လေ့လာမိသောအင်္ဂလိပ်စာအပိုင်းအစများ (၁၀) (HZH)
လေ့လာမိသောအင်္ဂလိပ်စာအပိုင်းအစများ (၁၀)
Used to (do)
something used to happen = it
happened regularly in the past, but no longer happens.
အတိတ်ကာလမှာ ပုံမှန်ဖြစ်ခဲ့၊
ပုံမှန်လုပ်ခဲ့ပြီးတော့ အခုလက်ရှိမှာ ထပ်မဖြစ်တော့တဲ့၊ ထပ်မလုပ်ဖြစ်တော့တဲ့
အရာမျိုးကို ဖော်ပြပြောဆိုဖို့ used to (do) ဆိုတဲ့ပုံစံကို သုံးရပါတယ်။
I used to play football a lot,
but I don’t play very often now.
ကျွန်တော်အရင်က
ဘော်လုံးတအားကစားခဲ့တာ၊ ဒါပေမယ့် အခုတော့ သိပ်မကစားဖြစ်တော့ဘူး။
‘Do you go to the cinema much?’
ရုပ်ရှင်တအားသွားကြည့်ဖြစ်လား။
‘Not now, but I used to.’
အခုတော့မသွားဖြစ်ဘူး၊ အရင်ကတော့
တအားသွားဖြစ်တယ်။
‘အရင်ကတော့မှန်တယ်၊ အခုတော့
ဆက်ပြီးမမှန်တော့တဲ့တစ်ခုခုအကြောင်း’ ကို ဖော်ပြပြောဆိုဖို့အတွက်လည်း used to (do)
ကို သုံးရပါတယ်။
This building is now a
furniture shop. It used to be a cinema.
ဒီအဆောက်အဦးက အခု ပရိဘောဂဆိုင်ဖြစ်နေပြီ၊
အရင်ကတော့ ရုပ်ရှင်ရုံတစ်ရုံပါ။
I used to think Mon Mon was
unfriendly, but now I realize she’s a very nice person.
မွန်မွန့်ကို အရင်က
မဖော်ရွေဘူးလို့ ထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ သူ(မ)က တကယ်ကို ဖော်ရွေတဲ့သူပါ။
I’ve started drinking tea
recently. I never used to like it before.
ကျွန်တော် လက်ဖက်ရည်စသောက်နေပြီ၊
အရင်က လုံးဝမကြိုက်ခဲ့တာ။
အရင်ကလုပ်ခဲ့တာတွေကို used to
(do) နဲ့ဖော်ပြတဲ့အတွက် ‘အခုလုပ်နေတဲ့အရာတွေကို ဖော်ပြဖို့’ use to (do) ကို
သုံးလို့မရပါ။ used to (do) မှာ present form မရှိပါ။
‘အခုလုပ်နေတဲ့အရာတွေကို
ဖော်ပြဖို့’ ဆိုရင် simple present ကို သုံးရပါတယ်။
ယှဉ်ကြည့်ရအောင်ပါ။
There used to be two cinemas in
our town. Now there is only one.
အရင်က တို့မြို့မှာ ရုပ်ရှင်ရုံ
(၄) ရုံ ရှိခဲ့တာ၊ အခုတော့ တစ်ခုပဲရှိတော့တယ်။
We used to live in a small
village, but now we live in a town.
ငါတို့ အရင်က ရွာသေးသေးလေးမှာ နေကြတာ၊ အခုတော့
မြို့မှာ နေကြတယ်။
မေးခွန်းပုံစံပြောင်းမယ်ဆို did
(you) use to .....? လို့ ပြောင်းရပါတယ်။
Did you use to eat a lot of
sweets when you were a child?
မင်းကလေးတုန်းက
သကြားလုံးတွေအများကြီး စားသလား။
အငြင်းပုံစံပြောင်းမယ်ဆိုရင်တော့
you didn’t use to ...... လို့ ပြောင်းရတယ်၊ used not to (do) ပုံစံနဲ့လည်း
အငြင်းကို ဖော်ပြလို့ ရပါတယ်။
I didn’t use to like him. (I
used not like him.)
ငါ့ သူ့ကို အရင်က သဘောမကျခဲ့ဘူး။
ပြန်ချုပ်ရမယ်ဆိုရင် ‘အတိတ်မှာ
ပုံမှန်လုပ်ဖြစ်ခဲ့ပြီး လက်ရှိမှာ ဆက်မလုပ်ဖြစ်တော့တဲ့အရာကို ဖော်ပြပြောဆိုဖို့
used to (do) ကို သုံးရပါတယ်’။
Apply it.
Thx
HZH
Ref:
Unit 18
Comments
Post a Comment