My Papa’s Waltz ( THEODORE ROETHKE) translated by Dr.Soe Than
My Papa’s Waltz
BY THEODORE ROETHKEအဖေနဲ့ ကခဲ့တုန်းက
The whiskey on your breath
Could make a small boy dizzy;
But I hung on like death:
Such waltzing was not easy.
အဖေ့ပါးစပ်က ဝီစကီအနံ့
သားကို ခေါင်းမူးစေပေမဲ့
အဖေ့ကို အသေတွယ်ကပ်ထားခဲ့
ဒီလို ဝေါ့ဇ်အက ခက်မှခက်။
We romped until the pans
Slid from the kitchen shelf;
My mother’s countenance
Could not unfrown itself.
ကျွန်တော်တို့ ကခုန်မြူးကြွတာ
မီးဖိုစင်ပေါ်က ဒယ်အိုးတွေပြုတ်ကျ
အမေ့ရဲ့မျက်နှာထား
တင်းမာလိုက်တာဗျ။
The hand that held my wrist
Was battered on one knuckle;
At every step you missed
My right ear scraped a buckle.
ကျွန်တော့်လက်ကို ကိုင်ထားတဲ့ အဖေ့လက်
လက်ဆစ်တစ်ခုကြေနေတယ်
အဖေ ခြေလှမ်းတစ်ချက်မှားတိုင်း
ကျွန်တော့် ညာဖက်နားရွက် ခါးပတ်ခေါင်းနဲ့ ခြစ်မိတယ်။
You beat time on my head
With a palm caked hard by dirt,
Then waltzed me off to bed
Still clinging to your shirt.
ကျွန်တော့်ခေါင်းကို ပုတ်ပြီး စည်းဝါးလိုက်တဲ့
အဖေ့လက်ဖဝါး ရွံ့ချေးတွေနဲ့ အသားမာတက်
ဒီလိုနဲ့ အဖေနဲ့ကပြီး အိပ်ရာသို့အရောက်
အဖေ့ အင်္ကျီကို ကျွန်တော် တွဲလဲခိုလျှက်။
Translation: ST
Theodore Roethke ရဲ့ နာမည်ကျော်ကဗျာ အဖေ့ကိုလွမ်း၍ ဘာသာပြန်သည်။
Comments
Post a Comment