ဈေးကြီးသလား ဈေးပေါသလား တန်ရဲ့လား... (ဒေါက်တာစိုးသန်း)


ဈေးကြီးသလား ဈေးပေါသလား တန်ရဲ့လား...


ဈေးဝယ်တဲ့အခါ ပေးလိုက်ရတဲ့ ပစ္စည်းရဲ့ တန်ဖိုးကို ဈေးကြီးတယ်၊ တန်တယ်၊ ဈေးချိုတယ်...စသည်ဖြင့် Speaking အတွက် မှတ်ထားရန်ဝါကျများ

ဒီတစ်ခေါက်တော့ shopping လုပ်တဲ့ အခါ price ဈေးနှုန်းကို မိမိရဲ့ထင်မြင်ချက်ပြောဆိုပုံ အသုံး ဆယ်ခု တင်ပြပေးချင်ပါတယ်။ နံပါတ် ၁ မှ ၅ အထိဟာ ဈေးကြီးတယ်လို့ပြောရာမှာ သုံးပြီး ၆ မှ ၁၀ အထိကိုတော့ တန်တယ်၊ ဈေးချိုတယ်လို့ ပြောရင်သုံးရမှာဖြစ်ပါတယ်။

အရင်ဆုံး collocation အနေနဲ့ price ဈေးနှုန်းဆိုတဲ့ Noun နဲ့ တွဲသုံးကြရမယ့် Adjective တွေကိုမှတ်ကြမယ်။

ဈေးကြီးသောလို့ အဓိပ္ပါယ်ရတဲ့ အသုံးများတဲ့ Adjective အချို့📍
- expensive
- pricey
- costly
- high-priced
- dear
- exorbitant
- steep

ဈေးပေါသောလို့ အဓိပ္ပါယ်ရတဲ့ အသုံးများတဲ့ Adjective အချို့📍
- cheap
- inexpensive
- low-priced
- low-cost
- economical
- affordable
- reasonable

ဒီ Adjective တွေဟာ အသုံးများလို့ မသိမဖြစ်သိထားရမယ်။ သူတို့ကို ဝါကျဖွဲ့ရင် ဝါကျ အစမှာ It is နဲ့စ ပြီးရင် Adjective ကိုနောက်မှာထည့်။
It is + Adjective
ဥပမာ၊
It's quite pricey.
ဈေးကြီးလိုက်တာ။
It's pretty cheap.
အရမ်းပေါတယ်။ စသည်ဖြင့်သုံးလို့ရပါတယ်။

ကဲ... price အကြောင်းပြောပုံ ဆယ်မျိုးကို စလိုက်ကြစို့။

1. It cost a fortune.
ဒီဝါကျမှာ fortune ကို ကံကြမ္မာ လို့ဘာသာမပြန်ရပါ။ fortune ရဲ့နောက်အဓိပ္ပါယ်တစ်ခုက ငွေကြေးအမြောက်အမြားပါ။
It cost a fortune.= အရမ်းဈေးကြီးသည်၊ ပိုက်ဆံအများကြီးကုန်ကျသည်။
✏️This big diamond ring must have cost a fortune.
ဒီစိန်လက်စွပ်ကြီး တော်တော်ပေးရမှာဟ။
✏️It costs a fortune to send your children to an international school.
ကလေးတွေကို နိုင်ငံခြားကျောင်းမှာထားတာ အကုန်အကျအရမ်းများတယ်။

2. It cost an arm and a leg.
ဈေးမတရားကြီးလွန်းတယ်လို့ပြောရင်သုံးတဲ့ အီဒီယံပါ။ လက်တစ်ဖက် နဲ့ ခြေတစ်ဖက်ပေးလိုက်ရတယ်တဲ့။ ပထမကမ္ဘာစစ်မှာ တိုက်ခဲ့ရတဲ့စစ်သားတွေ တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာရတဲ့အခါ လက်ပြတ် ခြေပြတ်ဖြစ်ကြရတာ It's a high price to pay to win the battle. လို့ပြောစမှတ်ပြုရာမှ ဆင်းသက်လာတဲ့ အီဒီယံလို့ ယူဆကြပါတယ်။

✏️I want to buy a brand new car from the showroom, but it's going to cost me an arm and a leg.
ငါက ကားအရောင်းပြခန်းက ကားအသစ်စက်စက်ကိုဝယ်ချင်ပေမယ့် ဈေးကသေလောက်အောင်ကြီးလွန်းတယ်။

3. That's a rip-off.
အရေခွံနွာလိုက်တာ။ မင်းတော့အရိတ်ခံလိုက်ရပြီ။ မတန်တဆဈေးကိုတောင်းထားတာ။
rip-off= overpriced, far more expensive than it should be

✏️They charged you 20,000 Kyats for this simple T-shirt? That's a rip-off!
ဒီ တီရှပ်လေးကို ကျပ်နှစ်သောင်းပေးခဲ့ရတယ်။ မင်းတော့ အရိပ်ခံလိုက်ရပြီ။

4. I can't afford it.
ဈေးကြီးလွန်းလို့ ငါမတတ်နိုင်ဘူး။
I can't afford it.= I don't have enough money to buy it.

✏️The condo units in Yangon are way overpriced. I can't afford it.
ရန်ကုန်က ကွန်ဒိုဈေးတွေက မတရားတင်ထားတာ။ မဝယ်နိုင်ပါဘူး။

5. That's a bit pricey.
ဈေးနည်းနည်းများတယ်နော်။
 price (noun) = ဈေးနှုန်း
pricey (adjective) = ဈေးကြီးသော

✏️7000 Kyats for a plate of deep fried fritters? That's a bit pricey.
အကြော်တစ်ပွဲ ၇၀၀၀ ကျပ်တဲ့လား။ ဈေးနည်းနည်းကြီးတယ်နော်။

**************************************

6. That's quite reasonable.
ဈေးမှန်တယ်၊ ပေးသင့်တဲ့ဈေးပဲ။ တန်ပါတယ်။
That's quite reasonable.= It's a good price.

✏️They charged me only 10,000 Kyats per night for bed and breakfast. I think that's quite reasonable.
တစ်နေ့ တည်းခိုခနဲ့ နံနက်စာအပါအဝင် ကျပ်တစ်သောင်းပဲပေးရတယ်။ သင့်တင့်တဲ့နှုန်းထားပါ။

7. It is 50% off.
တဝက်ဈေးလျှော့ထားတယ်။
It's 50% off.= There's a 50% discount.
ဒီဝါကျမှာ ရာခိုင်နှုန်းကို 20% off, 40% off စသည်ဖြင့်ပြောင်းသုံးနိုင်ပါတယ်။

8. That's a good deal.
တန်လိုက်တာ။ ဒီဝါကျကို ဘာပဲတန်တန် ဈေးနှုန်းချိုတယ်၊ တန်တယ် စသည်ဖြင့်ပြောရင်သုံးပါ။ ဈေးဝယ်တာဖြစ်ဖြစ်၊ ဟော်တယ်အခန်းခ၊ လေယဉ်လက်မှတ်ဈေးနှုန်း စသည်ဖြင့်။
That's a good deal.= a good value for the amount of money

✏️I bought this nice pair of shoes on sale only for 20,000 Kyats. That's a good deal, don't you think?
ငါ ဒီဖိနပ်အကောင်းစားလေးကို ဈေးလျှော့ထားလို့ ကျပ်နှစ်သောင်းနဲ့ရခဲ့တာ တန်တယ်မဟုတ်လား။

9. It was a real bargain.
တန်လိုက်တာ။
It's a good bargain. လို့လည်းသုံးပါတယ်။
bargain (verb)= ဈေးဆစ်သည်
bargain (noun) = လျှော့ဈေး၊ ဈေးလျှော့ထားသည့်ပစ္စည်း

✏️The car you've bought is a real bargain at that price.
ဒီဈေးနဲ့ဆို မင်းဝယ်လိုက်တဲ့ကားက တကယ်တန်တာပေါ့။

10. It was dirt cheap.
ချေးပေါသေးပေါ၊ အလကားနီးပါးပေးသလို၊ အရမ်းပေါတယ်။
dirt cheap= extremely inexpensive

✏️I bought a smart watch in Singapore. It was dirt cheap.
ငါ စင်္ကာပူမှာ smart watch တစ်လုံးဝယ်ခဲ့တယ်။ ဈေးပေါလွန်းလို့။

**************************************

With love,
Dr.Soe Than
October 12, 2017

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

ကျွန်​တော်​ပြောပြမယ်​အချစ်​ဆိုတာလေ...... (ထက်​ဇော်​ထူး)