လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၈) (HZH)

Defining Relative Clause & Non-defining Relative Clause


✔ Defining relative clauses identify who or what we are talking about and are an essential part of the meaning of a sentence.
Defining relative clause က ကျွန်တော်တို့ပြောတဲ့ အကြောင်းအရာ (သို့) လူကို သတ်မှတ်ဖော်ပြတာဖြစ်ပြီး ဝါကျတစ်ကြောင်းလုံးကို အဓိပ္ပါယ်ပြည့်ဝစေဖို့ စာကြောင်းရဲ့ မဖြစ်မနေပါရမယ့်အပိုင်းဖြစ်ပါတယ်။


👉နောက် Defining clause မှာ comma (, ) မလိုပါဘူး။
👉နောက် Defining relative clause မှာ who တို့ which တို့နေရာမှာ that လည်း သုံးနိုင်ပါတယ်။

e.g. He looks just like that man who/that advertises Premier Coffee on the telly.
သူက ရုပ်မြင်သံကြားမှာ ပရီမီယာကော်ဖီ ကြော်ငြာတဲ့သူနဲ့ တူတယ်။

This is the actual pen which/that is used to sign the historic agreement.
ဒါက သမိုင်းဝင်စာချုပ်ကို လက်မှတ်ရေးထိုးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ ဘောပင်အစစ်ပဲ။


The house whose doors are shuttered is rumoured to be haunted!
တံခါးပိတ်ထားတဲ့အိမ်ကြီးက သရဲခြောက်တယ်လို့ ပြောနေကြတယ်။ (အိမ်တွေအများကြီးရှိတယ်၊ အဲ့တာကြောင့် တံခါးပိတ်ထားတဲ့အိမ်လို့ ပြောရတာ၊ အဲ့တာမပါလို့မရဘူး)


Defining relative clauses မှာ ကိုယ်ညွှန်းတဲ့အရာက စာကြောင်းရဲ့ object ဖြစ်နေရင် relative pronoun (which/who/that) ကို ဖြုတ်ခဲ့လို့ရတယ်။
e.g. The thing (which/that) I bought yesterday is a diamond ring.


🚩Non-defining relative clauses add extra information which is not essential to our understanding of who or what is being spoken about.

Non-defining relative clauses တွေက ကိုယ်ပြောနေတဲ့သူ (သို့) အကြောင်းအရာကို နားလည်စေဖို့ မပါမဖြစ်ပါရမယ့် အရာမဟုတ်ဘူး။ အပိုထပ်ပြောတာ။ အဲ့တာမပါလည်း စာကြောင်းက အဓိပ္ပါယ်ရှိတယ်၊ ပြည့်စုံတယ်။


👉 Non-defining clause မှာ that လုံးဝသုံးမရဘူး၊ နောက် relative pronoun တွေ ချန်ခဲ့လို့မရဘူး။
👉 Comma ကို relative clauses အစမှရော အနောက်မှာရော ထည့်ပေးရတယ်။

e.g. My father, who died last year, outlived my mother by sixteen years.
ကျွန်တော့်ဖေဖေ (အရင်နှစ်ကဆုံးသွားခဲ့တာ) မေမေထက် (၁၆) နှစ်ကြာအသက်ရှည်ခဲ့တယ်။


#Comma (,) တစ်ချက်ကြောင့် အထင်လွဲစရာတွေဖြစ်နိုင်။
ဒါကတော့ ကျွန်တော်တို့ fourth year ELT ချိန်မှာ ဆရာက သင်ပေးတော့ ဟာသပြောခဲ့တာလေးပါ။

ခုနကစာကြောင်းမှာ comma မေ့ခဲ့တယ်ဆိုပါစို့။

My father who died last year outlived my mother by sixteen years.
မနှစ်ကဆုံးသွားတဲ့ ကျွန်တော့်အဖေက မေမေ့ထက် (၁၆)နှစ်ကြာ ပိုနေခဲ့ရတယ်။

မနှစ်ကဆုံးသွားတဲ့အဖေဆိုတော့ အဖေဘယ်နှယောက်ရှိပါလိမ့်နော်။ Comma တစ်ချက်က တကယ်ကိုတာပါတယ်။

My brother who finished university this summer has got married now.
ဒီနှစ်နွေမှာ ကျောင်းပြီးသွားတဲ့ ကျွန်တော့်အစ်ကို ခုလက်ထပ်သွားပြီ၊ (အစ်ကိုတွေထဲက ဒီနှစ်နွေမှာ ကျောင်းပြီးသွားတဲ့အစ်ကို)

My brother, who finished university this summer, has gotmarried now.
ကျွန်တော့်အစ်ကို (ဒီနှစ်နွေမှာကျောင်းပြီးသွားတာလေ) အခုလက်ထပ်လိုက်ပြီ။ , နောက်က မပါလည်း ရတယ်။

He gave me the letter, which is in blue envelope.
သူကကျွန်တော့်ကိုစာပေးခဲ့တယ် (အပြာရောင်စာအိတ်ထဲမှာရှိတာလေ)

*စာကတစ်စောင်ပဲရှိ၊ မှားစရာမလို၊ ခွဲပြောစရာမလို။

He gave me the letter which/that was in a blue envelope.
သူက အပြာရောင်စာအိတ်ထဲကစာကို ကျွန်တော့်ကို ပေးခဲ့တယ်။

*တခြားစာအိတ်တွေမဟုတ်ဘူး၊ အပြာရောင်စာအိတ်ထဲကစာ။

နောက်ပြီး non-defining clause မှာ
တစ်ကြောင်းလုံးကို ညွှန်းချင်ရင် which သုံးရပါတယ်။


e.g. He has nothing to say, which is usual for him.
သူ့မှာဘာမှပြောစရာမရှိဘူး။ (အဲ့တာ သူ့ထုံးစံပဲလေ)


Thx
Apply them.
HZH

Ref:
Unit 53
Advanced Grammar in Use



Comments

  1. What is the slot machine? - Dr.MCD
    In the casino game, a dealer rolls a 양주 출장마사지 card 과천 출장안마 and 김제 출장마사지 puts it 경상북도 출장샵 into your pocket. There are four suits, including spades, hearts, diamonds, clubs, and 당진 출장샵 spades.

    ReplyDelete

Post a Comment

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)