heart ထိတယ်...လို့အင်္ဂလိပ်လိုပြောမယ်၊ ရေးမယ်... (ဒေါက်တာစိုးသန်း)
heart ထိတယ်...လို့အင်္ဂလိပ်လိုပြောမယ်၊ ရေးမယ်...
အရမ်းဝမ်းနည်း စိတ်ထိခိုက်သွားတာဖြစ်ဖြစ်၊ အရမ်းကိုဝမ်းသာပီတိဖြစ်ပြီး ရင်ထဲမှာလေးလေးနက်နက်ခံစားရလို့ ငိုချင်သလိုလို မျက်ရည်များတောင်ဝဲမိတဲ့ ခံစားရမှုကို Heart ထိတယ်ဗျာ...လို့ကိုယ်တွေကပြောနေကြတယ်နော်။
အဲဒါကို အင်္ဂလိပ်လိုပြောဖို့ ဆိုရင် move နဲ့ touch ဆိုတဲ့ verb နှစ်ခုကိုသုံးရပါတယ်။ နမူနာဝါကျလေးတွေနဲ့ ရှင်းပြပါ့မယ်။
MOVE
📍I was moved when I heard that sad song.
အဲဒီ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းကိုကြားလိုက်ရတော့ ငါ တော်တော် စိတ်ထိခိုက်သွားတယ်။
(I was moved ဆိုပြီး passive voice နဲ့သုံးထားပုံကို သတိပြုပါ။)
📍We were deeply moved by his plight.
သူ အတိဒုက္ခရောက်ရပုံ သိရတော့ ငါတို့ ရင်ထဲမကောင်းလိုက်တာ။
be moved to tears ဆိုတာ စိတ်ထိခိုက်လွန်းလို့ ငိုချလိုက်မိတာ၊ ဝမ်းနည်း ဝမ်းသာ မျက်ရည်ကျစေတာ
📍The teacher was moved to tears when she saw the lovely cards that her students had made for her birthday.
သူ့ရဲ့ကျောင်းသားလေးတွေလုပ်ပေးထားတဲ့ မွေးနေ့ကဒ်လှလှလေးတွေမြင်တော့ ဆရာမဟာ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျရှာတယ်။
ဒီအပေါ်မှာပေးထားတဲ့ နမူနာဝါကျတွေက passive voice နဲ့သုံးပြထားပေမဲ့ active voice ကိုလည်း သုံးလို့ရပါတယ်။
📍It moved me.
ခံစားရတယ်။ heart ထိတယ် ကို ယေဘူယျသုံးပုံပါ။
📍It moved me to tears.
something moves somebody to tears လို့မှတ်ပေါ့။
moving ကို adjective လိုသုံးရင် စိတ်ခံစားရသော၊ စိတ်ထိခိုက်စေသော။
a moving story= ဝမ်းနည်းစရာဇာတ်လမ်း
📍His farewell speech was deeply moving.
သူ့ရဲ့ ခွဲခွါခါနီးနှုပ်ဆက်မိန့်ခွန်းဟာ အရမ်းစိတ်ထိခိုက်စေတယ်။
(move နဲ့ touch တို့နဲ့ တွဲသုံးတတ်တဲ့ adverb ကတော့ deeply ပါ။)
TOUCH
touch ကိုလည်း move ကို အထက်မှာသုံးတဲ့ အဓိပ္ပါယ်နဲ့ သုံးကြပေမဲ့ move လောက်တော့ အသုံးမတွင်ကျယ်ဘူးလို့ ထင်ပါတယ်။ အောက်က ဝါကျတိုလေးတွေကို မှတ်ထားလိုက်ရင် လုံလောက်ပါတယ်။
It touched my heart.
It touched me.
That sad movie touched me deeply.
I was touched.
I was touched by what she told me.
ဒီဝါကျတွေ အားလုံးရဲ့ အဓိပ္ပါယ်က ငါ heart ထိတယ်၊ ခံစားရတယ်။
It was quite a touching story.
တကယ့် စိတ်ထိခိုက်စရာ ဇာတ်လမ်းလေးပါ။
(touching ကို moving လို adjective ပုံစံ သုံးထားတာ။)
ကဲ...ဒါဆိုရင် နောက်တစ်ခါ သူများက I was moved. တို့ It touched me. တို့ သုံးတာတွေ့ရင် Heart ထိတယ်လို့ ဆိုလိုတာကို သိပြီပေါ့နော်။
With love,
Dr.Soe Than
November 20, 2017
Comments
Post a Comment