ဟိုးတနေ့ကမေးကြတဲ့ မေးခွန်းလေးတချို့နဲ့ အဖြေများ.... (ဒေါက်တာစိုးသန်း)

ဟိုးတနေ့ကမေးကြတဲ့ မေးခွန်းလေးတချို့နဲ့ အဖြေများ....


ဒီလိုမျိုး Q&A session ကို နှစ်ပတ်မှာတစ်ခါလောက်လုပ်ပေးသင့်တယ်။


1. အမှန်တကယ်ပျော်ချင်ရင်လူတွေအပေါ်မျှော်လင့်ချက်သိပ်မထားပါနဲ့ ကို

engဘယ်လိုရေးလဲဆရာ။


📍If you want to be truly happy, expect nothing from people.


2. 

ကျေးဇူးပြုပြီး "ခေသူတော့မဟုက်ဘူး" ကိုဘာသာပြန်ပေးပါဦးဆရာ 

အရမ်းသိချင် သုံးချင်နေလို့ပါ


📍He is a force to be reckoned with.


3. ဆရာ မင်္ဂလာပါရှင့်​... သမီးတခု​လောက်​မေးချင်​လို့ပါ smell the coffee အဓိပ္ပာယ်​သိချင်​လို့ပါ ကျေးဇူးပါဆရာ


📍Wake up and smell the coffee!

အိပ်ရာကထ...ကော်ဖီသောက်စို့...

စိတ်ကူးယဉ်နေသူ၊ အပျင်းထူနေသူတွေကို သတိပေးတဲ့အနေနဲ့လည်း သုံးတယ်


4. ဟုတ်ကဲ့ ဆရာ

ကလေးတွေ မေးလေ့ရှိတာ

ကြီးကဲသူကို ကန်တော့တဲ့ခါ

ဆုပေးတဲ့စကားကို

"ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ"လို့

ကျွန်မတို့ ဗုဒ္ဓဘာသာအနေနဲ့

ပြန်ပြီး ခံယူတဲ့သဘော ပြောလေ့ရှိတာကို

Engလို သိချင်တာပါ ဆရာ


📍May I fully receive your blessings.


5. ငါတို့မိသားစု စီးပွားရေးအဆင်ပြေဘူး

ကို English လို ဘယ်လိုရေးရမလဲ sir,please


📍Our family has financial problems.


6. ဆရာရိုးရိုကျင့်မြင့်မြင့်ကြံဆိုရင် live simply, think high လို့ရေးလို့ရပါသလားဆရာ


📍Live simply, think highly.


7. Water under the bridge ရဲ့ idiom ကို ရှင်းပြပေးပါဦးဆရာ plese.


📍အတိတ်ကို အတိတ်မှာထားလိုက်ကြစို့


8. Mrs Miller gave the class a free hand to produce our own skit for the school's National Day celebrations

မှာ a free hand က ဘာအဓိပ္ပါယ် ပါလဲဆရာ


📍လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးထားတာ


9. အာစရိယပူဇော်ပွဲနှင့်ကျောင်းသားဟောင်းများတွေ့ဆုံပွဲ ဘယ်လိုပြန်မလဲ ဆရာ


📍Homage paying ceremony and Alumni Reunion


10. သားတို့ရဲ့ဆန္ဒသည်အမေ့ဘဝ အဲဒါလေးကိုeng လိုလေးဘာသာပြန်ပေးပါဆရာ


📍Wishes of the sons are integral to a mother's life.


11. ဆရာရှင့်

သူတို့ရဲ့တိုးတက်မှု့က ကျွန်မအတွက်တော့ ပီတိတခုပါ

ကိုပြောပြပေးပါနော်


📍Their progress is my bliss.


12. တယောက်ယောက် ကို interrupt လုပ်ရမှာအားနာတာကို i m afraid တို့ i hesitate to tell တို့အပြင် ပုံမှန် ဘာတွေသုံးလို့ရသေးလဲဆရာ


📍Sorry to cut in.

Let me jump in here.


13. "အင်္ဂလိပ် စာ စောစောတတ်တဲ့သူက စော စော လူ ရာ ဝင် တယ် " ဒီ စကား ကို ဘယ်လို ရေး မလဲ ဆရာ


📍Those who know English can see the world earlier than those who don't.


14. "ငါ ဘယ်နေ့ကစပြီး အလုပ်စဆင်းရမလဲ '' 

အဲဒီစာကြောင်းလေးကိုဒီလိုရေးရင်အဆင်ပြေလားဆရာ

''which day i start work?''


📍When do I report to work?


15. မင်းရဲ့မိဘတွေ မင်းကိုနားလည်ပေးသလို လူတိုင်းက မင်းကိုနားလည်ပေးမယ်ထင်နေရင် မင်းမှားနေပီ

ကျွန်တော်ချစ်သလို သူပြန်ချစ်လာမယ့်နေ့ကိုမျှော်လင့်နေတယ်


📍You would be wrong to think that people will understand you as your parents understand you.

I am looking forward to the day when you will come to love me the way I love you.


16. Good to in touch ကို အဆက်အသွယ် မပြတ်စေနဲ့နော်လို့ ဘာသာပြန်ရင် မှန်လား ဆရာ!


📍Keep in touch. အဆက်အသွယ်မပြတ်စေနဲ့။

Good to be in touch again. ပြန် အဆက်အသွယ်ရလို့ဝမ်းသာ။


17. "မင်းရဲ့ ဆန္ဒတွေ အားလုံးပြည့်ပါစေ"ကို ဘယ်လိုပြောရမလဲ ဆရာ


📍May all your wishes be fulfilled.


18. 

စေ့စပ်ထားတဲ့သူရှိတယ်လို့ ပြန်ဖြေချင်ရင်ဘယ်လိုပြောရပါသလဲရှင်ပြီးတော့အလုပ်ချိန်ပြီးရင်ဖုန်းသုံးလို့ ရသလားသိချင်ပါတယ်လို့ ရောဘယ်လိုမေးရမလဲရှင်


📍I am engaged to someone./I already have a fiance.

Can I use my phone after office hours?


19. အိပ်ပျက်ညတွေများပြီဘယ်လိုရေးရမလဲဆရာ


📍There have been many sleepless nights.


20. "ထာဝရ ခရီးသွား'' ဆိုတဲ့စကားလုံးကိုEလို

ဘယ်လိုလှလှပပရေးရမလဲ ဆရာ


📍eternal traveller


21. ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပါစေ ဆိုရင် ဘယ်လိုရေးရမလဲဆရာ


📍May what you wish for and what you are be exactly the same.


22. မှားပြောမိတာ

မှားခေါ်မိတာ ကိုရော ဘယ်လိုပြောရပါလဲရှင့်


📍by mistake

I called your number by mistake.

I said that by mistake.


23. ဇာတ်တူသားစားတာကိုဘယ်လိုပြောတာလဲဆရာ


📍dog eat god

cut throat


24. မနေ့က ထက် ဒီနေ့ပိုပြီး ကြိုးစားမယ်ကို ဘယ်လိုရေးလဲ ဆရာ


📍Today I will try harder than yesterday.


25. "စိတ်​ချမယ်​နော်​" ဆိုတာကို ဘယ်​လိုသုံးရမလဲ ဆရာ။


📍I'll rest assured.

I won't worry about it.


26. မျက်စိလည်တာကို ဘယ်လိုရေးပါသလဲဆရာ


📍မျက်စိလည်တာ

I am lost here!


With love,

Dr.Soe Than

November 2, 2017

Comments