HOW TO BECOME A BETTER YOU EVERY DAY (Dr. Soe Than)

HOW TO BECOME A BETTER YOU EVERY DAY
မိမိကိုယ်ကို နေ့စဥ်ပိုမိုတိုးတက်လာစေဖို့


1. Become more observant. Notice everything that surrounds you. The world is full of examples, ideas, words, wisdom, mistakes and experiences.

ပိုပြီးမြင်တတ်အောင်ကြည့်ပါ။ မိမိရဲ့ပတ်ဝန်းကျင်က အရာအားလုံးကို သတိထားကြည့်ပါ။ လောကကြီးမှာ နမူနာတွေ၊ စိတ်ကူးစိတ်သန်းတွေ၊ စကားလုံးတွေ၊ အမှားတွေ၊ အတွေ့အကြုံတွေနဲ့ အပြည့်ပါပဲ။


2. Collect ideas. Ideas and thoughts tend to evaporate from your mind too fast. Try to capture them before it is too late. ldeally, write down or sketch every single one.

စိတ်ကူး အကြံအစည်တွေကို စုပါ။ စိတ်ကူးတွေ ထင်မြင်ချက်တွေဟာ သင့်ရဲ့စိတ်ထဲကနေ ခပ်မြန်မြန်ပဲ ပျောက်ပျက်သွားတတ်တယ်။ အဲဒါတွေကို အချိန်မီ အမိအရဖမ်းလိုက်နိုင်ဖို့လိုတယ်။ ကောင်းတာက အတွေးစိတ်ကူးတစ်ခုကို ချရေး သို့မဟုတ် ပုံကြမ်းလေးခြစ်ထားလိုက်ပါ။


3. Read. Read a lot. Reading is probably the best investment of time ever. Devote at least 30 minutes per day to reading. Ideally, have a book always with you.

စာကို များများသာဖတ်။ စာဖတ်ခြင်းဟာ အချိန်ကိုအကောင်းဆုံး ရင်းနှီးမြှုပ်နှံလိုက်တာပါပဲ။ တစ်နေ့ကို အနည်းဆုံး နာရီဝက်ရအောင် စာဖတ်ပါ။ ကိုယ်နဲ့မကွာ စာအုပ်တစ်အုပ် အမြဲရှိနေသင့်တယ်။


4. Analyze your day. Before going to bed, spend 10 minutes analyzing your day. Consider what things you managed to do well and what mistakes you made.

မိမိရဲ့တစ်နေ့တာကို ပြန်လည်သုံးသပ်ပါ။ အိပ်ရာမဝင်ခင် ဆယ်မိနစ်ခန့် ကြာအောင် ပြန်စဉ်းစားကြည့်ပါ။ ဘာတွေကို ကောင်းအောင်လုပ်ခဲ့နိုင်ပြီး ဘာအမှားတွေလုပ်မိခဲ့သလဲ ပြန်သုံးသပ်ပါ။


5. Start writing. The biggest value of a good writing skill is

that it cultivates a discipline. First of all, the discipline of

thinking. Your thoughts will cease to be random and

chaotic. They will gradually become systematic and

structured instead.

စာရေးတဲ့ အကျင့်ကို စလုပ်ပါ။ စာအရေးအသားကောင်းအောင်လေ့ကျင့်ခြင်းရဲ့ အကြီးမားဆုံးအကျိုးကတော့ စည်းကမ်းပိုရှိလာစေခြင်းပဲဖြစ်တယ်။ ပထမဆုံးက စည်းကမ်းနဲ့စနစ်တကျ တွေးခေါ်တတ်လာခြင်းပဲ။ ကိုယ့်ရဲ့ အတွေးတွေဟာ တောင်စဉ်ရေမရ ပရမ်းပတာတွေဖြစ်မနေတော့ဘူး။ တဖြည်းဖြည်းနဲ့ စနစ်ကျလာပြီး အဆီအငေါ်တည့်စွာ စပ်ဟပ်ဖွဲ့စည်းမှုကောင်းလာမှာဖြစ်တယ်။ 


(Online reading ဖတ်ရင်း မှတ်ထားခဲ့သည့်မှတ်စုများမှ လူငယ်များဖတ်စေချင်သည်များကို ထုတ်နုတ်ပြန်ဆိုပါသည်။)

With love,

Dr.Soe Than

September 23, 2020

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)