အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.....

By Dr.Soe Than





"အားမနာပါနဲ့"



"Please don't feel backwards."😟😟😟



အဲလိုဝါကျ အင်္ဂလိပ်စကားပြောမှာ မရှိပါဘူး။ အင်္ဂလိပ်စာ group တွေမှာ ဝါသနာရှင် ဆရာလေးတွေတချို့က share နေတာ ခဏခဏတွေ့နေရလို့။ comment တွေမှာလည်း ကျေးဇူးတင်ကြောင်းတွေ ရေးထားကြတော့ အမှားကို အမှန်ထင်ကုန်ကြမှာ စိုးရိမ်လို့ပါ။



ကိုယ့်အသက်အရွယ် အတွေ့အကြုံနဲ့ အသေးအဖွဲလေးတွေ လိုက်မပြောသင့်တာ သိပါတယ်။ ဒါပေမဲ့ Please don't feel backwards. လိုဝါကျ အလွတ်ကျက်ထားပြီး နိုင်ငံခြားသားနဲ့ပြောမိရင် တဖက်လူ နားလည်မှာမဟုတ်ဘူးဗျ။ သူက .. fall backward လို့ပြောတာလို့ထင်ပြီး အော်...မပူပါနဲ့ ငါကောင်းကောင်းရပ်နိုင်ပါတယ်...လို့များပြန်ပြောခဲ့ရင်....-:)





အားနာတယ်...ကို အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်လို့မရဘူး လို့ထင်ပါတယ်။ အားနာတယ် ဆိုတာ...ကိုယ်ဒါကို လုပ်လိုက်ရင် တဖက်သား စိတ်ဆိုးမလား...စိတ်အနှောင့်အယှက်ဖြစ်သွား မလားလို့ စိုးရိမ်ပူပန်မိတာ...ဆိုတော့





အားနာတယ်..ကို အင်္ဂလိပ်လို ဘယ်လိုပြောကြမလဲ....





Would you mind if I use your phone?



မင်းရဲ့ ဖုန်းကို ငါသုံးလို့ရမလား။



(ငါ သုံးရင် မင်း စိတ်အနှောင့်အယှက်ဖြစ်မလား။ အားနာတဲ့ ပုံစံ နဲ့မေးတာ)



ကိုယ်က Would you mind if....နဲ့စပြီး ပြောလိုက်ရင် အားနာပါးနာနဲ့ တောင်းဆိုတယ်ဆိုတာ သူတို့ စကားပြောတဲ့ culture မှာ နားလည်ပြီးသားပါ။





နောက်ပြီး...



I feel bad that....



I feel bad to...



I am/was afraid that....



I hesitate to....



I am/feel hesitant to...



I am/feel/was/felt reluctant to...



ဒါတွေအားလုံးကို "အားနာတယ်" လို့ပြောချင်ရင်သုံးပါ။





ဥပမာလေးတွေကြည့်ပါ။





I feel bad that I won't be able to come to your birthday party.



မင်းမွေးနေ့ ငါမလာနိုင်လို့ အားနာလိုက်တာ။



I feel bad to say 'no' to your offer.



မင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းရတာ အားနာပါတယ်။



I am afraid that I won't be able to lend you the money.



မင်းကို ပိုက်ဆံမချေးနိုင်တာ အားနာလိုက်တာ။



Sometimes I am hesitant to ask for your help.



တခါတလေ မင်းရဲ့ အကူအညီတောင်းရမှာ အားနာတယ်။



I was reluctant to ask the teacher for extra help, knowing how busy he was.



သူအရမ်း အလုပ်များတယ်ဆိုတာကို သိလို့ ဆရာ့ကို အကူအညီတောင်းရမှာ အားနာနေခဲ့တာ။





ကိုယ်က သူများကို ..အားမနာပါနဲ့။ လုပ်ပါ...လို့ပြောချင်ရင် ..အသုံးအများဆုံးဖြစ်တဲ့ Please feel free. ကိုသုံးပါ။





Please feel free to....



Please don't hesitate to



Please don't hesitate to...if you...





Please feel free to use my phone.



ဖုန်းသုံးလို့ရတယ်။ အားမနာနဲ့။



Please don't hesitate to ask me for help.



အကူအညီလိုရင်တောင်းပါ။ အားမနာနဲ့။



Please don't hesitate to let me know if you need help.



အကူအညီလိုတာနဲ့ ပြောပါ။ အားမနာနဲ့။





🆘🆘🆘Please don't feel backwards. လို့ ပြောလို့မရပါဘူး။

Thanks


With love,



Dr.Soe Than






Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)