အရည်မရ အဖတ်မရ၊ အလေဏတော၊ အရေးမပါတာတွေ တတွတ်တွတ်ပြောတာကို English လိုဘယ်လိုပြောမလဲ



အရည်မရ အဖတ်မရ၊ အလေဏတော၊ အရေးမပါတာတွေ တတွတ်တွတ်ပြောတာကို English လိုဘယ်လိုပြောမလဲ

အရည်မရ အဖတ်မရ၊ အလေဏတော၊ အရေးမပါတာတွေ တတွတ်တွတ်ပြောသည်....

အဲဒီအတွက် ဝေါဟာရတစ်လုံးမှတ်ကြစို့။
prattle
verb လည်း prattle၊ noun လည်း prattle ပဲ။

သူငယ်ချင်းတွေနဲ့ဆုံလို့ အာလူးပေးကြတာ၊ ဟိုအကြောင်းဒီအကြောင်းပြောကြတာ...သဘာဝကျတဲ့ အပြစ်ကင်းတဲ့ အလုပ်ပါ။ prattle လို့ မသုံးဘူး။

My friends and I were chatting for hours on end.
သူငယ်ချင်းတွေနဲ့ ကျွန်တော် နာရီပေါင်းများစွာ စကားလက်ဆုံကျနေတာ။

When we have time, we love to chit-chat at the tea shop.
အားရင် လ္ဘက်ရည်ဆိုင်မှာ အာလာပသလ္လာပပြောကြတယ်။

When I meet my old friends, we talk about this and that.
သူငယ်ချင်းဟောင်းတွေနဲ့ဆုံရင် ဟိုဟိုဒီဒီအာကြတယ်။

ဒါတွေအားလုံးဟာ ကောင်းတယ်၊ chat, chit-chat, talk about this and that စသည့် verb တွေသုံးကြတယ်။

ဒါပေမဲ့ အရည်မရအဖတ်မရ၊ အလေဏတောတွေလာပြောနေတယ် (ကိုယ်မနှစ်သက်ဘူးဆိုတာပြတဲ့သဘော) idle talk ဘာမှ အနှစ်သာရမရှိတာတွေပြောနေတယ်ဆိုရင် prattle ကိုသုံးပါတယ်။ ဥပမာဝါကျလေးတွေကြည့်ပါ။

📍verb လိုသုံးရင် prattle on သို့မဟုတ် prattle away about something or someone လို့တွဲမှတ်ပါ။

He was prattling on about his former girlfriends.
သူ့ရဲ့ အရင်ရည်းစားဟောင်းတွေအကြောင်း လာအာနေတာ။

📍noun လိုသုံးရင် childish prattle, idle prattle စသည်ဖြင့်တွဲသုံးကြပါတယ်။

His lecture was full of idle prattle about his personal life.
(ဆရာ့ရဲ့) စာပို့ချမှုဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေး အရေးမပါတာတွေများလိုက်တာ။

With love,
Dr.Soe Than
August 21, 2017

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)