အမေးအဖြေ (ဆရာဒေါက်တာစိုးသန်း)



Question:

ဆရာ..ကျွန်မက မူလတန်းပြဆရာမ ပါ။ ၄တန်း အင်္ဂလိပ်သင်ပါတယ်။

What I Do at School every day ခေါင်းစဉ်နဲ့ ကလေးတွေကို essay ရေးခိုင်းတော့ နိုင်ငံတော်အလံကိုအလေးပြုကြပါသည် ကိုဘယ်လိုရေးရမလဲလို့မေးတော့ ကျွန်မက မသေချာလို့ နေဦး..တိကျတဲ့အဖြေ ရှာဦးမယ်လို့ပြောထားတယ်...တစ်ဆိတ် ညွှန်ကြားပေးပါဆရာ။

Answer:

We salute our national flag.

ကျွန်တော်တို့သည် နိုင်ငံတော်အလံကို အလေးပြုကြသည်။

ကလေးတွေက စစ်စစ်ပေါက်ပေါက်မေးတတ်လို့ သူတို့ထပ်မေးနိုင်မှာလေးတွေ ကြိုစဉ်းစားပေးလိုက်မယ်...

We pledge our allegiance to the Nation.

ကျွန်တော်တို့ သစ္စာအဓိဌာန်ပြုကြသည်။

to pledge our allegiance to ဆိုတဲ့ usage ကိုမှတ်ထားရမယ်။ သစ္စာဆိုတာ၊ သစ္စာပြုတာ။

အလံနဲ့ပတ်သက်လို့ ကလေးတွေကို သင်ပေးလို့ရတာလေးတွေ.....

the ceremony of hoisting/lowering the flag= အလံတင်/အလံချ အခမ်းအနား
hoist (verb)= ပင့်သည်၊ မြှင့်တင်သည်
hoist a flag= အလံတင်သည်
lower a flag= အလံချသည်
flagpole= အလံတိုင်

The flag is flown (at) half-mast.

အလံကို တိုင်တစ်ဝက်သာ လွှင့်ထူသည်။ (ဝမ်းနည်းကြောင်း အထိမ်းအမှတ်)

The flag is lowered (at) half-mast. လည်းရပါတယ်။

အမေရိကန်တွေကတော့ half-staff လို့သုံးတတ်ကြတယ်။

mast ဟာ သင်္ဘောတွေပေါ်က ရွက်တိုင်ကြီးပါ။ အလံတစ်ဝက်လွှင့်တာကျတော့ pole နဲ့မသုံးဘဲ mast ကိုယူသုံးပြီး half-mast ဖြစ်သွားတာပေါ့။

နောက်ထပ်ဝါကျတိုလေးတွေ....

Students have to line up in the playground for morning assembly.

ကျောင်းသားများသည် မနက်ခင်းစုံညီစုဝေးခြင်းအတွက် ကစားကွင်းထဲတွင် တန်းစီကြရသည်။

We sing our national anthem.

ကျွန်တော်တို့ နိုင်ငံတော်သီချင်းကိုဆိုသည်။

We stand at attention.

ကျွန်တော်တို့ သတိအနေအထားဖြင့်ရပ်နေသည်။

We stand at ease.

ကျွန်တော်တို့သက်သာနေအထားဖြင့်ရပ်သည်။

We listen to the Headmaster's words of advice.

ကျွန်တော်တို့ ကျောင်းအုပ်ကြီး၏ သြဝါဒစကားကို နားထောင်သည်။

stand at ease သက်သာ
stand easy အေးစေ
attention သတိ
march ချီတက်
dismiss တန်းဖြုတ်
mark time ချိန်မှတ်

With love,

Dr.Soe Than

December 27, 2017



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)