ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ (လွင်သန်း) translated by Dr.Soe Than
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ
ကျန်းမာရေး မကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေဝသမကောင်းလို့ ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလဲလှုပ်လှုပ်
မြင်းကလဲလှုပ်လှုပ်
ပြုတ်ကျသွားချင်လဲသွား
ဒုက္ခဆိုတာ သစ္စာတရား
ကျွန်တော့်ရဲမိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား
ရေပြင်ရဲ့ မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကိုသနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး
ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်
ရော့ခ်အင်ရိုးလ်တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်
သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်းလုံး ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်
ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့။
-------------
လှသန်း
My slippers are my fortress.
Because of ill health,
A meager income and
A bad weather, amid such hardships,
I have to be careful with my slipper straps.
The saddle is shaky,
So is the horse;
I might fall off, I know.
Suffering is truth.
Such are my follies;
Will this world view them favorably?
I hate the wiles of the sea.
I pity the fish caught in the net.
Is there such a thing as a prey looking for a trap?
Happiness is never conceived in a cage.
I've wasted away life like a gas-guzzler sport car.
I want to be useful like an ambulance now.
I've listened to the golden era of rock 'n' roll.
I look forward to a transparent society.
I've tied poetry to my life.
My friend, in this story,
has any villain died yet?
Good folks have faced enough trouble.
If I were to lose my life,
I'd like to leave a good name behind.
I'm already standing on the edge of a cliff -
Don't you push me from behind.
Translation: Soe Than
Comments
Post a Comment