လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၃) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၃)

had better

I’d better do something = it is advisible to do it. If I don’t do it, there will be a problem or a  danger.

I’d better do something ဆိုတာ တစ်ခုခုလုပ်သင့်ပြီလို့ အကြံပေးတာ ဖြစ်ပါတယ်။ တကယ်လို့ မလုပ်ရင် ပြဿနာတစ်စုံတစ်ရာ၊ အန္တရာယ်တစ်စုံတစ်ခု ဖြစ်လာမယ်လို့ ပြောဆိုဖော်ပြဖို့ သုံးပါတယ်။ ဆိုလိုတာက တစ်ခုခုကို အရေးတကြီးပဲ လုပ်သင့်နေပြီလို့ ဆိုလိုတာပါ။

I had to meet Su Su in ten minutes. စုစုကို ၁၀ မိနစ်အတွင်း တွေ့ရမယ်။

I’d better go now or I’ll be late. ငါအခုသွားသင့်ပြီ၊ မဟုတ်ရင် နောက်ကျတော့မယ်။

ဖော်ပြထားတဲ့အတိုင်းပဲ တစ်ခုခုကို အခုလုပ်ရင်လုပ်၊ မလုပ်ရင် နောက်ကျတော့မယ်။ ဒါကြောင့် အမြန်လုပ်သင့်တယ်လို့ ပြောတာဖြစ်ပါတယ်။

We’d better stop for petrol soon. ဓာတ်ဆီဖြည့်ဖို့ မကြာခင် ငါတို့ ရပ်သင့်ပြီ။

The tank is almost empty. ဓာတ်ဆီကန်က ကုန်ခါနီးနေပြီ။

ဆီက ကုန်ခါနီးနေပြီမို့ မြန်မြန်ဆီထည့်သင့်ပြီလို့ အကြံပေးတာ ဖြစ်ပါတယ်။

I had better = I’d better ကို အငြင်းပုံစံနဲ့ ရေးမယ်ဆို I had better not = I’d better not လို့ ရေးရပါတယ်။

You don’t look very well. မင်း ကြည့်ရတာ သိပ်နေလို့မကောင်းနေတဲ့ပုံပဲ။

You’d better not go to work today. မင်း ဒီနေ့ အလုပ်မသွားသင့်ဘူး။

had better vs should

Had better က should နဲ့ဆင်တူပေမယ့် လုံးဝတော့ ထပ်တူမကျပါဘူး။

We use ‘had better’ only for a specific situation.

had better ကို “အသေးစိတ်တိကျတဲ့ အခြေအနေတွေ” မှာ သုံးရပါတယ်။ ဆိုလိုတာက အစမှာ ရေးခဲ့သလို အခြေအနေတစ်ခုမှာ အရေးတကြီးလုပ်သင့်တဲ့၊ မလုပ်ရင် တခြားတစ်ခုခုဖြစ်မှာမို့ မဖြစ်မနေ လတ်တလော လုပ်သင့်တဲ့အရာကို ဖော်ပြပြောဆိုရာမှာ သုံးပါတယ်။

It’s late. နောက်ကျနေပြီ။

You’d better go. / You should go. မင်းသွားသင့်ပြီ။

should ကတော့ အပေါ်ကလို အသေးစိတ်အခြေအနေမှာရော၊ ယေဘုယျအခြေအနေမှာရော သုံးနိုင်ပါတယ်။

You’re always at home. အမြဲတမ်း မင်းကတော့ အိမ်မှာပဲ။

You should go out more often. မကြာမကြာ အပြင်ထွက်သင့်တယ်နော်။ (အခုချက်ချင်းလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်)

အထူးသဖြင့်  had better ကို လတ်တလောမြန်မြန်လုပ်သင့်၊ မလုပ်ရင် မကောင်းတာတစ်ခုခု ဖြစ်နိုင်လို့ အကြံပေးရာမှာ သုံးပါတယ်။

should ကိုတော့ ‘ကောင်းတဲ့အရာတစ်ခုခုကို လုပ်ဖို့’ အကြံပေးရာမှာပဲ သုံးပါတယ်။

It’s a great film. You should go and see it.

ရုပ်ရှင်ကောင်းတစ်ကားပဲ၊ မင်း သွားကြည့်သင့်တယ်နော်။ (ရုပ်ရှင်ကကောင်းလို့ သွားကြည့်သင့်ကြောင်း အကြံပေးတာ)

Apply it. 

Thx

HZH

Ref:

Unit 35

English Grammar in Use by Raymond Murphy



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)