အတိုကောက်သုံးကြတဲ့စကားလုံးလေးတွေ (၁) (HZH)
အတိုကောက်သုံးကြတဲ့စကားလုံးလေးတွေ (၁)
e.g. - တစ်ခုခုကို ဥပမာပေးဖို့ e.g. ဆိုပြီး အတိုရေးကြပါတယ်။ e.g. ရဲ့ အရှည်က exampli gratia ဖြစ်ပြီး "example given" လို့ အဓိပ္ပါယ်ရပါတယ်။
etc - etc ကိုတော့ တစ်ခု၊ နှစ်ခု၊ သုံးခု စသဖြင့် စာရင်းပြုဖော်ပြလာပြီး များလာတဲ့အခါ ဆက်မရေးဘဲ etc လို့ အဆုံးသတ်ဖော်ပြကြပါတယ်။ etc ရဲ့ အရှည်ကတော့ etcetera ဖြစ်ပြီးတော့ "and other things" လို့ အဓိပ္ပါယ်ရပါတယ်။
i.e. - i.e. ရဲ့ အရှည်က "id est" ဖြစ်ပြီး "that is" လို့ အဓိပ္ပါယ် ရပါတယ်။
n.b. - စာနဲ့ဆက်သွယ်ပြောဆိုရာမှာ နောက်ဆုံးအဆုံးသတ်မှာ n.b. လို့ ထည့်ရေးထာတာက ပိုပြီး အာရုံစိုက်ဖတ်စေချင်တဲ့ အရာပါ။ သူရဲ့ အရှည်က "nota bene" ဖြစ်ပြီးတော့ "take notice သို့မဟုတ် note well" လို့ အဓိပ္ပါယ်ရပါတယ်။
P.S. - ပေးစာတို့၊ အီးမေးလ်တို့ရဲ့ အဆုံးမှာ P.S. ဆိုတာကို ထည့်ရေးထားရင်တော့ ထပ်ပြီးပြောချင်တဲ့အရာ၊ ထပ်ထည့်ပြောချင်တဲ့စိတ်ကူးတွေကို ရေးထားတာပါ။ P.S. ရဲ့ အရှည်က post script ဖြစ်ပြီးတော့ "written after" လို့ အဓိပ္ပါယ်ရပါတယ်။
viz - viz ရဲ့အရှည်ကတော့ "videlicet" ဖြစ်ပြီးတော့ သူကတော့ namely လို့ အဓိပ္ပါယ်ရပါတယ်။
Thx
HZH
Ref:
abbreviations.yourdictionary.com
Comments
Post a Comment