အမှတ်တမဲ့မှ အမှတ်တရသို့ (ဒေါက်တာစိုးသန်း)

အမှတ်တမဲ့မှ အမှတ်တရသို့


ငယ်ငယ်ကလေးဘဝက အင်္ဂလိပ်စာ သင်ခဲ့ရတုန်းက 

water= ရေ

milk= နို့

sugar= သကြား

table= စားပွဲ

chair= ကုလားထိုင်

doctor= ဆရာဝန်

engineer= အင်ဂျင်နီယာ

စသည်ဖြင့် ဆရာမသင်ပေးတဲ့ ဝေါဟာရတွေ အလွတ်ရအောင် အော်ဆိုခဲ့ကြတာပေါ့။ အလယ်တန်းအဆင့်လောက်ရောက်တော့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းမှာ ဆရာက Grammar စာအုပ်ထဲက စာကြောင်းတွေကူးရေးခိုင်း၊ လေ့ကျင့်ခန်းတွေလုပ်ခိုင်းရင်းနဲ့မှ ကိုယ်သိပြီးသား အထက်က Noun ပုံစံစကားလုံးလေးတွေကို Verb လိုလည်းသုံးလို့ရကြောင်း အသိပိုကျယ်လာရတယ်။ အဲဒီလို လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့

The gardener watered the plants.

ဆိုပြီး water ကို 'ရေလောင်းသည်' ဆိုတဲ့ အဓိပ္ပါယ်နဲ့ Verb လိုသုံးတာမျိုးတွေ...သတိထားမိလာခဲ့တယ်။ box ဟာ သေတ္တာလို့ သိထားတာကနေ boxing ထိုးတာဟာ verb လိုဆိုရင် လက်ဝှေ့ထိုးသည် ဆိုတာထပ်သိလာခဲ့ရတယ်။

လူလေးကြီးရင် ဘာလုပ်မလဲ...လို့မေးရင်.. ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်...doctor, engineer တယ်ဟုတ်ပါလား ဒီဂုဏ်ရှိတဲ့အလုပ်တွေ...လို့ကလေးတုန်းကတော့ တွေးခဲ့မိတာပေါ့။ doctor, engineer စသည့် သိနေပြီးသား အမှတ်တမဲ့ စကားလုံးလေးတွေဟာ အထက်တန်းအဆင့်လောက်မှာ ကိုယ် အင်္ဂလိပ်စာကို ပြင်ပစာတွေပါ စတင်ဖတ်ကြည့် လေ့လာကြည့်တော့မှ ဒီစာလုံးတွေကို Verb လိုသုံးလိုက်ရင် လုံးဝ မမျှော်လင့်ထားတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာပါလားလို့ ကျွန်တော်ငယ်ငယ်က အင်္ဂလိပ်စာ လေ့လာခဲ့တဲ့ အတွေ့အကြုံမှာ အမှတ်တရလေးတွေဖြစ်ခဲ့ဖူးပါတယ်။

ဒါ့ကြောင့် ဒီလိုမျိုးစာလုံးလေးတွေကို တင်ပြချင်တဲ့ ဒီဆောင်းပါးကို 'အမှတ်တမဲ့မှ အမှတ်တရသို့' လို့ ကဗျာဆန်ဆန်ခေါင်းစဉ်တပ်လိုက်တာပါ။


ကဲ... ကိုယ်သိပြီးသား ဘာမှမထူးဆန်းတဲ့ တချို့Noun ပုံစံစကားလုံးလေးတွေကို Verb လို သုံးလိုက်ရင် ဘယ်လို အဓိပ္ပါယ်ကို ဆိုလိုကြောင်းကြည့်ကြရအောင်။


1. doctor (noun) = ဆရာဝန်

 doctor (verb)= စာရင်းလိမ်သည်။ ဆေးခပ်ပြုပြင်သည်။ တိရစ္ဆာန်ကိုသင်းကွပ်သည်။

(အဓိပ္ပါယ်မတူတာ သုံးမျိုးဖြစ်သွားတယ်၊ သုံးမျိုးစလုံးကိုလည်း နေ့စဉ်အသုံးပြုနေကြပါတယ်)

He was accused of doctoring the accounts.

သူငွေစာရင်းတွေလိမ်တယ်လို့ စွပ်စွဲခံရတယ်။

He doctored her orange juice with whisky, so she got very drunk.

သူ့ရဲ့ လိမ္မော်ရည်ထဲကို ဝီစကီခိုးထည့်ထားတော့ တော်တော်လေးမူးသွားတယ်။

This cat has been doctored.

ကြောင်ကို သင်းထားတယ်။


2. engineer (noun)= အင်ဂျင်နီယာ

    engineer (verb)= လှို့ဝှက်ကြံစည်သည်

to engineer a plot

His enemies engineered his downfall.


3. nurse (noun)= သူနာပြု

    nurse (verb)= စိတ်ထဲ အခဲမကြေတေးထားသည်

to nurse feelings of revenge


4. husband (noun)= လင်ယောက်ျား

     husband (verb)= ချွေတာသုံးစွဲသည်

to husband our resources


5. father (noun)= အဖေ၊ဖခင်

    father (verb)= တီထွင်ဖန်တီးသည်

to father a plan


6. mother (noun)= အမေ၊ မိခင်

    mother (verb)= ပိုက်ထွေးယုယ ဖူးဖူးမှုတ်ထားသည်

He likes to be mothered when he is sick.

သူနေမကောင်းရင် အရမ်းဂရုစိုက်တာခံချင်တယ်။


7. house (noun)= အိမ်

    house (verb)= နေရာထိုင်ခင်းပေးသည်

The government can't house the homeless people.

အိမ်ခြေမဲ့တွေကို အစိုးရက နေစရာမဖန်တီးပေးနိုင်။


8. floor (noun)= ကြမ်းပြင်

    floor (verb)= လက်မှိုင်ချသည်။ အလဲထိုးသည်

He was floored by two difficult questions in the exam.

ခက်တဲ့မေးခွန်းနှစ်ခုကြောင့် သူစာမေးပွဲမှာ လက်မှိုင်ချ၊ အရှုံးပေးရ။

He floored his opponent with a fine punch in the first round.

သူဟာ ပြိုင်ဖက်ကို ပထမအချီမှာ လှလှလေးအလဲထိုးသွားတယ်။


9. man (noun)= ယောက်ျား

    man (verb)= လုပ်ကိုင်ရန်တာဝန်ယူသည်

Mya Mya will man the office when I am away.

ငါမရှိချိန်မှာ မြမြဟာ ရုံးမှာတာဝန်ယူလိမ့်မယ်။


10. chair (noun)= ထိုင်ခုံ

      chair (verb)= သဘာပတိအဖြစ်ဆောင်ရွက်သည်

to chair a meeting


11. table (noun)= စားပွဲ

      table (verb)= အဆိုတင်သည်၊ မေးခွန်းထုတ်သည်

to table a proposal

to table a question in parliament


12. book (noun)= စာအုပ်

      book (verb)= ကြိုတင်ဘုတ်ကင်လုပ်သည်။ ပြစ်မှုအတွက်မှတ်တမ်းတင်ခံရသည်

to book a ticket

He was booked for speeding.

သူ ကားအမြန်မောင်းလို့ ဒဏ်ရိုက်ခံရတယ်။


13. taxi (noun)= အငှားကား
   taxi (verb)= လေယာဉ်ကိုမြေပြင်တွင်ဖြည်းဖြည်းမောင်းနှင်သည်

The plane was taxiing along the runway.

လေယဉ်ပြေးလမ်းပေါ်မှာ ဖြည်းဖြည်းခြင်းမောင်းလာတယ်။


14. air (noun)= လေ

   air (verb)= အဝတ်ကိုလေသလပ်အောင်ထားသည်။ ဖွင့်ပြောဆိုသည်။

leave the clothes to air

to air one's grievances


15. pen (noun)= ဖောင်တိန်

      pen (verb)= စာရေးသည်

to pen a few words


16. pencil (noun)= ခဲတံ

      pencil (verb)= ခဲတံဖြင့်ပုံကြမ်းရေးသည်

to pencil the rough outline of a house


17. spice (noun)= ဟင်းခတ်အမွှေးအကြိုင်

      spice (verb)= ပို၍စိတ်ဝင်စားစရာကောင်းအောင်လုပ်သည်၊ ထပ်ဖြည့်သည်။

to spice up your life

a horror movie spiced with dark humor


18. soldier (noun)= စစ်သား

      soldier on (verb)= ဦးလည်မသုန်ကြိုးပမ်းသည်

She was very tired but she soldiered on until the work was done.

သူဟာမောပန်းနေပေမဲ့ အလုပ်ပြီးတဲ့အထိအားတင်းကြိုးစားလုပ်တယ်။


19. dog (noun)= ခွေး

    dog (verb)= ထက်ကြပ်မကွာ တကောက်ကောက်နောက်မှလိုက်သည်

to dog somebody's footsteps


20. snake (noun)= မြွေ

       snake (verb)= ကွေ့ကောက်သွားသည်

The road snakes through the mountains.


21. fish (noun)= ငါး

      fish (verb)= ငါးမျှားသည်၊ စကားခေါ်သည်

to fish for compliments

ကိုယ့်ကို သူတပါးမှ ချီးကြူးလာအောင် စကားခေါ်သည်


22. water (noun)= ရေ

       water (verb)= အပင်ရေလောင်းသည်။ တိရစ္ဆာန်ရေချသည်။ မျက်ရည်ဝဲသည်။ သွားရည်ကျသည်။

to water the plants

to water the horses

The smoke made my eyes water.

The smell of the curry made my mouth water.


23. wind (noun)= လေ

       wind (verb)= အသက်မရှုနိုင်ဖြစ်သည်

The punch in the stomch momentarily winded him.

ဗိုက်ကိုထိုးလိုက်တာ သူခဏ အသက်မရှုနိုင်ဖြစ်သွားတယ်။


24. stomach (noun)= ဗိုက်

      stomach (verb)= သည်းညည်းခံသည်

I stopped the movie in the middle as I can't stomach violence.

အကြမ်းပတမ်းတွေ သည်းညည်းမခံနိုင်လို့ ရုပ်ရှင်ကို တဝက်နဲ့ရပ်လိုက်တယ်။


25. milk (noun)= နို့

      milk (verb)= ငွေညှစ်သည်၊ သတင်းအစ်သည်

He had milked his grandmother dry of all her money.

သူဟာ အဖွားရဲ့ပိုက်ဆံတွေ တပြားမကျန်ငွေညှစ်ယူပြီးပြီ။


26. sugar (noun)= သကြား

       sugar (verb)= သကြားထည့် ဖြူးသည်

Is this tea sugared?

လ္ဘက်ရည် သကြားထည့်ထားလား။


27. mind (noun)= စိတ်

      mind (verb)= စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ဂရုစိုက်သည်။

I don't mind the noise.

Please mind your language.


28. hand (noun)= လက်

      hand (verb)= ဝေပေးသည်။ လှမ်းပေးသည်

He handed round the candies.

သကြားလုံးတွေဝေတယ်။

Please hand me that book.

အဲဒီစာအုပ်လေးလှမ်းလိုက်ပါ။


29. foot (noun)= ခြေထောက်

       foot (verb)= ကျသင့်ငွေကိုရှင်းသည်

to foot the bill

Who will foot the bill for this dinner?

ဒီညစာအတွက် ဘယ်သူဒကါခံမှာလဲ။


30. mouth (noun)= ပါးစပ်

      mouth (verb)= တီးတိုးရေရွတ်သည်

to mouth curses


31. moon (noun)= လ

      moon (verb)= ငေးငိုင်နေသည်။ လွမ်းသည်

Stop mooning. Get up and do some work.

to moon over someone


32. drum (noun)= ဗုံ၊ ဒရမ်

       drum (verb)= ခေါင်းထဲဝင်အောင်ရိုက်သွင်းသည်

drum something into somebody

drum something into somebody's head


33. cake (noun)= ကိတ်မုန့်

       cake (verb)= မာတောင့်သွားသည်။ ခဲသွားသည်

Her shoes were caked with mud.

Blood from the wound has caked on his face.


34. boot (noun)= ဘွတ်ဖိနပ်

       boot (verb)= ပိတ်ကန်သည်

to boot a ball

to boot somebody in the face


35. paper (noun)= စက္ကူ

      paper (verb)= နံရံပေါ်တွင် wall paper အလှကပ်သည်

He is papering his bedroom.


36. sand (noun)= သဲ

      sand (verb)= ကော်ဖတ်စားသည်

The floor has been sanded smooth.


37. bag (noun)= အိတ်

      bag (verb)= သားကောင်ကိုရသည်။ လက်ဦးအောင်ယူသည်။

The hunter has bagged a couple of rabbits.

She has bagged the most comfortable chair.


38. dress (noun)= အဝတ်အစား

       dress (verb)= အနာဆေးထည့် ပတ်တီးစည်းသည်။ ချက်ပြုတ်ရန်အတွက် သားငါးကိုင်သည်။ ပြင်ဆင်ခင်းကျင်းသည်

dress a wound

dress a chicken

dress a shop window


39. chicken (noun)= ကြက်

 chicken out (verb)= ကြောက်သွေးပါ၍နောက်ဆုတ်သွားသည်

to chicken out of something


40. duck (noun)= ဘဲ

       duck (verb)= ဆတ်ခနဲငုံ့၍ပုန်းသည်၊ ရှောင်သည်။

He saw the gun and ducked under the table.

သေနပ်တွေ့လို့ သူစားပွဲအောင်ငုံ့ဝင်ပုန်းတယ်။

He ducked his head to avoid a low branch.

သစ်ကိုင်းနဲ့ မတိုက်မိအောင်သူ ခေါင်းငုံ့ရှောင်တယ်။


ကဲ...စိတ်ဝင်စားစရာမကောင်းဘူးလား။ ကိုယ်သိထားပြီးသား စကားလုံးလေးတွေမှာ ဒီလိုအဓိပ္ပါယ်တွေလည်းရှိနေပါသေးလားဆိုတာ။ ဆက်ပြောရင်တော့ အများကြီးရှိသေးတာပေါ့။ လိုရင်းကတော့ အင်္ဂလိပ်စာလေ့လာလိုက်စားနေတဲ့ ဝါသနာရှင်လူငယ်တွေကို language awareness raising exercise သဘောမျိုးလေးပြောပြချင်တာပါ။ အမှတ်တမဲ့ အပေါ်ယံကြောမလေ့လာဖို့...အဘိဓာန်ကြည့်ကြဖို့... အင်္ဂလိပ်ဘာသာစကားရဲ့ သဘောတရားနဲ့ မာယာကြွယ်လှမှုတို့ကြောင့် လှေနံဓါးထစ်လေ့လာရုံနဲ့ မလုံလောက်ပါဘူးလို့ စေတနာနဲ့သတိပေးချင်လို့ ဒီဆောင်းပါးလေးရေုးဖြစ်ခဲ့တာပါ။


With love,

Dr.Soe Than

October 18, 2017

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)