Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၈) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၈)

1. Is your arm very painful?
လက်မောင်းက တအားနာနေလား။
2. The pain is getting worse.
နာတာက ပိုဆိုးလာနေတယ်။
3. I’ve only got one pair of hands.
အလုပ်တအားများနေလို့ နောက်ထပ်ဘာမှ ထပ်မလုပ်နိုင်တော့ဘူး။
4. You’ll read about it in tomorrow’s papers.
အဲ့ဒီအကြောင်းကို မနက်ဖြန်ထွက်မယ့်သတင်းစာတွေမှာ မင်း ဖတ်ရမယ်။
5. It’s a nice idea on paper, but you’ll never get it to work.
သဘောတရားရေးအရတော့ ကောင်းတဲ့အကြံပါပဲ၊ ဒါပေမယ့် တကယ်လက်တွေ့မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။
6. The market is a shopper’s paradise.
ဈေးကတော့ ဝယ်သူအကြိုက်နေရာမျိုးဟေ့၊ လိုတာ အားလုံးရှိတယ်။
7. Let’s go for a walk in the park.
ပန်းခြံထဲမှာ လမ်းလျှောက်သွားကြစို့။
8. The room is part sitting room, part bedroom
အခန်းက ဧည့်ခန်းရော၊ အိပ်ခန်းရော ပါတယ်။
9. Can you pass me that bag by your feet?
မင်းရဲ့ခြေထောက်နားက အဲ့အိတ်လေး ငါ့ကို လှမ်းပေးပါဦး။
10.I haven’t passed my driving test yet.
ငါ ယာဥ်မောင်းလိုင်စဥ်စာမေးပွဲ ခုထိ မအောင်သေးဘူး။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)