Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၃) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၃)

1. I want you to wash my car down.
ငါ့ကားကို အပေါ်အောက် နှံ့အောင်ဆေးပေးစေချင်တယ်။
2. Don’t forget to switch the lights off when you go out.
မင်း အပြင်ထွက်ရင် မီးတွေမှိတ်ဖို့ မမေ့နဲ့ဦးနော်။
3. I've seen the light!
ငါ သဘောပေါက်ပြီ၊ နားလည်သွားပြီ။
4. Her son is the light of her life.
သူ့သားက သူ့ဘဝမှာ အချစ်ဆုံးသူပဲလေ။
5. Traffic is lighter before 8 a.m.
မနက်(၈)နာရီမထိုးခင်ဆို ကားတွေ သိပ်မပိတ်သေးဘူး။
6. She is wearing only light make-up.
သူ မိတ်ကပ်ပါးပါးလေး လူးထားတယ်။
7. Her voice is light and pleasant.
သူ့အသံလေးက တိုးတိုးလေးနဲ့ နားထောင်ကောင်းတယ်။
8. I had a light lunch in town.
မြို့ထဲမှာ နေ့လယ်စာ နည်းနည်းစားခဲ့တယ်။
9. He's a light eater.
သူက အစားနည်းတယ်။
10. A light rain has begun to fall.
မိုးဖွဲလေး စကျလာပြီ။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)