစ်​ခင်​လေးစားခဲ့တယ်​။ I not only love but also adore her. ငါ သူ(မ)ကို သာမန်​ချစ်​တာတောင်​မက၊ မြတ်​မြတ်​နိုးနိ်ုးနဲ့ ချစ်​တာကွာ။ (3) be in love (with somebody) to feel that you love someone and want to have a ...

သားတို့ သမီးတို့ကို အမှတ်တမဲ့ မနေမိကြဖို့ ပြောချင်တာလေးတွေ....... (Dr. Soe Than)

Image
သားတို့ သမီးတို့ကို အမှတ်တမဲ့ မနေမိကြဖို့ ပြောချင်တာလေးတွေ....... 1. စိတ်ကို အမြဲ သန့်ရှင်းအောင်ထားပါ။ Always keep your mind clean. 2. စိတ်ထဲမှာ မကောင်းတဲ့ စိတ်ကူးတွေ ဆိုးယုတ်တဲ့ အတွေးတွေ မတွေးမိအောင်နေပါ။ Keep your mind free from bad ideas and evil thoughts. 3. စိတ်ရှည် ခွင့်လွှတ်သည်းခံတတ်အောင်လေ့ကျင့်ယူပါ။ Train yourself to become patient and forgiving. 4. အကောင်းကိုတွေးပြီး သူများတွေအတွက် ကောင်းတာတွေပဲ အတတ်နိုင်ဆုံးလုပ်ပါ။ Always think positively and do good deeds for other people as much as you can. 5. တတ်နိုင်သမျှ ကိုယ့်ထက်နိမ့်ကျ အားနည်းသူကို ကူညီပေးပါ။ As much as possible, help those who are socially inferior or weaker than you. 6. သူများရဲ့ အပြစ်ကိုသာရှာနေပြီး အပြစ်တင်တာမျိုးမလုပ်ပါနဲ့။ Do not constantly find fault with or criticize others. 7. ကိုယ့်မှာလည်း အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေရှိတာကို သတိပြုပါ။ Be aware that you too have weaknesses and flaws. 8. လူတစ်ဦးစီမှာ ရှိတဲ့ကောင်းကွက်လ...

Binomial Pairs in English သိထားသင့်သော အင်္ဂလိပ်ဝေါဟာရ စုံတွဲစကားလုံးလေးများ DR. SOE THAN

Binomial Pairs in English သိထားသင့်သော အင်္ဂလိပ်ဝေါဟာရ စုံတွဲစကားလုံးလေးများ (ဒေါက်တာစိုးသန်း ရေးသားသည်။) Binomial ကိုတွေ့တာနဲ့ ဆရာတော့ ဒီတစ်ခါ သင်္ချာဘာသာရပ်အကြောင်းရေးတော့မယ်လို့ မထင်လိုက်နဲ့ဦး။ အင်္ဂလိပ်စာမှာ အဖိုနဲ့အမလို အမြဲတွဲသုံးလေ့ရှိကြတဲ့ ဝေါဟာရလေးတွေကို စုစည်းတင်ပြချင်လို့ ဒီ post ကိုရေးလိုက်တာပါ။ willy-nilly, wishy-washy, dilly-dally စသည်ဖြင့် အသံထွက်နီးစပ်သော စကားလုံးနှစ်လုံးကို ပူးတွဲသုံးတဲ့ reduplicative words တွေအကြောင်းကိုတော့ "စွယ်တော်ရွက်လို စကားလုံးများ" ခေါင်းစဉ်နဲ့ တင်ပြပေးခဲ့ဖူးတာ ဖတ်လိုက်ရသူတွေ မှတ်မိပါလိမ့်မယ်။ အခု ဒီ post မှာတော့ ကိုယ်တွေ မြန်မာစကားမှာလည်း "ထမင်းနဲ့ဟင်း၊ လင်နဲ့မယား လျှာနဲ့သွား၊ ရံဖန်ရံခါ၊ လူးလာပြန်ခတ်" စသည်ဖြင့် တွဲပြီးသုံးကြတတ်သလို အင်္ဂလိပ်စာမှာလည်း အမြဲအတူတကွတွေ့ရတတ်တဲ့ "law and order", "rules and regulations", "sick and tired" စသည့် စကားလုံးတွဲလေးတွေကို Binomials လို့ခေါ်တယ်။ Binomial pairs သို့မဟုတ် Binomial expressions လို့လည်းခေါ်ပါတယ်။ Law နဲ့ order ဆိုတဲ့ Noun နှစ်ခုကို အလယ်မှာ and ထားပြီ...