ဗိုက်ဆာပြီဗျို့ (ဒေါက်တာစိုးသန်း)
ဗိုက်ဆာပြီဗျို့ (Hungry)
I am hungry. လို့တော့ လူတိုင်းပြောတတ်တယ်နော်။
hungry (Adjective) ဆာလောင်သော
hunger (Noun) ဆာလောင်မှု
နည်းနည်းဆာတာလား၊ အရမ်းဆာတာလား၊ တခြားပြောပုံ Adjective လေးတွေနဲ့ usage အသုံးလေးတချို့ လေ့လာကြရအောင်။ အင်္ဂလိပ်စကားပြော နိုင်ငံတွေမှာ နေ့စဉ်အသုံးများတာတွေဖြစ်လို့ တကယ်တတ်ချင်ရင် သိထားသင့်တာလေးတွေကို စဉ်းစားမိသလောက် တင်ပြလိုက်ပါတယ်။
Hungry ရှေ့မှာ verb to be (am, is, are, was, were) နဲ့ feel ကို ထားသုံးပါ။ ဥပမာ...
I am hungry.
I feel hungry.
Are you hungry?
Are you feeling hungry? စသည်ဖြင့်။
Adjective တွေကို လေ့လာပါ။
famished = အလွန်ဆာလောင်နေသော။
I am famished. Please get something to eat.
ငါ အရမ်းဆာနေပြီ၊ စားဖို့တစ်ခုခုပေးပါ၊ ကျွေးပါ။
ravenous = အသည်းအသန်ဆာနေပြီ၊ ဘာပဲဖြစ်ဖြစ်စားမှာ။
I am ravenous! Where's dinner?
ဆာလိုက်တာ၊ ညစာဘယ်မှာလဲ၊ မပြင်ရသေးဘူးလား။
Growing boys have ravenous appetites.
ကြီးကောင်ဝင်စ လူလေးတွေဟာ အရမ်းဆာတတ်ကြတယ်။
starved = အလွန်ဆာသော။
starving = အလွန်ဆာသော။
starve (verb) က အစာအငတ်ခံထားတာ။
The prisoner was starved to death.
အကျဉ်းသားဟာ အစာမစားရလို့ သေသွားခဲ့တယ်။
I am starved.
I am starving. Let's go and eat something.
အရမ်းဆာနေပြီ၊ တစ်ခုခုသွားစားကြရအောင်။
ဒီ starving Adjective ကိုပဲ emphasize အထူးပြုပြောဆိုတဲ့အနေနဲ့သုံးပုံကို အောက်မှာကြည့်ပါ။
I am starving hungry.
I am starving to death.
ဆာလို့သေတော့မယ်။
ဒါတွေက very hungry; extremely hungry အရမ်းဆာတာကို ပြောပုံတွေပါ။ နည်းနည်းပဲဆာတာပါ ဆိုရင်ကော.....
I am a little bit hungry.
I am a bit hungry. ဒါကတော့ လွယ်တော့ သိမှာပါ။
နည်းနည်း အဆာပြေစားချင်ရုံလောက်ဆာတာကို ဘယ် Adjective သုံးလို့ရသေးလဲ....
Peckish ကို မှတ်ထားပါ။ British English ဖြစ်ပြီး အသုံးများတယ်။ feel နဲ့ တွဲသုံးပါ။
I am feeling peckish. I wouldn't mind some cookies.
နည်းနည်းလေးဆာနေပြီ၊ ကွက်ကီးလေးစားလည်း ရပါတယ်။
peckish = slightly hungry
empty ကိုလည်း မှတ်ထားဦး။ informal ဆိုတော့ သူငယ်ချင်းတွေနဲ့ ပြောရင်သုံးပေါ့။
I am empty. I didn't have time for breakfast. Let's grab a quick lunch.
ငါတော့ဗိုက်ထဲမှာဟောင်းလောင်း။ မနက်စောစော စားချိန်မရလို့။ မြန်မြန်လေး နေ့လည်စာသွားစားကြစို့။
နောက်ဆုံးပိတ် ဆာလောင်ကြောင်းပြောရင် သုံးကြတဲ့ စကားဆန်းလေးတွေ ထပ်မှတ်ကြပါဦး။ idiom လေးတွေပါ။
I am so hungry that I could eat a horse.
ဆာလွန်းလို့ မြင်းတစ်ကောင်လုံးတောင် ကုန်အောင် စားနိုင်တယ်။
You are so hungry that your stomach is growling.
မင်းဆာနေပုံများ ဗိုက်ထဲက သံစုံတီးဝိုင်းတောင် ကြားရ။
My inner man is shouting.
ဗိုက်ထဲက တကြုတ်ကြုတ် မြည်နေပြီ။ (ဗိုက်ထဲကကောင် ဆာလို့ အော်နေပြီ)
My tummy is rumbling.
ဗိုက်ထဲမှာ သံစုံတီးဝိုင်းတီးနေပြီ။
အဲဒီလိုဆာလို့ ဗိုက်ထဲက တဂွီဂွီမြည်သံကို tummy grumbles လို့ခေါ်တယ်။
My stomach is on E.
ဒီမှာ E က empty ကို ပြောတာ။ ကားဆီတိုင်ကီ gas tank မှာ ဆီကုန်တော့မယ်ဆိုရင် E အမှတ်အသားပြသလို သုံးတာပါ။ ဗိုက်ထဲမှာ ဟောင်းလောင်း၊ ဆီဖြည့်ရတော့မယ်ပေါ့။
ဒေါက်တာစိုးသန်း
ကဲ...ကိုယ်ဗိုက်ဆာလို့ပြောချင်တဲ့အခါ လက်တွေ့အသုံးချကြည့်လိုက်ပါဦး။
Ref: ဒေါက်တာစိုးသန်း၏ လူငယ်များအတွက် အင်္ဂလိပ်စာ ဗိုက်တာမင်ဆောင်းပါများ။
Comments
Post a Comment