လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၁) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၁)

Be used to/get used to something

I am used to something = it is not new or strange for me.

တစ်ခုခုဟာကိုယ့်အတွက် အသစ်မဟုတ်ဘူး၊ ရင်းနှီးပြီးသား၊ အသားကျပြီးသားဆိုရင် I am used to something နဲ့ ဖော်ပြပြောဆိုနိုင်တယ်။

Ko Maung lives alone. He doesn’t mind this because he has lived alone for 15 years. It is not strange for him. He is used to living alone.

ကိုမောင်က တစ်ယောက်တည်းနေတယ်၊ ဒီလိုနေလာတာ ၁၅ နှစ်ရှိပြီဖြစ်လို့ သူ့မှာ ဘာပြဿနာမှ မရှိဘူး၊ သူ့အတွက် မထူးဆန်းတော့ဘူး၊ သူတစ်ယောက်တည်းနေတာကို အသားကျနေပြီ။ အကျင့်ဖြစ်နေပြီ။

I bought some new shoes. They felt a bit strange at first because I wasn’t used to them.

ငါ ဖိနပ်အသစ်ဝယ်လာတာ၊ ငါ အသားမကျသေးလို့ အစက သူတို့ကို စီးရတာ နည်းနည်းဆန်းနေတယ်။

အစက အံဝင်ခွင်ကျမဖြစ်၊ အသားတကျမဖြစ်၊ ထူးဆန်းသလိုဖြစ်နေပေမယ့် လေ့ကျင့်ယူလို့ပဲဖြစ်ဖြစ်၊ လုပ်ပါများလာလို့ပဲဖြစ်ဖြစ် တဖြည်းဖြည်း အသားကျလာတယ်၊ အံဝင်လာတယ်၊ မထူးဆန်းတော့ဘူးဆိုရင် get used to something နဲ့ ဖော်ပြပြောဆိုနိုင်တယ်။

Our new flat is on a very busy street. I expect I’ll get used to the noise, but at the moment it’s very disturbing.

တို့ရဲ့တိုက်ခန်းအသစ်က လူသွားလူလာများတဲ့၊ ယာဉ်သွားယာဉ်လာများတဲ့လမ်းနားမှာလေ၊ တဖြည်းဖြည်းနဲ့တော့ ဆူညံသံတွေနဲ့ အသားကျလာမယ်လို့ မျှော်လင့်ပါတယ်၊ လောလောဆယ်တော့ တော်တော်ကို အနှောက်အယှက် ဖြစ်စေတယ်။

Be/get used to ရဲ့နောက်မှာ ‘Noun/ Noun phrase/ Gerund’ တို့ကိုပဲ သုံးရတယ်။ Verb infinitive သုံးလို့ မရပါ။

ဒီနေရာမှာ used to + Verb infinitive ပုံစံနဲ့ လွဲနိုင်တာမို့ ယှဉ်ကြည့်ရအောင်ပါ။

used to do something  vs be/get used to something

used to do something က ‘အတိတ်မှာ ထပ်တလဲလဲလုပ်ခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာ မလုပ်တော့တဲ့အရာ’ ကို ဖော်ပြပြောဆိုဖို့အတွက် သုံးတာဖြစ်ပါတယ်။

When I was young, I used to play hide-and-go-seek.

ကျွန်တော် ငယ်ငယ်တုန်းက တူ့တူပုန်းတမ်း ကစားတယ်။ (ကြီးမှတော့ မကစားဖြစ်တော့)

used to ရဲ့နောက်မှာက verb infinitive ပဲသုံးရတယ်။

‘be/get used to something’ ကိုတော့ ‘တစ်ခုခုနဲ့အသားကျနေပြီ၊ မထူးဆန်းဘူး၊ စိမ်းမနေဘူး၊ တစ်ခုခုနဲ့ အသားကျလာပြီ၊ မထူးဆန်းတော့ဘူး၊ စိမ်းမနေတော့ဘူး’ ဆိုတာကို ဖော်ပြပြောဆိုဖို့အတွက် သုံးပါတယ်။ သူရဲ့နောက်မှာက verb infinitive မသုံးရပါ။ Noun/ Noun phrase/ gerund သုံးရပါတယ်။

I’m used to getting up early.

အိပ်ရာစောစောထတာက ငါလုပ်နေကျပဲ၊ အသားကျပြီးသား။

I am getting used to going to bed late.

နောက်ကျမှ အိပ်ရာဝင်တာကို ငါ တဖြည်းဖြည်းအသားကျလာပါပြီ။

 

Apply them.

Thx

HZH

Ref:

Unit 61

English Grammar in Use by Raymond Murphy



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)