လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၅) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၅)

Emphasis with ‘it’, ‘what’

We can emphasise a part of a sentence by using the structure ‘It is/was......... that’.

‘It is/was .......... that’ ဆိုတဲ့ပုံစံကို သုံးပြီး စာကြောင်းမှာ ကိုယ်အထူးပြုပြောချင်တဲ့ အပိုင်းတစ်ခုကို အထူးပြုနိုင်တယ်။

The secretary sent Ko Min the photos yesterday.

မနေ့က အတွင်းရေးမှူးက ကိုမင်းကို ဓာတ်ပုံတွေ ပို့ပေးတယ်။

အဲ့တာကို ပို့ပေးတဲ့သူ the secretary ကို အထူးပြုချင်ရင် -

It was the secretary who/that sent Ko Min the photos yesterday. (not the boss)

မနေ့က ကိုမင်းကို ဓာတ်ပုံတွေပို့ပေးခဲ့သူက အတွင်းရေးမှူးဖြစ်တယ်၊ (သူဌေးမဟုတ်ဘူး)

Ko Min ကို အထူးပြုချင်ရင် -

It was Ko Min that the secretary sent the photos yesterday. (not Ko Lin)

မနေ့က အတွင်းရေးမှူးက ဓာတ်ပုံတွေကို ပို့ပေးသူမှာ ကိုမင်းဖြစ်တယ်။ (ကိုလင်းမဟုတ်ဘူး)

the photos ကို အထူးပြုချင်ရင် -

It was the photos that the secretary sent Ko Min yesterday. (not the drawings)

မနေ့က အတွင်းရေးမှူးက ကိုမင်းကို ပို့ပေးခဲ့တာတွေက ဓာတ်ပုံတွေ ဖြစ်တယ်။ (ပန်းချီပုံတွေမဟုတ်ဘူး)

yesterday ကို အထူးပြုချင်ရင် -

It was yesterday that the secretary sent Ko Min the photos. (not last week)

အတွင်းရေးမှူးက ကိုမင်းကို ဓာတ်ပုံတွေ ပို့ပေးခဲ့တာ မနေ့က ဖြစ်တယ်။ (အရင်တပတ်ကမဟုတ်ဘူး)

‘It is/was ရဲ့နောက်မှာ pronoun သုံးတဲ့အခါမှာ formal style နဲ့ informal style ကွာခြားချက်ရှိပါတယ်။’

It is I who am responsible. (formal)

It’s me that’s responsible. (informal)

တာဝန်ရှိသူမှာ ကျွန်တော်ဖြစ်သည်။

It is you who are in the wrong. (formal)

It’s you that’s in the wrong. (informal)

အမှားလုပ်တဲ့သူက မင်းမှမင်းပဲ။

Another way of emphasising is to use a structure with what (= the thing(s) that).

နောက်ထပ်အထူးပြုပြီးဖော်ပြနိုင်တဲ့နည်းလမ်းကတော့ what ကိုသုံးပြီး အထူးပြုနိုင်ပါတယ်။

The wind keeps me awake.

လေက ကျွန်ုပ်ကို နိုးကြားစေသည်။

What keeps me awake is the wind.

ကျွန်ုပ်ကို နိုးကြားစေသည့်အရာမှာ လေ ဖြစ်သည်။

I need a change.

ကျွန်ုပ် ပြောင်းလဲမှု လိုအပ်သည်။

What I need is a change.

ကျွန်ုပ်လိုအပ်သည့်အရာမှာ ပြောင်းလဲမှု ဖြစ်သည်။

We can use ‘all(that)’ (meaning  ‘the only thing that’) in the same way as ‘what’.

‘what’ ကဲ့သို့ အထူးပြုဖော်ပြနိုင်သည့် နောက်ပုံစံတမျိုးကတော့ ‘all (that)’ ဖြစ်ပါတယ်၊ ‘တစ်ခုတည်းသောအရာ’ လို့ အဓိပ္ပါယ်ရပါတယ်။

All I need is a home somewhere.

ငါ လိုအပ်တဲ့ တစ်ခုတည်းသောအရာက တနေရာရာမှာ အိမ်လေးတစ်လုံးပါပဲ။

ကိုယ်အထူးပြုဖော်ပြချင်တဲ့အရာကို ‘It is/was.... that’ , what, all (that)’ ပုံစံတို့ကို အသုံးပြုပြီး ဖော်ပြနိုင်ပါတယ်။

 

Apply them.

Thx

HZH

Ref:

Page 234 & 235

How English Works

by Michael Swan & Catherine Walter



 

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)