အဝတ်အစားဝတ်တာနဲ့ပတ်သက်လို့ သိထားရမဲ့ Phrasal verb လေးတွေ ဆယ်ခု (ဒေါက်တာစိုးသန်း)
အဝတ်အစားဝတ်တာနဲ့ပတ်သက်လို့ သိထားရမဲ့ Phrasal verb လေးတွေ ဆယ်ခု
1. put on = အဝတ်ကို ကိုယ်ပေါ်တွင်ဝတ်ဆင်သည်
Hurry up. Put on your shoes. School bus is waiting.
မြန်မြန်လုပ်၊ ဖိနပ်စီးတော့၊ ကျောင်းကားစောင့်နေပြီ။
(put on ကို အဝတ်ဝတ်တာရော၊ ဖိနပ်စီးတာပါသုံးတယ်)
2. take off = အဝတ်ချွတ်သည်
Please take off your slippers before entering the monastery.
ဘုန်းကြီးကျောင်းထဲမဝင်ခင် ဖိနပ်ချွတ်ပါ။
(🚩put on ရဲ့ဆန့်ကျင်ဘက်ကို ခပ်ပေါ့ပေါ့နဲ့ put off အဝတ်အစားချွတ်သည်လို့ မှတ်ထားလိုက်ရင် မှားပါလိမ့်မယ်။ put off= to postpone အချိန်ရွှေ့ဆိုင်းသည်လို့ အဓိပ္ပါယ်ရပါတယ်။ put on ရဲ့ဆန့်ကျင်ဘက်ဟာ take off လို့မှတ်ပါ။ take off ဟာ လေယဉ်ပျံ စတင်ထွက်ခါသည် လို့လည်းအဓိပ္ပါယ်ရတယ်)
3. try on = အဝတ် တော်မတော်စမ်းဝတ်ကြည့်သည်
I want to try on this shirt to see if it fits me.
ဒီအင်္ကျီ ကျွန်တော်နဲ့တော်မလားလို့ စမ်းဝတ်ကြည့်ချင်တယ်။
4. dress up = ကျကျနန သတ်သတ်ရပ်ရပ်ဝတ်သည်
He always likes to dress up.
သူဟာ အမြဲပဲ သေသေသပ်သပ်ဝတ်စားတတ်တယ်။
5. do up = ကြယ်သီးတပ်သည်။ ဖိနပ်ကြိုးချီသည်
Do up your shoe laces.
မင်းရဲ့ ဖိနပ်ကြိုးတွေချီလိုက်ဦး။
Do up the top button of your shirt.
အင်္ကျီကြယ်သီးကို အပေါ်ဆုံးအလုံးထိတပ်ပါ။
6. zip up = ဇစ်ဆွဲပိတ်သည်
He quickly zipped up his pants and left the restroom.
သူဟာ ဘောင်းဘီဇစ် အမြန်ဆွဲပိတ်ပြီး အိမ်သာထဲမှထွက်သွားတယ်။
7. hang up = အဝတ်လှမ်းသည် ၊ ဂျိတ်ဖြင့်ချိတ်ထားသည်
Hang up your clothes nicely in the closet.
ဘီရိုထဲမှာ မင်းရဲ့အဝတ်တွေကို သေသေချာချာချိတ်ထားပါ။
8. slip on = ပေါ့ပေါ့ပါးပါးမြန်မြန်ဝတ်သည် ၊ Tshirt စသည်ဖြင့်
I just slipped on my slippers and went out for a walk.
ခြေညှပ်ဖိနပ်မြန်မြန်စီးပြီး လမ်းရှောက်ထွက်ခဲ့တယ်။
9. throw on = သိပ်ရွေးမနေဘဲ လွယ်လွယ်ကူကူဝတ်လိုက်သည်
Just throw on a Tshirt. Your friends are waiting downstairs.
Tshirt လေးသာမြန်မြန်ဝတ်လိုက်ကွာ။ သူငယ်ချင်းတွေ အောက်မှာစောင့်နေကြတယ်။
10. wrap up = နွေးနွေးထွေးထွေးဝတ်သည်။
bundle up နဲ့ တူသည်
I need to wrap myself up as it's quite cold outside.
အပြင်မှာအေးတယ်၊ ငါနွေးနွေးထွေးထွေးလေးဝတ်မှဖြစ်မယ်။
With love,
Dr.Soe Than
November 1, 2017
Comments
Post a Comment